Thursday 20 November 2014

စာမေးပွဲကျ၍ သတ်သေခဲ့သည့် နည်းပညာတက္ကသိုလ် ကျောင်းသားနာရေး ကျောင်းသား ၃၀၀ ခန့် လိုက်ပို့

Photo: စာမေးပွဲကျ၍ သတ်သေခဲ့သည့် နည်းပညာတက္ကသိုလ် ကျောင်းသားနာရေး ကျောင်းသား ၃၀၀ ခန့် လိုက်ပို့
Thursday, November 20, 2014

စာမေးပွဲကျ၍ မိမိကိုယ် ကိုယ် သေကြောင်းကြံစည်ခဲ့သည့် မှော်ဘီ နည်းပညာတက္ကသိုလ်မှ ဒုတိယနှစ်ကျောင်းသား နာရေးသို့ နည်းပညာ တက္ကသိုလ်များမှ ကျောင်းသား ၃၀၀ ခန့်ပို့ဆောင်ခဲ့ကြသည်။

အဆိုပါ နာရေးကို ထိန်ပင်သုသာန်တွင် နိုဝင်ဘာ ၁၉ ရက် နေ့လယ် ၂ နာရီခွဲအချိန်က ပြုလုပ်ခဲ့ပြီး နည်းပညာတက္က သိုလ်များမှ ဆရာများ၊ ကျောင်းသားများ၊ ရပ်ကွက်သူ ရပ်ကွက်သားများ လိုက်ပါပို့ဆောင်ခဲ့ကြသည်။

‘‘အခုလိုမျိုးဆိုတော့ စိတ်မ ကောင်းဘူး။ လူချင်းမသိကြပေ မယ့် TU ကျောင်းသားအချင်းချင်းမို့လို့ လိုက်ပို့တာပါ။ လိုက်ပို့ကြ တာက ရပ်ကွက်ထဲက လူနည်း တယ်။ ကျန်တာ TU ကျောင်းတွေ က ကျောင်းသားတွေချည်းပဲ။ ဆရာ တွေလည်း လိုက်ပို့ကြတယ်’’ဟု ဈာပနသို့ လိုက်ပါပို့ဆောင်ခဲ့သည့် မှော်ဘီနည်းပညာ တက္ကသိုလ် စတုတ္ထနှစ်ကျောင်း သားတစ်ဦးက ပြောသည်။

အဆိုပါ ကျောင်းသားမှာ မှော်ဘီ နည်းပညာ တက္ကသိုလ် လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ သင်တန်းမှ ဒုတိယနှစ် (2T) ကျောင်းသား မောင်တင့်လွင်ဖြစ် ပြီး နိုဝင်ဘာ ၁၇ ရက် ညနေ ၅ နာရီခန့်က ၎င်း၏ နေအိမ်တွင် ဆွဲကြိုး ချသေဆုံးခဲ့ခြင်း ဖြစ်သည်။

အဆိုပါကျောင်းသား မောင် တင့်လွင်ကဲ့သို့ စစ်တွေ နည်းပညာတက္ကသိုလ်မှ ဒုတိယနှစ်ကျောင်း သား မောင်ညီညီဇံသည်လည်း စာမေးပွဲကျသဖြင့် နိုဝင်ဘာ ၁၇ ရက်ည ၇ နာရီအချိန်တွင် ဘူးသီး တောင်မြို့နယ်၊ ကျိန်ကျောင်ကျေးရွာရှိ ၎င်း၏ နေအိမ်၌ ဆွဲကြိုးချသေဆုံးသွားခဲ့သည်။

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာတက္ကသိုလ်၊  ကောလိပ်များ၏ ၂၀၁၃- ၁၄ ပညာသင်နှစ် မေးခွန်းများကို အရည်အသွေးမြှင့်၍ မေးထားသောကြောင့် နိုဝင်ဘာ ၁၆ ရက်ကထွက်ရှိခဲ့သည့် အောင်စာရင်းတွင် အောင်ချက်နည်းပါးခဲ့ပြီး ကျောင်းသားများ မနစ်နာစေရန် အတွက် B.E ၀င်ခွင့်စာမေးပွဲများ ကို နှစ်စဉ်ပြုလုပ်ပေးသွားမည်ဖြစ် ကြောင်း စက်မှုနှင့် သက်မွေးပညာဦးစီးဌာနမှ သိရသည်။

