Thursday 20 November 2014

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းဖြေပါ

Photo: ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းဖြေပါ။
Thursday, November 20, 2014

မြန်မာနိုင်ငံတွင် လွန်ခဲ့သည် သတင်းတစ်ပတ်အတွင်း အဆီယံထိပ်သီး အစည်း အဝေး ကျင်းပခဲ့သည်။

အမေရိကန်သမ္မတအိုဘားမားလာရောက်ခဲ့ပြီးသမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့်တွေ့ခဲ့သည်။ ကုလသမဂ္ဂအတွင်းရေးမှူး ဘန်ကီးမွန် လာရောက် ခဲ့ သည်။

အထက်ပါအချက်များသည် အောက်ပြည် အောက်ရွာမှာရှိသည့် မြန်မာနိုင်ငံ ပြည်သူများအတွက် အကျိုးအမြတ် ဘယ်လောက်ရှိလည်းတော့ ကျွန်တော်မသိ သို့သော် ကချင်ပြည်နယ် ကချင်လူမျိုးများအတွက်တော့ ကံဆိုးမှုတွေက အိုဘားမားတို့ ပြန်သွားကတည်းက စတင် ခဲ့တာပါလို့ ကျွန်တော်ထင်တယ်။

အိုဘားမားသယ်လားသည့် သတင်းစကားက တိုင်းရင်းသားတွေကို အပြတ်တိုက်လိုက် ဆိုသည့် သတင်းစကားလားတော့မသိပါ။

အိုဘားမားပြန်သွားသည့် နောက်တစ်ရက် ၂၀၁၄ နိုဝင်ဘာ ၁၆ ရက်နေ့မှ စတင်ပြီး ယနေ့ အထိ ကချင်ပြည်နယ်တွင် ငါးလခန့် ငြိမ်းသက်နေသည့် တိုက်ပွဲများ ခါရှန်နှင့် မန်ပင့်ကျေးရွာကြားတွင် ကေအိုင်အေ တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၂) ၊ (၂၇) နှင့် အစိုးရစစ်တပ် ခမရ (၃၁၇) တို့ကြားမှ ပြန်လည်စတင်ခဲ့သည်။

ယနေ့ နိုဝင်ဘာ (၁၉) ရက်နေ့တွင် ဆိုးရွားသည် အဖြစ်အပျက်တစ်ခု တိုင်းရင်းသားများ၏ အာဇာနည်နေ့ နောက်တစ်နေ့လို့ခေါ်လို့ရသည့် အဖြစ်အပျက်တစ်ခု လိုင်ဇာအနီးရှိ ၀ိုင်ကြိုင် ဗိုလ်လောင်းသင်တန်းတွင်ဖြစ်ပွားခဲ့သည်။

အစိုးရတပ်မတော်မှ ပြည်သူတွေကို ကာကွယ်ဖို့ ပါဆိုပြီး ၀ယ်ယူထားသည့် လက်နက်ကြီးဖြင့် ခါရာတောင်ခြေမှ မှန်ပြောင်ဖြင့်ချိန်ပြီး ပစ်လိုက်သည့်အတွက် ဗိုလ်လောင်းတက်နေသည့် တိုင်းရင်းသား အာဇာနည်ခေါင်းဆောင်များ ၄၂ ဦးထဲမှ (၅) ဦးသာ လွတ်မြောက်ခဲ့ပြီး ၂၂ ယောက်ပွဲချင်းပြီး သေဆုံးကာ ၁၅ ဦးဒဏ်ရာပြင်းထန်စွာရခဲ့ကြောင်း ကေအိုင်အေ အရာရှိများမှဆိုသည်။

ဖားကန့်ဒေသ နှင့် အင်တော်ကြီး ဒေသရှိ ကေအိုင်အေ စခန်းအချို့တွင်လည်း ယနေ့နံနက် အစိုးရတပ်မတော်မှ ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယနေ့ဖြစ်ပျက်သွားသည့် ဖြစ်စဉ်များကြောင့် ကချင်ပြည်နယ် ရှိ ပြည်သူလူ ထုများ သာမ က အခြားတိုင်းရင်းသားများသည် တိုက်ပွဲပြန် လည်ပြင်းထန် လာမည်ကို စိုးရိမ်နေကြသည်။

ကချင်ပြည်နယ်ရှိ ပြည်နယ်သူ ပြည်နယ်သားများ၏ နှလုံးသားထဲတွင် မေ့မရသည့် နေ့တစ်နေ့ဖြစ်သွားတော့မည်သာမက အစိုးရတပ်မတော်ကို မုန်းတီး စိတ်က တဖန်ပြန်လည်း ကြီးထွားလာတော့မည် မြေကြီးလက်ခတ်မလွဲပင် ။ ဆွေးနွေးပွဲဆိုတာကိုလည်းပြည်သူတွေ ယုံကြည်ဖို့ ပိုပြီးခက်ခဲလာတော့မှာပါ။

