Thursday 20 November 2014

ဖွဲ့စည်းပုံအခြေခံဥပဒေကို နောက်အစိုးရသက်တမ်းမှသာ ပြင်နိုင်မည်ဆိုခြင်းသည် လုပ်ငန်းစဉ်အတိုင်းဖြစ်ခြင်းကြောင့် ယင်းသို့သာသွားရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

Photo: ဖွဲ့စည်းပုံအခြေခံဥပဒေကို နောက်အစိုးရသက်တမ်းမှသာ ပြင်နိုင်မည်ဆိုခြင်းသည် လုပ်ငန်းစဉ်အတိုင်းဖြစ်ခြင်းကြောင့် ယင်းသို့သာသွားရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Thursday, November 20, 2014

ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းကို ၂ဝ၁၅ရွေးကောက်ပွဲအပြီး အစိုးရ သစ်တက်မှ အတည်ပြုမည်ဟု လွှတ် တော်ဥက္ကဋ္ဌသူရဦးရွှေမန်းမှ ပြော ခြင်းမှာ process (လုပ်ငန်းစဉ်)ကို ပြောခြင်းဖြစ်ပြီး အခြေခံဥပဒေပြင် ဆင်ရေးဆောင်ရွက်မှုကို process အတိုင်းသာ သွားရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။

နိုဝင်ဘာ ၁၉ရက်တွင်ပြုလုပ် သည့် ပြည်ထောင်စုလွှတ်တော်အ စည်းအဝေး ခေတ္တနားနေချိန်တွင် သတင်းမီဒီယာများ၏မေးမြန်းချက် များအပေါ် ဒေါ်အောင်ဆန်းစုကြည် က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ် သည်။

ဒေါ်စုက ''အခုဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်တာ ၂ဝ၁၅ ရွေး ကောက်ပွဲအပြီး နောက်အစိုးရတက် မှ အတည်ပြုမယ်လို့ပြောတယ်ဆို တာ process ကို ပြောတာပါ။ process ဆိုတာ အဲလိုပဲသွားရမှာပဲ လေ။

ဘာဖြစ်လို့လဲဆိုတော့ ဒီပုဒ်မ ၄၃၆ ကို ပြုပြင်ပြောင်းလဲဖို့ ဆုံးဖြတ် တယ်ဆိုပါတော့။ ဒီပုဒ်မ ၄၃၆ကို ပြုပြင်ပြောင်းလဲဖို့ ဆုံးဖြတ်ပြီးမှသာ လျှင် တချို့ကိစ္စတွေ ပြောင်းလို့ရမယ် လေ။ အဲဒီဟာတွေကျတော့ အချိန် အရရော ခုလက်ရှိသွားနေတဲ့ လုပ် ငန်းတွေအရရော ဒီ process အရ တော့ လုပ်ရမှာပဲ။ ဥပဒေသဘော တရားအရ ဥပဒေပညာရှင်တွေကို မေးကြည့်ရင်ပိုကောင်းတယ်။ ပုဒ်မ ၅၉(စ) ပြင်ဖို့ဆိုတာကလဲ သူ့ပရော စက်နဲ့သူသွားရမယ်။ ပုဒ်မ၅၉(စ)မပြင်ခင် ၄၃၆ ကို ပြင်ရမယ်။ အဲလို သူ့အဆင့်နဲ့သူရှိတယ်။ အဲလိုလုပ် ငန်းစဉ်အရ ဒီလိုပဲဖြစ်ဖို့က သဘာဝ ကျတယ်''ဟု ပြောသည်။

ယင်းမတိုင်မီ အမျိုးသားဒီမို ကရေစီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က သတင်းစာရှင်းလင်းပွဲတစ်ခု ၌လည်း တပ်မတော်အနေဖြင့် ဖွဲ့ စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး တွင် တပ်မတော်၏ သဘောထား ပြောင်းလဲလာနိုင်သည်ဟု ပြောခဲ့ သည်ဆိုသော်လည်း လက်ရှိလွှတ် တော်ထဲတွင် ဆွေးနွေးသည့်အခါ တပ်မတော်နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဆက် လက်ဆိုသည်။

