Thursday 20 November 2014

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်း ပြည်သူ့လွှတ်တော်တွင် ယနေ့တင်မည်

အခြေခံဥပဒေပြင် ဆင်ရာတွင် ပြည်လုံးကျွတ်ဆန္ဒခံ ယူပွဲပြုလုပ်ရန် လိုအပ်သည့်အတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်းကို ယနေ့ နိုဝင်ဘာ ၂၀ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်သို့ တင်သွင်းမည် ဖြစ် သည်။

အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)ကို အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ရေးဆွဲခြင်းဖြစ်ပြီး တင်သွင်းသည့်နေ့တွင်ပင် ဥပဒေကြမ်း ကော်မတီ ၏ တွေ့ရှိချက် အစီရင်ခံစာကိုပါ တင်ပြမည် ဖြစ်သည်။

အခြေခံဥပဒေ ပြင်ဆင်ရာတွင် ပြည်သူ့ဆန္ဒခံယူပွဲပြုလုပ်ရန် လိုအပ်သည့် ပုဒ်မများနှင့် မလိုအပ်သည့် ပုဒ်မများရှိပြီး အကယ်၍ ဆန္ဒခံယူပွဲပြုလုပ်ရန် လိုအပ်မည့် ပုဒ်မများကို ပြင်ဆင်ပါက ပြည်သူ့ဆန္ဒခံယူပွဲ ဥပဒေ လိုအပ်သည့်အချိန်တွင် အချိန်မီဖြစ်စေရန် ပြည်သူ့လွှတ်တော်၌ တင်သွင်းခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

 ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြည်သူ့ဆန္ဒခံယူပွဲကို မေလတွင် ပြုလုပ် မည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင် မည်သာဖြစ်ကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် သူရဦးအောင်ကိုက ပြောသည်။

‘‘အခု ဆွေးနွေးမယ်ဆိုရင် အခုလွှတ်တော်မပိတ်ခင် ပြီးချင်လည်း ပြီးသွားမှာပေါ့။ မပြီးလည်းနောက် လွှတ်တော်ကျရင် အကုန်ပြီးအောင်လုပ်မယ်ဆိုရင် ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ပြီးတာနဲ့ ဆန္ဒခံယူပွဲ လုပ်ဖို့ဆိုတာ ဆက် တိုက်ပြင်ဆင်သွားလို့ရတယ်။ အဲ ဒီအတွက် အားလုံးပြင်ဆင်နေတာ’’ဟု အခြေခံဥပဒေ ပြင်ဆင် သည့် လုပ်ငန်းစဉ်ကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်း ဦးက ပြောသည်။

7Day DAILY

No comments:

Post a Comment