Thursday 20 November 2014

MH-17 လေယာဉ် အပျက်အစီးဓာတ်ပုံအသစ်များ ထပ်မံပေါ်ထွက်လာ

Photo: MH-17 လေယာဉ် အပျက်အစီးဓာတ်ပုံအသစ်များ ထပ်မံပေါ်ထွက်လာ
Thursday, November 20, 2014 

ခရီးသည် ၂၉၈ဦးတို့ အသက်ဆုံးရှုံးခဲ့ ရသည့် မလေးရှားလေယာဉ် MH-17 အတွင်း ပိုင်းအပျက်အစီးများကို တွေ့ရသည်ဆိုသော ဓာတ်ပုံအသစ်များ ပေါ်ထွက်လာရာ ရှာဖွေမှု များကို ဆက်လက်ပြုလုပ်နေသည်ဟု သိရ သည်။

ထိုလေယာဉ်သည် ယူကရိန်းဝေဟင် တွင် ဇူလိုင် ၁၇ရက်၌ပစ်ချခံခဲ့ရသည်။
ထိုလေယာဉ်ပစ်ချခံရမှုအတွက် Dutch Safety Board က စုံစမ်းစစ်ဆေးမှု ပြုလုပ် နေသည်။ လေယာဉ်အပျက်အစီးများကိုတွေ့ ရန် မျှော်လင့်ချက်ရှိသည်ဟု ထိုအဖွဲ့ကလွန်ခဲ့ သော ရက်အနည်းငယ်၌ ပြောကြားခဲ့သည်။

လေယာဉ်အပျက်အစီးများကိုရှာဖွေပြီး တွေ့ရှိရသောအပျက်အစီးများကို နယ်သာ လန်သို့ပို့ပေးရန် လေယာဉ်အပျက်အစီးများ ကိုလေယာဉ်ပစ်ချခံခဲ့ရသည့် နေရာဝန်းကျင် ၌တွေ့ရှိနိုင်မည်ဟု DSB က မျှော်လင့်ထား သည်။

လေယာဉ်အပျက်အစီးများကို ရှာဖွေ စုဆောင်းသည့်အလုပ်သည် ရက်အတန်ကြာ အချိန်ယူရမည်ဟု DSB က ဆိုသည်။ ရှာ ဖွေတွေ့ရှိသည့် အပျက်အစီးများကို ယူကရိန်း ရှိခါကော့ဗ်မြို့သို့ပို့ပြီး နောက်ဆုံးတွင် နယ် သာလန်သို့ပို့မည်ဟု သိရသည်။

ထိုလေယာဉ်၏ သေတ္တာနက်ကို အစော ပိုင်းကပင်တွေ့ရှိခဲ့ပြီး ယင်းကိုယူကေလေ ကြောင်း မတော်တဆမှု စုံစမ်းစစ်ဆေးရေး ဌာနခွဲ(AAIB) က စစ်ဆေးပြီးနောက်ြှီ သို့လွှဲပြောင်းပေးခဲ့သည်။ AAIB သည် ယူကေ၊ ဟမ်ရှိုင်းယားနယ်ရှိဖန်းဘိုရို မြို့တွင်ရှိသည်။

MH-17 သည် ဇူလိုင် ၁၇ရက် ဒေသ စံတော်ချိန် မွန်းလွဲ ၁နာရီ မိ နစ် ၂ဝအထိ ပုံမှန်အတိုင်း ပျံသန်းနေသည်ဆိုသည်ကို သေတ္တာနက်က ပြသည်ဟု စက်တင်ဘာလ ပဏာမ အစီရင်ခံစာတွင် ဖော်ပြထားသည်။

လေယာဉ်အပျက်အစီးများကို နေရာ အနှံ့အပြားတွင် မြေကြီးထဲသို့ စူးဝင်နေသည် ဟု DSB က ဆိုသည်။

လေယာဉ်ပျက်ကျ ပြီးနောက်တစ်နှစ်အကြာတွင် လေယာဉ် ပျက်ကျမှု စုံစမ်းစစ်ဆေးတွေ့ရှိချက်နှင့် လေယာဉ်ပျက်အစအနများတွေ့ရှိမှုအစီရင် ခံစာရေးသားပြီး ပုံနှိပ်ထုတ်ဝေမည်ဟု DSB က ဆိုသည်။

