Thursday 20 November 2014

အကြမ်းဖက် အဖွဲ့နှင့် ဆက်သွယ်ဟု သံသယဖြင့် ဖမ်းထားသူ ၂၀မှ ၇ဦးကို အမှုနှင့် မဆိုင်ကြောင်း ပြည်ထောင်စု တရား လွှတ်တော် ချုပ်ထိ တင်မည်

အကြမ်းဖက် အဖွဲ့ အစည်းနှင့် ဆက်သွယ်သည် ဟုဆိုကာ သံသယ ရှိသဖြင့် တောင်ကြီးမြို့ တောင်လေး လုံးထောင်တွင် ဖမ်းဆီးထား သူ အယောက် ၂၀ထဲမှ အမှုနှင့် ငြိစွန်းခြင်း မရှိသည့် ၇ ဦးကို အမှုမှ ပြင်ဆင် ချက်ပေးရန် နေပြည်တော် ကောင်စီရှိ ပြည်ထောင်စု တရား လွှတ်တော် ချုပ်ရုံး အထိ တင်ပြသွားမည်ဟု ရှေ့နေလိုက် ပါဆောင် ရွက်ပေးနေ သည့်တရား လွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုးက မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးထား ခံရသူ များထဲမှ ၇ ဦးခန့်မှာ မည်သည့် ဆက်သွယ်မှု စာရွက် စာတန်း မှတ်တမ်းမျှ မတွေ့ရှိ ရသည့် အတွက် ရှမ်းပြည်နယ် တရားလွှတ်တော် သို့ နို ဝင်ဘာ ၃ရက်က အယူခံလွှာ တင်သွင်း ပေးခဲ့ရာ ပယ်ချခံ ခဲ့ရသည့် အတွက် ပြည်ထောင်စု တရား လွှတ်တော် အထိ ဆက်လက် တင်သွင်းသွား မည်ဟု အခမဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုးက ဆိုသည်။

"ဒီ ခုနှစ်ယောက်က အမှုနဲ့ လုံးဝ ငြိစွန်းခြင်း မရှိတဲ့ အတွက်ကြောင့် သူတို့ကို ဆွဲချက် တင်တာ မှားပါတယ် ဆိုပြီးတော့ တင်ပြသွား မှာဖြစ်တယ်” ဟု၎င်းကမဇ္ဈိမ ကို ပြောသည်။ နေပြည်တော်ကောင်စီ ရှိ ပြည်ထောင်စု တရား လွှတ်တော် ချုပ်ရုံး တင်ပြရန် အမှုတွဲ မိတ္တူ ရရှိ ပြီဖြစ်ပြီး လက်ခံနိုင်ရေး အတွက် နိုဝင်ဘာ ၂၇ရက်တွင် သွား   ရောက် လျှောက်လဲ ချက်ပေးသွား မည်ဟု တရား လွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုးက ဆိုသည်။

တောင်ကြီးခရိုင် တရားရုံးတွင် ယင်းအ မှုအား ခရိုင်တရား သူကြီးမှ စစ်ဆေးနေ ခြင်းဖြစ်ပြီး ရုံးချိန်း ၂၀ ချိန်းတွင် ၂၀ဦးမှ ၇ ဦးကို စစ်ဆေးပြီး ဖြစ်သည်ဟု ဖမ်းဆီး ထိန်းသိမ်းခံ ထားရသူ များ၏ မိသားစုဝင် များက ပြောသည်။ အကြမ်းဖက် အဖွဲ့အစည်းနှင့် ဆက်သွယ်သည်ဟု သံသယဖြင့် ဖမ်းဆီးခံခဲ့ရသူ အယောက် ၂၀ ဦးမှာ တောင်ကြီးမှ ၁၂ ဦး၊ ကွန်ဟိန်းမှ ၁ ဦး၊ နေပြည်တော်မှ ၁ ဦးနှင့် ကျောက်ဆည် မှ  ၆ ဦး တို့ဖြစ်ပြီး အမျိုးသား ၁၆ဦး၊ အမျိုးသမီး ၄ ဦးတို့ဖြစ်သည်။

သြဂုတ်လ ၄ ရက် တွင် တောင်ကြီးမှ ကွန်ဟိန်းမြို့ရှိ မင်္ဂလာဆောင် သို့အသွား အကြမ်းဖက် အဖွဲ့အစည်း နှင့်ဆယ်နွယ်မှုရှိသည် ဟု သတင်း အရ ၄င်း အယောက် ၂၀ ဦးမှာ ဖမ်းဆီး ခံခဲ့ ရခြင်းဖြစ်သည်။ အကြမ်းဖက် အဖွဲ့အစည်းနှင့် ဆက်သွယ်သည့်ဟု သံသယဖြင့် ဖမ်းဆီး ခံခဲ့ရသူ အယောက် ၂၀ ဦးအား အရေးပေါ် စီမံမှု ဥပဒေပုဒ်မ ၅ (ည) ၊ ပေါက်ကွဲစေ တတ်သော လက်နက် ဥပဒေနှင့် လူထုကို စည်းရုံးလှုံ့ဆော်မှု ၅ (ဌ) တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment