Thursday 20 November 2014

IS အုပ်စုများ အီဂျစ်နယ်စပ်ရှိ လစ်ဗျားနိုင်ငံ၏ မြို့တစ်မြို့ကို စတင်သိမ်းပိုက်

Photo: IS အုပ်စုများ အီဂျစ်နယ်စပ်ရှိ လစ်ဗျားနိုင်ငံ၏ မြို့တစ်မြို့ကို စတင်သိမ်းပိုက်
Thursday, November 20, 2014

အီရတ်နှင့် ဆီးရီးယားနိုင်ငံတို့တွင် ခြေကုပ်ယူ လှုပ်ရှားနေသော အစွန်းရောက် အကြမ်းဖက်အုပ်စု ဖြစ်သည့် အစ္စလာမ္မစ်နိုင်ငံတော် IS အဖွဲ့မှ လက်နက်ကိုင်များသည် ယခုအခါ အီဂျစ်နယ်စပ် ဒေသအနီးရှိ လစ်ဗျားနိုင်ငံ၏ မြို့တစ်မြို့ ဖြစ်သော ဒါနာကို သိမ်းပိုက်ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။

ယခု IS အုပ်စုတို့ သိမ်းပိုက်လိုက်သည့် မြို့မှာ လစ်ဗျား ဗဟိုအစိုးရအဖွဲ့ ယခင်က ရုံးစိုက်ခဲ့သော တိုဘာ့မြို့နှင့် အနည်းငယ်မျှ ကွာဝေးသည့် နေရာတွင် တည်ရှိသည်။

လတ်တလော လစ်ဗျားနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး မတည်မငြိမ်မှုများကို IS အုပ်စုက အခွင့်ကောင်းယူကာ နယ်မြေချဲ့ထွင်မှုများ ပြုလုပ်သွားရန် စီစဉ်နေခြင်း ဖြစ်သည်။

ယခု ဒါနာမြို့ကို သိမ်းပိုက်ထားသော IS အုပ်စု အင်အား ၈၀၀ ခန့် ရှိပြီး ယင်းအနက် ၃၀၀ ခန့်မှာ လစ်ဗျားနိုင်ငံမှ ဂျီဟတ်ဝါဒီများ ဖြစ်ကာ ၎င်းတို့သည် ဆီးရီးယားနှင့် အီရတ်တို့ရှိ IS အုပ်စုတို့နှင့် ပူးတွဲတိုက်ခိုက်ခဲ့သော လက်နက်ကိုင်များ ဖြစ်သည်။

IS အုပ်စု ခေါင်းဆောင် အဘူဘာ ကာအယ်ဘာဒီဒီက လစ်ဗျားစစ်သွေးကြွများ အပါအဝင် အခြားသော တပ်ဖွဲ့ဝင်သစ်များသည် မိမိတို့အဖွဲ့နှင့် လာရောက် ပူးပေါင်းတော့မည် ဖြစ်သည်ဟု ပြီးခဲ့သည့် သတင်းပတ်အတွင်း အသံဖိုင်ဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယခုနောက်ဆုံး IS တို့ သိမ်းပိုက် ရယူထားသည့် ဒါနာမြို့တွင် လူပေါင်း ၁၀၀၀၀၀ ခန့် နေထိုင်လျက် ရှိပြီး အီဂျစ်နိုင်ငံ နယ်စပ်ဒေသနှင့် များစွာ မဝေးကွာဘဲ ဥရောပသမဂ္ဂတောင်ပိုင်း ကမ်းခြေဒေသများနှင့် မိုင် ၂၀၀ ခန့်သာ ကွာဝေးသည်။

