Thursday 20 November 2014

အင်ဂျင်နီယာ ဘီအီးဘွဲ့ ၆ နှစ်သင်တန်းများ စဖွင့်လှစ်တော့မည်

Photo: အင်ဂျင်နီယာ ဘီအီးဘွဲ့ ၆ နှစ်သင်တန်းများ စဖွင့်လှစ်တော့မည်
Thursday, November 20, 2014

သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနလက်အောက်မှာ ရှိတဲ့ နည်းပညာတက္ကသိုလ်တွေမှာ အခု ပညာသင်နှစ်ကစပြီး အင်ဂျင်နီယာဘွဲ့(ဘီအီး) ၆ နှစ်သင်တန်းတွေ စတင်သင်ကြားပေး တော့မယ်လို့ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ပြောပါတယ်။

Universaty Mone Ywarလက်ရှိ အစိုးရ စက်မှုလက်မှုသိပ္ပံ ဂျီတီအိုင်ကျောင်း ၁၀ ကျောင်းအပြင် အခု စာသင်နှစ်မှာ ဂျီတီအိုင်ကျောင်း ၁၀ ကျောင်း ထပ်မံ ဖွင့်လှစ်သွားမှာ ဖြစ်ပြီး ၂၀၁၅-၂၀၁၆ ခုနှစ် မှာ နောက်ထပ် ဂျီတီအိုင်ကျောင်း ၁၀ ကျောင်း ထပ်ပြီး ဖွင့်လှစ်သွားမယ်လို့လည်း မီဒီယာတွေနဲ့ မနေ့က တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြောသွားတာပါ။

ဂျီတီအိုင်တွေမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်ထားသူတွေ၊ အစိုးရ နည်းပညာအထက်ကျောင်း T.H.S အောင်မြင်ထားသူတွေ တက်ရောက်ဖို့ T.H.S တွေ ကန့်သတ်ချက် မထားတော့ဘဲ ၈ တန်းအောင် ကျောင်းသားတွေ တက်ရောက်ဖို့ လျှောက်ထားနိုင်ပြီး အသက်ကန့်သတ်ချက်နဲ့ နှစ်ကန့်သတ်ချက်တွေ ဖြေလျော့ပေးခြင်းဖြင့် အမှန်တကယ်ကျွမ်းကျင်သူနဲ့ ကျွမ်းကျင်လုပ်သားတွေအဖြစ် အလုပ်လုပ်ကိုင်လိုသူတွေ ကျောင်းတွေကို တက်ရောက်နိုင်ခွင့် ရရှိလာမယ်လို့ ပြောပါတယ်။

ဒါ့ပြင် နာဂ၊ ဓနု၊ ပအို့ဝ်၊ ပလောင်၊ ကိုးကန့်နဲ့ ၀ စတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေနဲ့ သွားလာရေး ခက်ခဲတဲ့ ဒေသတွေက ကျောင်းသားတွေကိုလည်း အဆင့်မြင့်တက္ကသိုလ်တွေမှာ ကျောင်းသားဦးရေအများဆုံး ၃ ရာခိုင်နှုန်းအထိ တိုးမြင့်လက်ခံသွားဖို့လည်း ပြည်ထောင်စုဝန်ကြီး က ပြောသွားပါတယ်။

ဒီဗွီဘီ
သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ နည်းပညာတက္ကသိုလ်တွေမှာ အခု ပညာသင်နှစ်က စပြီး အင်ဂျင်နီယာဘွဲ့(ဘီအီး) ၆ နှစ်သင်တန်းတွေ စတင်သင်ကြားပေး တော့မယ်လို့ သိပ္ပံနဲ့ နည်းပညာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ပြောပါတယ်။

Universaty Mone Ywarလက်ရှိ အစိုးရ စက်မှုလက်မှုသိပ္ပံ ဂျီတီအိုင်ကျောင်း ၁၀ ကျောင်းအပြင် အခု စာသင်နှစ်မှာ ဂျီတီအိုင်ကျောင်း ၁၀ ကျောင်း ထပ်မံ ဖွင့်လှစ်သွားမှာ ဖြစ်ပြီး ၂၀၁၅-၂၀၁၆ ခုနှစ် မှာ နောက်ထပ် ဂျီတီအိုင်ကျောင်း ၁၀ ကျောင်း ထပ်ပြီး ဖွင့်လှစ်သွားမယ်လို့လည်း မီဒီယာတွေနဲ့ မနေ့က တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြောသွားတာပါ။

ဂျီတီအိုင်တွေမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်ထားသူတွေ၊ အစိုးရ နည်းပညာအထက်ကျောင်း T.H.S အောင်မြင်ထားသူတွေ တက်ရောက်ဖို့ T.H.S တွေ ကန့်သတ်ချက် မထားတော့ဘဲ ၈ တန်းအောင် ကျောင်းသားတွေ တက်ရောက်ဖို့ လျှောက်ထားနိုင်ပြီး အသက်ကန့်သတ်ချက်နဲ့ နှစ်ကန့်သတ်ချက်တွေ ဖြေလျော့ပေးခြင်းဖြင့် အမှန်တကယ်ကျွမ်းကျင်သူနဲ့ ကျွမ်းကျင်လုပ်သားတွေအဖြစ် အလုပ်လုပ်ကိုင် လိုသူတွေ ကျောင်းတွေကို တက်ရောက်နိုင်ခွင့် ရရှိလာမယ်လို့ ပြောပါတယ်။

ဒါ့ပြင် နာဂ၊ ဓနု၊ ပအို့ဝ်၊ ပလောင်၊ ကိုးကန့်နဲ့ ၀ စတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေနဲ့ သွားလာရေး ခက်ခဲ တဲ့ ဒေသတွေက ကျောင်းသားတွေကိုလည်း အဆင့်မြင့်တက္ကသိုလ်တွေမှာ ကျောင်းသား ဦးရေအများဆုံး ၃ ရာခိုင်နှုန်းအထိ တိုးမြင့်လက်ခံသွားဖို့လည်း ပြည်ထောင်စုဝန်ကြီး က ပြောသွားပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment