Thursday 20 November 2014

ချင်း တိုင်းရင်းသားများ၏ ဆန္ဒကို ကိုယ်စားပြု ထုတ်ဖော်နိုင်မည့် အရပ်ဘက် လူမှု အဖွဲ့အစည်းကို ဖွဲ့စည်းမည်

ချင်းတိုင်းရင်းသား များ၏ ဆန္ဒကို ကိုယ်စားပြု ထုတ်ဖော် နိုင်မည့် အရပ်ဘက် လူမှု အဖွဲ့အစည်း တစ်ခုကို ဖွဲ့စည်းရန် ရည်ရွယ်၍ ချင်း အရပ်ဘက် အဖွဲ့အစည်းများ ဖိုရမ်ကို ယနေ့မှ စတင်၍ ဟားခါးမြို့တွင် ကျင်းပမည် ဖြစ်ကြောင်း တာဝန်ရှိသူများ ထံမှ သတင်း ရရှိသည်။

အဆိုပါ ဖိုရမ်ကို နိုဝင်ဘာလ (၂၀) ရက်နေ့မှ (၂၃) ရက်ထိ ချင်းစိမ်းလန်းရေး ကွန်ရက်နှင့် ချင်း ငြိမ်းချမ်းရေးနှင့် ငြိမ်သက်ရေး အဖွဲ့တို့က ကမကထ ပြုလုပ်ကာ ကျင်းပမည် ဖြစ်ပြီး ချင်းပြည်နယ်ရှိ မြို့နယ် နှင့် မြို့နယ်ခွဲ အသီးသီးမှ လည်းကောင်း၊ ကွန်ရက် ငါးခုမှ ကိုယ်စားလှယ် ငါးဦးစီ ၊ စုစုပေါင်း (၁၅၀) ဦး တက်ရောက် လာမည် ဖြစ်ကြောင်း သိရသည်။

ဒီဖိုရမ်မှာ မြို့နယ် အသီးသီးက ချင်း တိုင်းရင်းသား များရဲ့ အသံကို တောင်းခံမှာ ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ဆန္ဒနဲ့ ဒုက္ခတွေကို ကိုယ်စားပြု ထုတ်ဖော် နိုင်မယ့် ချင်း အရပ်ဘက် လူမှု အဖွဲ့အစည်းလို အဖွဲ့အစည်း တစ်ခုကို တည်ထောင်ဖို့ ရှိတယ်။ ဒီလို အဖွဲ့အစည်းမျိုး ခုချိန်ထိ မရှိသေးတော့ ကျွန်တော်တို့ လူမျိုး အတွက် လိုအပ်တယ်လို့ ယုံကြည်တယ် ဟု ချင်း စိမ်းလန်းရေး ကွန်ရက် ဥက္ကဋ္ဌ ဆလိုင်းနီကျုံးထန် က The Messenger Media သို့ ပြောသည်။

ယင်းဖိုရမ်တွင် ငြိမ်းဖောင်ဒေးရှင်း၊ MATA ၊ UNDP ၊ ပြည်နယ် ထွေအုပ် များနှင့် ဒေသခံများ ပါဝင်မည် ဖြစ်ပြီး ကောင်းမွန်သော အုပ်ချုပ်မှု၊ မြန်မာနိုင်ငံတွင်း အရပ်ဘက် လူမှု လှုပ်ရှားမှု၊ ငြိမ်းချမ်းရေး ဖြစ်စဉ်၊ အရပ်ဘက် အသင်း အဖွဲ့များ မှတ်ပုံတင်ခြင်း စသည့် ကဏ္ဍများကို ဆွေးနွေးမည် ဖြစ်သည်။ ချင်း စိမ်းလန်းရေး ကွန်ရက်ကို ၂၀၁၂ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ယင်း ကွန်ရက်တွင် အဖွဲ့အစည်းပေါင်း (၄၇) ပါဝင်သည်။

Messenger News Journal

No comments:

Post a Comment