Ref: Daily Mail
Yangon Media Group
ခရီးသည် ၂၉၈ဦးတို့ အသက်ဆုံးရှုံးခဲ့ ရသည့် မလေးရှားလေယာဉ် MH-17 အတွင်း ပိုင်းအပျက်အစီးများကို တွေ့ရသည်ဆိုသော ဓာတ်ပုံအသစ်များ ပေါ်ထွက်လာရာ ရှာဖွေမှု များကို ဆက်လက်ပြုလုပ်နေသည်ဟု သိရ သည်။

ထိုလေယာဉ်သည် ယူကရိန်းဝေဟင် တွင် ဇူလိုင် ၁၇ရက်၌ပစ်ချခံခဲ့ရသည်။ ထိုလေယာဉ်ပစ်ချခံရမှု အတွက် Dutch Safety Board က စုံစမ်းစစ်ဆေးမှု ပြုလုပ် နေသည်။ လေယာဉ်အပျက်အစီးများကိုတွေ့ ရန် မျှော်လင့်ချက်ရှိသည်ဟု ထိုအဖွဲ့ကလွန်ခဲ့ သော ရက်အနည်းငယ်၌ ပြောကြားခဲ့သည်။

လေယာဉ်အပျက်အစီးများကိုရှာဖွေပြီး တွေ့ရှိရသောအပျက်အစီးများကို နယ်သာ လန်သို့ပို့ပေးရန် လေယာဉ်အပျက်အစီးများ ကိုလေယာဉ်ပစ်ချခံခဲ့ရသည့် နေရာဝန်းကျင် ၌တွေ့ရှိနိုင်မည်ဟု DSB က မျှော်လင့်ထား သည်။

လေယာဉ်အပျက်အစီးများကို ရှာဖွေ စုဆောင်းသည့်အလုပ်သည် ရက်အတန်ကြာ အချိန်ယူရမည်ဟု DSB က ဆိုသည်။ ရှာ ဖွေတွေ့ရှိသည့် အပျက်အစီးများကို ယူကရိန်း ရှိခါကော့ဗ်မြို့သို့ပို့ပြီး နောက်ဆုံးတွင် နယ် သာလန်သို့ပို့မည်ဟု သိရသည်။

ထိုလေယာဉ်၏ သေတ္တာနက်ကို အစော ပိုင်းကပင်တွေ့ရှိခဲ့ပြီး ယင်းကိုယူကေလေ ကြောင်း မတော်တဆမှု စုံစမ်းစစ်ဆေးရေး ဌာနခွဲ(AAIB) က စစ်ဆေးပြီးနောက်ြှီ သို့လွှဲပြောင်းပေးခဲ့သည်။ AAIB သည် ယူကေ၊ ဟမ်ရှိုင်းယားနယ်ရှိဖန်းဘိုရို မြို့တွင်ရှိသည်။

MH-17 သည် ဇူလိုင် ၁၇ရက် ဒေသ စံတော်ချိန် မွန်းလွဲ ၁နာရီ မိ နစ် ၂ဝအထိ ပုံမှန်အတိုင်း ပျံသန်းနေ သည်ဆိုသည်ကို သေတ္တာနက်က ပြသည်ဟု စက်တင်ဘာလ ပဏာမ အစီရင်ခံစာတွင် ဖော်ပြထားသည်။

လေယာဉ်အပျက်အစီးများကို နေရာ အနှံ့အပြားတွင် မြေကြီးထဲသို့ စူးဝင်နေသည် ဟု DSB က ဆိုသည်။ လေယာဉ်ပျက်ကျ ပြီးနောက်တစ်နှစ်အကြာတွင် လေယာဉ်ပျက်ကျမှု စုံစမ်းစစ်ဆေးတွေ့ရှိချက်နှင့် လေယာဉ်ပျက် အစအနများတွေ့ရှိမှုအစီရင် ခံစာရေးသားပြီး ပုံနှိပ်ထုတ်ဝေမည်ဟု DSB က ဆိုသည်။

Ref: Daily Mail
Yangon Media Group

1 comment:

  1. Myanmar Idol Season 4 Top Result Live Full Show
    Myanmar Idol Season 4 Live Full Show

    Pakistan Education News Read Online Books NTS Results
    itnewsnet.com/

    ReplyDelete