Thursday 20 November 2014

အိန္ဒိယ နိုင်ငံတွင် ဘာသာရေး ခေါင်းဆောင်အား ထောက်ခံသူများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ပဋိပက္ခ ဖြစ်ပွား

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟာယားနား ပြည်နယ်တွင် ဘာသာရေး ခေါင်းဆောင် ရမ်ပယ်လ် မာဟာရာဂျေကို ထောက်ခံသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား နိုဝင်ဘာ ၁၈ ရက်က ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပဋိပက္ခများကြောင့် ခြောက်ဦး သေဆုံးပြီး အခြား ၂ဝဝ ဝန်းကျင်ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ရာ ၄င်းတို့ အနက် ၁ဝဝ ဦးသည် လုံခြုံရေး တပ်ဖွဲ့ဝင်များ ဖြစ်သည်။

ဖြစ်ပွားပုံမှာ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သော အဆိုပါ ဘာသာရေး ခေါင်းဆောင်ကို ဖမ်းရန် အတွက် ၄င်း၏ ဘာသာရေး အဆောက်အအုံ အတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ရာမှ ထောက်ခံသူများနှင့် ၄င်းတို့အကြား ပဋိပက္ခစတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အသက် ၆၃ နှစ်အရွယ်ရှိ ရမ်ပယ်လ်သည် လူသတ်မှုတစ်ခု အပါအဝင် ရာဇဝတ်မှု များစွာကို ကျူးလွန်ခဲ့သူ တစ်ဦးဖြစ်ပြီး ရမ်ပယ်လ်သည် ၄င်းဖမ်းဆီး မခံရရေးအတွက် ပြည်သူများ၏ ယုံကြည်မှုကို အလွဲသုံးစား လုပ်၍ ပြည်သူများကို လူသား ဒိုင်း သဖွယ် ခုတုံးလုပ် အသုံးချနေခြင်း ဖြစ်သည်ဟု လုံခြုံရေး တပ်ဖွဲ့ဝင်များက ထုတ်ဖော် ပြောကြားခဲ့သည်။

သို့သော် မိမိတို့ အနေဖြင့် ၄င်းရာဇဝတ်သားကို ဖမ်းဆီးရမိသည့် တိုင်အောင် အစွမ်းကုန် ကြိုးပမ်း သွားမည်ဟု အိန္ဒိယ ရဲတပ်ဖွဲ့မှ အကြီးအကဲ တစ်ဦးဖြစ်သူ ဗာရှစ်က ပြောကြားခဲ့သည်။

Ref:Roanoke Times
မြ၀တီ

No comments:

Post a Comment