Thursday 20 November 2014

ပညာရေးဝန်ကြီးဌာန ဖွဲ့စည်းပုံ ပြင်ဆင်ပြောင်းလဲမည်

ပညာရေးဝန်ကြီးဌာန၏ ဖွဲ့စည်းပုံကို ပြင်ဆင်ပြောင်းလဲဖွဲ့ စည်းသွားရန် ဆောင်ရွက်နေ ကြောင်း သတင်း ရရှိသည်။

လက်ရှိ ပညာရေးဝန်ကြီး ဌာနလက်အောက်တွင် အဆင့် မြင့် ပညာဦးစီးဌာန( အထက် မြန်မာပြည်)၊ အဆင့်မြင့်ပညာဦးစီးဌာန( အောက်မြန်မာပြည်)၊ အမှတ်(၁)အခြေခံပညာဦးစီးဌာန အမှတ်(၂) အခြေခံ ပညာ ဦးစီး ဌာန၊ အမှတ်(၃)အခြေခံပညာဦး စီးဌာန၊ ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ မြန်မာ နိုင်ငံ စာစစ်ဦးစီးဌာန၊ မြန်မာနိုင်ငံပညာရေးသုတေသနအဖွဲ့ ဦးစီးဌာနနှင့် မြန်မာစာအဖွဲ့ဦးစီးဌာန စသည့်ဌာန ကိုးခု ရှိသည်။

ယင်းတို့အနက် အဆင့်မြင့် ပညာဦးစီးဌာနနှစ်ခုကို ဌာနတစ်ခုအဖြစ်လည်းကောင်း၊ အခြေခံပညာဦးစီးဌာန သုံးခုကို ဌာနတစ်ခုအဖြစ်လည်းကောင်း၊ ဖွဲ့စည်းပုံ ကို ချုံ့၍ နေပြည်တော်၌ ရုံးထိုင်သွားရန်ရှိကြောင်း နေပြည်တော်ဝန်ကြီးဌာန အသိုင်းအ၀ိုင်းနှင့် နီးစပ်သူအဆင့်မြင့်အရာရှိ တစ်ဦးက ပြောသည်။

‘‘ချုံ့တာရှိမယ် ဖွဲ့စည်းပုံ (Structure) ချိန်းတာရှိမယ်။ တိုး ချဲ့တာလည်း ရှိနိုင်တယ်’’ဟု ၎င်း က ဆိုသည်။

ထို့အပြင် ဆရာ၊ ဆရာမနှင့် ကျောင်းသားအင်အား များပြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင်လည်း ဒုတိယညွှန် ကြားရေးမှူးချုပ်များကို ရုံးထိုင် စေမည်ဖြစ်ပြီး ပညာရေးစီမံကိန်း နှင့် လေ့ကျင့်ရေး ဦးစီးဌာနကိုမူ အမည်ပြောင်းလဲ၍ မကြာမီ ဖွဲ့ စည်းမည့် အတွင်းဝန်ရုံး လက် အောက်တွင် ထားရှိနိုင်ဖွယ်ရှိ ကြောင်း သတင်းရရှိသည်။

‘‘ပညာရေးကောလိပ်တွေ ကိုတော့ ထပ်တိုးချဲ့တယ်ပေါ့’’ဟု နေပြည်တော်ဝန်ကြီးဌာနအသိုင်း အ၀ိုင်းနှင့် နီးစပ်သူတစ်ဦးက ဆို သည်။မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန နှင့် ပညာရေးသုတေသနအဖွဲ့ ဦး စီးဌာနများ၏ ဖွဲ့စည်းပုံကိုလည်း ဆက်လက်ထားရှိဖွယ်ရှိပြီး မြန်မာ စာအဖွဲ့ ဦးစီးဌာနကိုမူ တိုင်းရင်း သား ဘာသာစကား အားလုံးကို ကိုင်တွယ်ဆောင်ရွက်သွားနိုင်ရန်ဖွဲ့စည်းပုံ တိုးချဲ့သွားနိုင်ဖွယ်ရှိ ကြောင်း သတင်းရရှိသည်။

အမှတ်(၁)အခြေခံပညာ ဦးစီးဌာနမှ အဆင့်မြင့်အရာရှိတစ် ဦးက ‘‘ဦးစီးဌာနတွေကို ဖွဲ့စည်းပုံ ပြောင်းမယ် ဆိုတာက အခုက လုပ်နေတုန်းက အဲဒီလို အစီအစဉ် တော့ ရှိတယ်။ အသေအချာပြော လို့ မရသေးဘူး။ လာမယ့်ဒီဇင် ဘာလထဲမှာ ဆွေးနွေးဖို့ ရှိတယ်။ ပညာရေးရော၊ ကျန်းမာရေးရော၊  သမ္မတဆီတင်ရမှာ ဆို တော့ ဆွေးနွေးရဦးမှာ။ ဦးစီးဌာနတွေ ပေါင်း မလား၊ ခွဲမလားဆိုတာ မသိသေး တော့ အသေအချာ ပြောလို့ မရ သေးဘူး။ ဒီဇင်ဘာထဲမှာ ဆွေးေ နွးပြီးမှပဲ ပြောလို့ရမယ်’’ ဟု ပြော ကြားသည်။

ပညာရေးဝန်ကြီးဌာနကဲ့သို့ ပင် အခြားသော ၀န်ကြီးဌာနများ၏ ဖွဲ့စည်းပုံများ ပြင်ဆင်ဖွဲ့စည်းသွားရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။ လက်ရှိ အစိုးရအဖွဲ့လက်ထက်တွင် ၀န်ကြီးဌာနပေါင်း ၃၆ ခု ရှိသည်။

7Day DAILY

No comments:

Post a Comment