ကချင်ပြည်နယ်မှာ အခြေအနေတွင် ယခုကဲ့သို့ ဆိုးဆိုးဝါးဝါးဖြစ်နေချိန်မှာပဲ ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် ကချင်ပြည်နယ်နေ့ကို ဂုဏ်ပြုတယ်ဟုဆို မနော်ပွဲတော်ကြီးကို ကျင်းပရန် မရပ်မနား စီစဉ်နေသည်။ ပြည်သူလူထုများ စစ်ဘေးဒုက္ခသည်များ ရိုးရာလူကြီးများ လူမှုအဖွဲ့အစည်းများ ကန့် ကွက်နေသော် လည်း မရမက လုပ်မည်ဟုဆိုကာ ကြိုးစား ပြင်ဆင်လျှက်ရှိသည်။

ဝန်ကြီးချုပ်ကိုမေးချင်တယ်။

၁။ လက်ရှိပြည်နယ်ရဲ့ အခြေအနေကို မကြေည့်ပဲ မနော်ပွဲကို ဘာကြောင့် အတင်းလုပ်ချင်နေတာလဲ။ မနော်ပွဲ မလုပ်ရရင် သေသွားမှာလား။

၂။ မနော်ပွဲကို နေပြည်တော်အစိုးရက အတင်းလုပ်ခိုင်းလို့ လုပ်ဖို့ပြင်ဆင်နေတာလား။

၃။ ကချင်ပြည်နယ် အစိုးရတပ်မတော်မှ ထိုးစစ်ဆင်မှုများ ဆက်တိုက်ရှိနေပြီး တိုက်ပွဲများဆက်တိုက်ပြန်ဖြစ်လာတယ်။ လူတွေသေတယ်။
ဒါကိုဝန်ကြီးချုပ်အနေနဲ့ ကိုယ်ပြည်နယ်သူ ပြည်နယ်သားတွေအတွက် ဘာလုပ်ဆောင်ပေးနိုင်လဲ။

၎။ ပြည်သူတွေ ဒုက္ခသည်ရောက်နေချိန် ၀န်ကြီးချုပ်က ပျော်နေနိုင်လား။ မနော်ပွဲကို ပျော်ပျာ်ဖြင့် လုပ်နိုင်မှာလား။

၅။ ၀န်ကြီးချုပ်က ကချင်ပြည်နယ်လူထုအတွက် အလုပ်လုပ်တာ လား နေပြည်
တော် အစိုးရအတွက် အလုပ်လုပ်တာလား။

ကျေးဇူးပြုပြီး ဖြေပေးစေလိုပါတယ်။

Kachinwave
မြန်မာနိုင်ငံတွင် လွန်ခဲ့သည် သတင်းတစ်ပတ်အတွင်း အဆီယံထိပ်သီး အစည်းအဝေး ကျင်းပခဲ့သည်။ အမေရိကန်သမ္မတအိုဘားမားလာရောက်ခဲ့ပြီးသမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ခဲ့ သည်။ ကုလသမဂ္ဂအတွင်းရေးမှူး ဘန်ကီးမွန် လာရောက်ခဲ့သည်။

အထက်ပါအချက်များသည် အောက်ပြည် အောက်ရွာမှာရှိသည့် မြန်မာနိုင်ငံ ပြည်သူများအတွက် အကျိုး အမြတ် ဘယ်လောက်ရှိလည်းတော့ ကျွန်တော်မသိ သို့သော် ကချင်ပြည်နယ် ကချင်လူမျိုးများအတွက် တော့ ကံဆိုးမှုတွေက အိုဘားမားတို့ ပြန်သွားကတည်းက စတင် ခဲ့တာပါလို့ ကျွန်တော်ထင်တယ်။

အိုဘားမားသယ်လားသည့် သတင်းစကားက တိုင်းရင်းသားတွေကို အပြတ်တိုက်လိုက် ဆိုသည့် သတင်း စကားလားတော့မသိပါ။

အိုဘားမားပြန်သွားသည့် နောက်တစ်ရက် ၂၀၁၄ နိုဝင်ဘာ ၁၆ ရက်နေ့မှစတင်ပြီး ယနေ့ အထိ ကချင်ပြည်နယ်တွင် ငါးလခန့် ငြိမ်းသက်နေသည့် တိုက်ပွဲများ ခါရှန်နှင့် မန်ပင့်ကျေးရွာကြားတွင် ကေအိုင်အေ တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၂) ၊ (၂၇) နှင့် အစိုးရစစ်တပ် ခမရ (၃၁၇) တို့ကြားမှ ပြန်လည်စတင်ခဲ့သည်။

ယနေ့ နိုဝင်ဘာ (၁၉) ရက်နေ့တွင် ဆိုးရွားသည် အဖြစ်အပျက်တစ်ခု တိုင်းရင်းသားများ၏ အာဇာနည် နေ့ နောက်တစ်နေ့လို့ခေါ်လို့ရသည့် အဖြစ်အပျက်တစ်ခု လိုင်ဇာအနီးရှိ ၀ိုင်ကြိုင် ဗိုလ်လောင်းသင်တန်း တွင်ဖြစ်ပွားခဲ့သည်။

အစိုးရတပ်မတော်မှ ပြည်သူတွေကို ကာကွယ်ဖို့ ပါဆိုပြီး ၀ယ်ယူထားသည့် လက်နက်ကြီးဖြင့် ခါရာ တောင်ခြေမှ မှန်ပြောင်ဖြင့်ချိန်ပြီး ပစ်လိုက်သည့်အတွက် ဗိုလ်လောင်းတက်နေသည့် တိုင်းရင်းသား အာဇာနည်ခေါင်းဆောင်များ ၄၂ ဦးထဲမှ (၅) ဦးသာ လွတ်မြောက်ခဲ့ပြီး ၂၂ ယောက်ပွဲချင်းပြီး သေဆုံးကာ ၁၅ ဦးဒဏ်ရာပြင်းထန်စွာရခဲ့ကြောင်း ကေအိုင်အေ အရာရှိများမှဆိုသည်။

ဖားကန့်ဒေသနှင့် အင်တော်ကြီးဒေသရှိ ကေအိုင်အေ စခန်းအချို့တွင်လည်း ယနေ့နံနက် အစိုးရ တပ်မတော်မှ ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယနေ့ဖြစ်ပျက်သွားသည့် ဖြစ်စဉ်များကြောင့် ကချင်ပြည်နယ်ရှိ ပြည်သူလူထုများသာမက အခြားတိုင်းရင်း သားများ သည် တိုက်ပွဲပြန် လည်ပြင်းထန် လာမည်ကို စိုးရိမ်နေကြသည်။

ကချင်ပြည်နယ်ရှိ ပြည်နယ်သူ ပြည်နယ်သားများ၏ နှလုံးသားထဲတွင် မေ့မရသည့် နေ့တစ်နေ့ဖြစ် သွားတော့မည်သာမက အစိုးရတပ်မတော်ကို မုန်းတီး စိတ်က တဖန်ပြန်လည်း ကြီးထွားလာတော့မည် မြေကြီးလက်ခတ်မလွဲပင် ။ ဆွေးနွေးပွဲဆိုတာကိုလည်းပြည်သူတွေ ယုံကြည်ဖို့ ပိုပြီးခက်ခဲလာတော့မှာပါ။

ကချင်ပြည်နယ်မှာ အခြေအနေတွင် ယခုကဲ့သို့ ဆိုးဆိုးဝါးဝါးဖြစ်နေချိန်မှာပဲ ကချင်ပြည်နယ်ဝန်ကြီးချုပ် သည် ကချင်ပြည်နယ်နေ့ကို ဂုဏ်ပြုတယ်ဟုဆို မနော်ပွဲတော်ကြီးကို ကျင်းပရန် မရပ်မနား စီစဉ်နေသည်။ ပြည်သူလူထုများ စစ်ဘေးဒုက္ခသည်များ ရိုးရာလူကြီးများ လူမှုအဖွဲ့အစည်းများ ကန့် ကွက်နေသော် လည်း မရမက လုပ်မည်ဟုဆိုကာ ကြိုးစား ပြင်ဆင်လျှက်ရှိသည်။

ဝန်ကြီးချုပ်ကိုမေးချင်တယ်။

၁။ လက်ရှိပြည်နယ်ရဲ့ အခြေအနေကို မကြေည့်ပဲ မနော်ပွဲကို ဘာကြောင့် အတင်းလုပ်ချင်နေတာလဲ။ မနော်ပွဲ မလုပ်ရရင် သေသွားမှာလား။

၂။ မနော်ပွဲကို နေပြည်တော်အစိုးရက အတင်းလုပ်ခိုင်းလို့ လုပ်ဖို့ပြင်ဆင်နေတာလား။

၃။ ကချင်ပြည်နယ် အစိုးရတပ်မတော်မှ ထိုးစစ်ဆင်မှုများ ဆက်တိုက်ရှိနေပြီး တိုက်ပွဲများဆက်တိုက်ပြန်ဖြစ် လာတယ်။ လူတွေသေတယ်။ ဒါကိုဝန်ကြီးချုပ်အနေနဲ့ ကိုယ်ပြည်နယ်သူ ပြည်နယ်သားတွေအတွက် ဘာလုပ်ဆောင်ပေးနိုင်လဲ။

၎။ ပြည်သူတွေ ဒုက္ခသည်ရောက်နေချိန် ၀န်ကြီးချုပ်က ပျော်နေနိုင်လား။ မနော်ပွဲကို ပျော်ပျာ်ဖြင့် လုပ်နိုင် မှာလား။

၅။ ၀န်ကြီးချုပ်က ကချင်ပြည်နယ်လူထုအတွက် အလုပ်လုပ်တာလား နေပြည်တော် အစိုးရအတွက် အလုပ်လုပ်တာလား။

ကျေးဇူးပြုပြီး ဖြေပေးစေလိုပါတယ်။

Kachinwave

No comments:

Post a Comment