Thursday 20 November 2014

နိုင်ငံသားများ ဒီမိုကရေစီနားလည်ကျင့်သုံးနိုင်ချိန်ရောက်မှ ၄၃၆ ပြင်ရန် တပ်မတော်သားအမတ်တင်ပြ

ပြည်တွင်းငြိမ်းချမ်း ရေးရရှိကာ တိုင်းပြည်တည်ငြိမ် အေးချမ်းပြီး နိုင်ငံသားများ ဒီမိုကရေစီ သဘောတရား များနားလည်လက်ခံကျင့်သုံးနိုင်သည့် အချိန်ကိုရောက်မှသာ ပုဒ်မ ၄၃၆ ကို ပြင်ဆင်သင့်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးရာ၌   တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်က တင်ပြသည်။

‘‘လက်ရှိအချိန်မှာ လက်နက် စွဲကိုင် တိုက်ပွဲအချို့ဖြစ်ပွားနေ ဆဲ ဖြစ်ပြီးတော့ ပြည်တွင်းငြိမ်း ချမ်းရေး မရရှိသေးပါဘူးခင်ဗျာ။ အလားတူ ခေါင်းစဉ်အမျိုးမျိုး တပ်ထားတဲ့ ဆန္ဒပြမှုများစွာနဲ့ နိုင်ငံရေးတည်ငြိမ်မှု မရှိသေးတဲ့ အချိန်မှာ မြဲမြံခိုင်မာစွာ ပြဋ္ဌာန်း ထားတဲ့ ပုဒ်မ-၄၃၆ (က)ကို ပြင် ဆင်ရန် မသင့်သေးပါဘူး’’ဟု နို ၀င်ဘာ ၁၉ ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်း အဝေးသို့ တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်ဗိုလ်မှူးကြီး ခင်မြင့်က တင်ပြလိုက်ခြင်း ဖြစ် သည်။

ပုဒ်မ-၄၃၆ သည် အမျိုး သားရေးနှင့် တိုင်းပြည်အတွက် အသက်တမျှ အရေးကြီးသည့် အချက်များကို ကာကွယ်ထား ခြင်းဖြစ်ကြောင်း၊ ယင်းပုဒ်မ ၄၃၆ ကိုပြင်ဆင်ကာ အခြားသော ကျန် ရှိသည့် ပုဒ်မများကို လိုသလို ဆောင်ရွက်သွားလိုသူများ၏ ရည်ရွယ်ချက်များအပေါ် လွှတ် တော်ကိုယ်စားလှယ်များအနေ ဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထု အကျိုးအတွက် ရှင်းလင်းပြတ် သားသည့် အမြင့်ဖြင့် သုံးသပ်စေ လိုကြောင်း ၎င်းက ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့သည်။

တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များက မပြင်ဆင် ရန် တင်ပြထားသည့် ပုဒ်မ ၄၃၆ သည် လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ဒီမိုကရေစီမကျသည့် အချက်များ    ပြင်ဆင်ရေးနှင့် တိုင်းရင်းသား များ၏ အခွင့်အရေးများကို တိုးမြှင့်ပေးနိုင်ရန်ပထမဦးဆုံးပြင်ဆင်ရမည့် ပုဒ်မတစ်ခုဖြစ်နေကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များက    ပြောကြ သည်။

နိုင်ငံတွင် လိုအပ်နေသော အမျိုးသား ပြန်လည်ရင်ကြားစေ့ ရေး လုပ်နိုင်ရေးနှင့် ပြည်သူမှ ချစ်မြတ်နိုး သည့် တပ်မတော်ဖြစ်ပေါ် လာရေးတို့အတွက် ပုဒ်မ-၄၃၆ ကို ပြင်ဆင်ရန်လိုအပ်ကြောင်း ပုဒ်မ ၄၃၆ သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် တပ်မတော်၏ ပါဝင်မှု အခန်းကဏ္ဍကို မလျှော့ချနိုင် ရေးအတွက် ကာကွယ် ထားသည့် ပုဒ်မတစ်ခု     ဖြစ်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်ဦးအောင်ကြည်ညွန့်က ပြောသည်။

နိုဝင်ဘာ ၁၉ ရက်က ပြည် ထောင်စုလွှတ်တော်တွင် ဖွဲ့စည်း ပုံအခြေခံဥပဒေကို ဆွေးနွေးကြ သည့်အခါ ချင်းတိုးတက်ရေးပါ တီမှ အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးဇုန်လှယ်ထန်းက လည်း    တိုင်းရင်းသား များ၏ အခွင့်အရေး ပိုမိုရရှိရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ကို  ပြင်ဆင်ရမည်ဖြစ်သည်ဟု ဆွေးနွေးတင်ပြခဲ့သည်။

လွှတ်တော်တွင်းရှိ တပ်မ တော်သားလွှတ်တော်ကိုယ်စား လှယ်များ၏ ထောက်ခံမှု မပါဘဲ ပြင်ဆင်၍ မရနိုင်သည့် ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရန်    ပြည်သူလူထုထံမှ ဆန္ဒလက်မှတ်ငါးသန်းခန့် ကို   အမျိုးသား ဒီမို ကရေစီအဖွဲ့ ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကာ   လွှတ်တော် သို့ တင်ပြထားမှုရှိသည်။

7Day DAILY

No comments:

Post a Comment