''အန်တီတို့ကတော့ ရှင်းရှင်း လေးပဲ။ အခုဒီမိုကရေစီလမ်းကြောင်း သွားတဲ့ဆီ ပိုပိုပြီး ဒီမိုကရေစီစံနှုန်း စံထားတွေနဲ့ ကိုက်ညီရမယ်။ ဒါပဲ အဲဒီတော့ အန်တီတို့လဲ ပြောပြီးပြီ။ တပ်မတော်ရဲ့ကဏ္ဍနဲ့ပတ်သက်လို့ အန်တီတို့ သဘောမတူတာက ဒီမို ကရေစီစံနှုန်းစံထားတွေနဲ့ ပိုပြီးကိုက် ညီစေချင်တယ်။ တပ်မတော်ကို ဦး တည်ပြီးတော့ တပ်မတော်ကိုအပြစ် ရှာတဲ့ ပုံစံမျိုးမဟုတ်ဘူး''ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရန် လိုသည်ဆိုခြင်း မှာ ဒီမိုကရေစီစံနှုန်းများနှင့် ကိုက် ညီရမည်ဖြစ်ကြောင်း၊ မည်သို့ပင် ပြောစေ တပ်မတော်အား ၂ဝဝ၈ဖွဲ့ စည်းပုံအခြေခံဥပဒေမှ ပေးထား သည့် ကဏ္ဍသည် ဒီမိုကရေစီစံနှုန်း နှင့် မကိုက်ညီကြောင်း၊ ယင်းအချက် ကို လူတိုင်းသိဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ ဖြည့်စွက်ပြောသည်။

၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းကို ၂ဝ၁၅ရွေးကောက်ပွဲ အပြီးနောက် အစိုးရတက်မှသာ အ တည်ပြုမည်ဟု ပြောနေခြင်းအပေါ် နိုင်ငံရေးအသိုင်းအဝိုင်းတွင်လည်း ဝေဖန်မှုအမျိုးမျိုးရှိနေပြီး ယခုလွှတ် တော်သက်တမ်းအတွင်း ပြီးစီးမည် မဟုတ်ဟု ယခင်ကတည်းကပြောဆို ထားမှုများလည်း ရှိနေသည်။

အမျိုးသားဒီမိုကရေစီအင်အား စုပါတီဥက္ကဋ္ဌဦးခင်မောင်ဆွေက ''အ စကတည်းက ဖွဲ့စည်းပုံပြင်ဆင်ရေး က ၂ဝ၁၅ မတိုင်ခင် ပြီးနိုင်ချေမရှိဘူး ဆိုတာ စဉ်းစားပြီးသားပါ။ အခုတော့ ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌကိုယ် တိုင် ဝန်ခံလာပြီဆိုတော့ ပိုပြီးသေ ချာသွားတာပေါ့။ အကယ်၍ပြီးနိုင်ခဲ့ မယ်ဆိုရင်လဲ ဒါကဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်ချက်ပဲ ဖြစ်နိုင်မှာပါ။ ဒီမိုက ရေစီ နည်းကျတာတော့ မဖြစ်နိုင်ပါ ဘူး။ အရေးကြီးဆုံးက ငြိမ်းချမ်းရေး ပါ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက ထွက်လာတဲ့အချက်တွေကို ဖွဲ့စည်းပုံ ထဲမှာ ထည့်ရမှာပါ။ အဲဒါမပြီးဘဲဖွဲ့ စည်းပုံပြင်ပြီးဖို့ မဖြစ်နိုင်ပါဘူး''ဟု ယင်း အမြင်ကို ဒီမိုကရေစီတူဒေးသို့ ပြောသည်။