7Day DAILY
စာမေးပွဲကျ၍ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့သည့် မှော်ဘီ နည်းပညာတက္ကသိုလ်မှ ဒုတိယနှစ် ကျောင်းသား နာရေးသို့ နည်းပညာ တက္ကသိုလ်များမှ ကျောင်းသား ၃၀၀ ခန့်ပို့ဆောင်ခဲ့ကြသည်။

အဆိုပါ နာရေးကို ထိန်ပင်သုသာန်တွင် နိုဝင်ဘာ ၁၉ ရက် နေ့လယ် ၂ နာရီခွဲအချိန်က ပြုလုပ်ခဲ့ပြီး နည်းပညာတက္ကသိုလ်များမှ ဆရာများ၊ ကျောင်းသားများ၊ ရပ်ကွက်သူ ရပ်ကွက်သားများ လိုက်ပါပို့ဆောင် ခဲ့ကြသည်။

‘‘အခုလိုမျိုးဆိုတော့ စိတ်မ ကောင်းဘူး။ လူချင်းမသိကြပေ မယ့် TU ကျောင်းသားအချင်းချင်းမို့လို့ လိုက်ပို့ တာပါ။ လိုက်ပို့ကြတာက ရပ်ကွက်ထဲက လူနည်း တယ်။ ကျန်တာ TU ကျောင်းတွေ က ကျောင်း သားတွေချည်းပဲ။ ဆရာတွေလည်း လိုက်ပို့ကြတယ်’’ဟု ဈာပနသို့ လိုက်ပါပို့ဆောင်ခဲ့သည့် မှော်ဘီ နည်းပညာ တက္ကသိုလ် စတုတ္ထနှစ်ကျောင်း သားတစ်ဦးက ပြောသည်။

အဆိုပါ ကျောင်းသားမှာ မှော်ဘီ နည်းပညာ တက္ကသိုလ် လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ သင်တန်းမှ ဒုတိယနှစ် (2T) ကျောင်းသား မောင်တင့်လွင်ဖြစ် ပြီး နိုဝင်ဘာ ၁၇ ရက် ညနေ ၅ နာရီခန့်က ၎င်း၏ နေအိမ်တွင် ဆွဲကြိုး ချသေဆုံးခဲ့ခြင်း ဖြစ်သည်။

အဆိုပါကျောင်းသား မောင် တင့်လွင်ကဲ့သို့ စစ်တွေ နည်းပညာတက္ကသိုလ်မှ ဒုတိယနှစ်ကျောင်း သား မောင်ညီညီဇံသည်လည်း စာမေးပွဲကျသဖြင့် နိုဝင်ဘာ ၁၇ ရက်ည ၇ နာရီအချိန်တွင် ဘူးသီး တောင်မြို့ နယ်၊ ကျိန်ကျောင်ကျေးရွာရှိ ၎င်း၏ နေအိမ်၌ ဆွဲကြိုးချသေဆုံးသွားခဲ့သည်။

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာတက္ကသိုလ်၊  ကောလိပ်များ၏ ၂၀၁၃- ၁၄ ပညာသင်နှစ် မေးခွန်းများကို အရည်အသွေးမြှင့်၍ မေးထားသောကြောင့် နိုဝင်ဘာ ၁၆ ရက်ကထွက်ရှိ ခဲ့သည့် အောင်စာရင်းတွင် အောင်ချက်နည်းပါးခဲ့ပြီး ကျောင်းသားများ မနစ်နာစေရန် အတွက် B.E ၀င်ခွင့်စာမေးပွဲများ ကို နှစ်စဉ်ပြုလုပ်ပေးသွားမည်ဖြစ် ကြောင်း စက်မှုနှင့် သက်မွေးပညာဦးစီးဌာနမှ သိရသည်။

7Day DAILY

No comments:

Post a Comment