လစ်ဗျားရှိ သတင်းရင်းမြစ်များ အဆိုအရ ဒါနာမြို့ရှိ IS အုပ်စုသည် ဆင်ခြေဖုံး ဒေသများတွင် စခန်းများ ဖွင့်လှစ်ထားပြီး စစ်ရေး လေ့ကျင့်သင်ကြားမှုများလည်း လုပ်ဆောင်လျက် ရှိကြောင်း၊ အဆိုပါအဖွဲ့မှ တိုက်ခိုက်ရေးသမား ၃၀၀ ခန့်သည် IS အုပ်စု လိုလားသည့် ဒါနာအခြေစိုက် လူငယ်အစ္စလာမ်အဖွဲ့မှ တိုက်ခိုက်ရေးသမားများ ဖြစ်ကြောင်း သိရသည်။

သို့သော် အဆိုပါ အုပ်စုသည် လစ်ဗျားရှိ အယ်လ်ကေဒါ သစ္စာတော်ခံ အုပ်စုဖြစ်သော အဘူဆယ်လမ် အမည်ရ စစ်သွေးကြွအုပ်စုနှင့်အတူ သြဇာလွှမ်းမိုးရန် ယှဉ်ပြိုင်ကြိုးပမ်းနေရသည်ဟု ယခင် လစ်ဗျား ဂျီဟတ် အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်ပြီး ယခုအခါ တန်ပြန်အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“လစ်ဗျားရဲ့ နိုင်ငံရေး ဖရိုဖရဲဖြစ်နေတဲ့ အခြေအနေတွေကို အခွင့်ကောင်းယူပြီး IS အုပ်စုတွေက သူတို့ရဲ့ အစ္စလာမ္မစ်နိုင်ငံတော် နယ်မြေချဲ့ထွင်ဖို့ ကြိုးပမ်းနေကြတယ်” ဟု ၎င်းကဆိုသည်။

လစ်ဗျားနိုင်ငံသည် အာဏာရှင် သမ္မတ မွမ်မာကဒါဖီ ကျဆုံးသွားသည့် ၂၀၁၁ ခုနှစ်မှ စတင်ကာ မတည်မငြိမ်မှုများနှင့် ရင်ဆိုင်နေရသလို လက်ရှိ အစိုးရမှာလည်း ပြည်တွင်း၌ ထကြွသောင်းကျန်းလျက် ရှိသည့် စစ်သွေးကြွများ၏ တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရသည်။

The Voice Weekly
အီရတ်နှင့် ဆီးရီးယားနိုင်ငံတို့တွင် ခြေကုပ်ယူ လှုပ်ရှားနေသော အစွန်းရောက် အကြမ်းဖက်အုပ်စု ဖြစ်သည့် အစ္စလာမ္မစ်နိုင်ငံတော် IS အဖွဲ့မှ လက်နက်ကိုင်များသည် ယခုအခါ အီဂျစ်နယ်စပ် ဒေသအနီးရှိ လစ်ဗျားနိုင်ငံ၏ မြို့တစ်မြို့ ဖြစ်သော ဒါနာကို သိမ်းပိုက်ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း CNN သတင်းဌာန က ရေးသား ဖော်ပြသည်။

ယခု IS အုပ်စုတို့ သိမ်းပိုက်လိုက်သည့် မြို့မှာ လစ်ဗျား ဗဟိုအစိုးရအဖွဲ့ ယခင်က ရုံးစိုက်ခဲ့သော တိုဘာ့မြို့နှင့် အနည်းငယ်မျှ ကွာဝေးသည့် နေရာတွင် တည်ရှိသည်။

လတ်တလောလစ်ဗျားနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေးမတည်မငြိမ်မှုများကို IS အုပ်စုက အခွင့် ကောင်း ယူကာ နယ်မြေချဲ့ထွင်မှုများ ပြုလုပ်သွားရန် စီစဉ်နေခြင်း ဖြစ်သည်။