သို့သော် ၂ဝ၁၅ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေမပြင် ဆင်နိုင်ခြင်းကို နည်းလမ်းပေါင်းစုံဖြင့် ဝေဖန်မှုများအပေါ် နိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းကို လျှောက် လှမ်းနေသည်မှာ မကြာသေးကြောင်း၊ ခေတ်ဟောင်းစနစ်ဟောင်းများကို ပြုပြင်ခြင်းအဆင့်သာရှိသေးပြီး မိမိ တို့ပါတီအနေဖြင့် ဖွဲ့စည်းပုံကို ရွေး ကောက်ပွဲအမီ ပြင်နိုင်သည်ဖြစ်စေ၊ မပြင်နိုင်သည်ဖြစ်စေ ဖြတ်သန်းသွား ရန်ရှိကြောင်း ဦးခင်မောင်ဆွေက ဆက်လက်သုံးသပ်ပြောသည်။

ရခိုင်အမျိုးသားပါတီဗဟိုကော် မတီဝင် ဦးအေးသာအောင်က ''နိုင်ငံ အပြောင်းအလဲတွေအတွက် ရှေ့ကို တက်ရမယ့်အချိန်မှာ ဖွဲ့စည်းပုံပြင် ရေး၊ မပြင်ရေးက သိပ်ကိုအရေးကြီး ပါတယ်။ ဒီမိုကရေစီစနစ်ထွန်းကား ဖို့က ဖွဲ့စည်းအုပ်ချုပ်ပုံကောင်းမှဖြစ် မှာပါ။ ၂ဝဝ၈ကိုမကြိုက်ခဲ့လို့ ကျွန် တော်တို့က ၂ဝ၁ဝမှာ ရွေးကောက်ပွဲ မဝင်ခဲ့ပါဘူး။ အားလုံးက ပြင်မယ် လို့ ပြောနေသလို ပြည်သူတွေကလဲ ပြင်ဖို့တောင်းနေတယ်။ ကျွန်တော် တို့ကလဲ ၂ဝ၁၅ မတိုင်ခင် ပြင်လိမ့် မယ်လို့ မျှော်လင့်ခဲ့တယ်။ အခုက လွှတ်တော်ဥက္ကဋ္ဌက ၂ဝ၁၅ ရွေး ကောက်ပွဲရလဒ်ကို ကြည့်ဦးမယ့် သဘောမှာရှိတယ်။ ဒါကြောင့် ပြည် သူတွေအတွက်လဲ အလားအလာ မကောင်းနိုင်ပါဘူး''ဟု ပြောသည်။

မိမိတို့၂ဝဝ၈ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်လိမ့်မည်ဟု မျှော်လင့် ကာ ပါတီသစ်မှတ်ပုံတင်ခဲ့ကြောင်း သို့သော် ယခုစဉ်းစားစရာဖြစ်လာ ကြောင်း၊ သို့သော် လွှတ်တော်တွင်း၌ ခေါင်းဆောင်များနှင့် လွှတ်တော် ကိုယ်စားလှယ်တချို့မှ အင်တိုက် အားတိုက် လုပ်ဆောင်နေကြကြောင်း သို့သော် လွှတ်တော်တွင်း လုပ်ဆောင် ၍ မရရှိနိုင်သည့်အခြေအနေမျိုးကို တွေ့ရှိရသဖြင့် လွှတ်တော်ပြင်ပတွင် ပြန်လည်တောင်းဆိုရန် လုပ်ဆောင် သွားမည်ဖြစ်ကြောင်းလည်း ဦးအေး သာအောင်က ဆိုသည်။

Yangon Media Group
ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းကို ၂ဝ၁၅ရွေးကောက်ပွဲအပြီး အစိုးရ သစ်တက်မှ အတည်ပြုမည်ဟု လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းမှ ပြော ခြင်းမှာ process (လုပ်ငန်းစဉ်)ကို ပြောခြင်းဖြစ်ပြီး အခြေခံ ဥပဒေပြင် ဆင်ရေးဆောင်ရွက်မှုကို process အတိုင်းသာ သွားရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။

No comments:

Post a Comment