Thursday 20 November 2014

မန္တလေးတက္ကသိုလ်တွင်း ဌာနနေရာ ရွှေ့ပြောင်းမှုနှင့်ပတ်သက်၍ ဆရာအချို့မကျေနပ်မှုဖြစ်ပေါ်

မန္တလေးတက္ကသိုလ် အတွင်းရှိ ဌာနအချို့ကို   နေရာရွှေ့ပြောင်းရန်ပြုလုပ်နေပြီး ယင်းကဲ့သို့     ပြောင်းရွှေ့ ရမည့် အပေါ် တွင် တက္ကသိုလ်ဆရာ၊ဆရာမ အချို့က    မကျေနပ်မှုများရှိနေ ကြောင်း သတင်းရရှိသည်။

တက္ကသိုလ်ပရိဝုဏ်အတွင်းရှိ အကယ်ဒမီဆောင်တွင် ဌာနခြောက်ခုရှိသည့်အနက် ဝိဇ္ဇာပညာရပ် သုံးခုဖြစ် သည့် မြန်မာစာ၊ အင်္ဂလိပ်စာနှင့် သမိုင်းဌာနများ ကို မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်ဟောင်းနေရာသို့ လာမည့်ဒီဇင်ဘာ မတိုင်မီ အပြီး ပြောင်းရွှေ့ရန် ယခုလ ၁၈ ရက် က တရားဝင်စာရောက်ရှိလာခဲ့ သည်။ ရွှေ့ပြောင်းရန် စာပို့ခံထား ရသည့် အဆိုပါဌာနများအနက် သမိုင်းဌာန မှာ သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်း ကိုယ်တိုင် ဦးဆောင် တည်ထောင် ခဲ့ပြီး ကွယ်လွန်သည်အထိ နေထိုင် သွားရာ ဂန္ထဝင်နေ ရာဖြစ်နေသည့်အတွက် ယင်းဌာနမှဆရာ၊ ဆရာမအချို့က မပြောင်းရွှေ့လိုဘဲ ဌာနအဟောင်း နေရာတွင်ပင် ဆက်လက်ထားရှိစေရန် ဆန္ဒရှိနေကြကြောင်း အမည်မဖော်လိုသူ  တက္ကသိုလ်ဆရာမ တစ်ဦးက ပြောကြားသည်။

‘‘အချိန်မပေးဘဲ   ဆရာ၊ ဆရာမတွေချည်းပဲနဲ့  တစ်ပတ်  အတွင်းပြောင်းပေးဖို့ ပြောထား တာ။ လာမယ့် ဒီဇင်ဘာမှာ ကျောင်းတွေပြန်ဖွင့်ဖို့နဲ့ စာသင်ရ မှာနဲ့ဆိုတော့ တော်တော်အခက် အခဲဖြစ်ရတယ်’’ဟု နိုင်ငံခြား ဘာသာတက္ကသိုလ်နေရာသို့ ရွှေ့ ပြောင်းရမည့်ဌာနတစ်ခုမှ ဆရာမတစ်ဦးက ပြောသည်။

ယခုရွှေ့ပြောင်းရမည့် ဌာန သုံးခုတည်ရှိရာ အကယ်ဒမီ ဆောင်တွင် စုစုပေါင်းဌာန ခြောက်ခုရှိပြီး နေရာ ကျဉ်းကျပ်မှု များဖြစ်ပေါ်နေ၍ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်နေရာသို့ ရွှေ့ပြောင်းရန် စီစဉ် ရခြင်း ဖြစ်ကြောင်း၊ ယခုဌာန သုံးခုသာမက မန္တလေးတက္ကသိုလ် ပရိဝုဏ်အတွင်းရှိ စာသင်ကျောင်းသား များသည့် နိုင်ငံတကာဆက်ဆံ ရေးဌာနကိုပါ နိုင်ငံခြားဘာသာ တက္ကသိုလ်ဟောင်းနေရာသို့ရွှေ့ ပြောင်းရန်  အစီ အစဉ် ရှိကြောင်း မန္တလေးတက္ကသိုလ်မှ   ပါမောက္ခချုပ်    ဒေါက်တာမောင်သင်းက ပြောသည်။

မန္တလေးတက္ကသိုလ်အတွင်းရှိ စာသင်ဆောင်အများစုမှာ တစ်ထပ်ဆောင်များဖြစ်ပြီး ယင်း အဆောင်များကို     အနာဂတ်ကာလတွင် ပြန်လည်အဆင့်မြှင့် တင်မှုများပြုလုပ်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြော သည်။

7Day DAILY 

No comments:

Post a Comment