ယခု ဒါနာမြို့ကို သိမ်းပိုက်ထားသော IS အုပ်စု အင်အား ၈၀၀ ခန့် ရှိပြီး ယင်းအနက် ၃၀၀ ခန့်မှာ လစ်ဗျားနိုင်ငံမှ ဂျီဟတ်ဝါဒီများ ဖြစ်ကာ ၎င်းတို့သည် ဆီးရီးယားနှင့် အီရတ်တို့ရှိ IS အုပ်စုတို့နှင့် ပူးတွဲ တိုက်ခိုက်ခဲ့သော လက်နက်ကိုင်များ ဖြစ်သည်။

IS အုပ်စု ခေါင်းဆောင် အဘူဘာ ကာအယ်ဘာဒီဒီက လစ်ဗျားစစ်သွေးကြွများ အပါအဝင် အခြားသော တပ်ဖွဲ့ဝင်သစ်များသည် မိမိတို့အဖွဲ့နှင့် လာရောက် ပူးပေါင်းတော့မည် ဖြစ်သည်ဟု ပြီးခဲ့သည့် သတင်းပတ် အတွင်း အသံဖိုင်ဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယခုနောက်ဆုံး IS တို့ သိမ်းပိုက် ရယူထားသည့် ဒါနာမြို့တွင် လူပေါင်း ၁၀၀၀၀၀ ခန့် နေထိုင်လျက် ရှိပြီး အီဂျစ်နိုင်ငံ နယ်စပ်ဒေသနှင့် များစွာ မဝေးကွာဘဲ ဥရောပသမဂ္ဂတောင်ပိုင်း ကမ်းခြေဒေသများနှင့် မိုင် ၂၀၀ ခန့်သာ ကွာဝေးသည်။

လစ်ဗျားရှိ သတင်းရင်းမြစ်များ အဆိုအရ ဒါနာမြို့ရှိ IS အုပ်စုသည် ဆင်ခြေဖုံး ဒေသများတွင် စခန်းများ ဖွင့်လှစ်ထားပြီး စစ်ရေး လေ့ကျင့်သင်ကြားမှုများလည်း လုပ်ဆောင်လျက် ရှိကြောင်း၊ အဆိုပါအဖွဲ့မှ တိုက်ခိုက်ရေးသမား ၃၀၀ ခန့်သည် IS အုပ်စု လိုလားသည့် ဒါနာအခြေစိုက် လူငယ်အစ္စလာမ်အဖွဲ့မှ တိုက်ခိုက်ရေးသမားများ ဖြစ်ကြောင်း သိရသည်။

သို့သော် အဆိုပါ အုပ်စုသည် လစ်ဗျားရှိ အယ်လ်ကေဒါ သစ္စာတော်ခံ အုပ်စုဖြစ်သော အဘူဆယ်လမ် အမည်ရ စစ်သွေးကြွအုပ်စုနှင့်အတူ သြဇာလွှမ်းမိုးရန် ယှဉ်ပြိုင်ကြိုးပမ်းနေရသည်ဟု ယခင် လစ်ဗျား ဂျီဟတ် အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်ပြီး ယခုအခါ တန်ပြန်အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“လစ်ဗျားရဲ့ နိုင်ငံရေး ဖရိုဖရဲဖြစ်နေတဲ့ အခြေအနေတွေကို အခွင့်ကောင်းယူပြီး IS အုပ်စုတွေက သူတို့ရဲ့ အစ္စလာမ္မစ်နိုင်ငံတော် နယ်မြေချဲ့ထွင်ဖို့ ကြိုးပမ်းနေကြတယ်” ဟု ၎င်းကဆိုသည်။

လစ်ဗျားနိုင်ငံသည် အာဏာရှင် သမ္မတ မွမ်မာကဒါဖီ ကျဆုံးသွားသည့် ၂၀၁၁ ခုနှစ်မှ စတင်ကာ မတည် မငြိမ်မှုများနှင့် ရင်ဆိုင်နေရသလို လက်ရှိ အစိုးရမှာလည်း ပြည်တွင်း၌ ထကြွသောင်းကျန်းလျက် ရှိသည့် စစ်သွေးကြွများ၏ တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရသည်။

The Voice Weekly

No comments:

Post a Comment