Thursday 20 November 2014

KIO/KIA အပစ်မရပ်သရွေ့ ကချင်ငြိမ်းချမ်းရေး အလှမ်းဝေးနေဦးမည်

Photo: KIO/KIA အပစ်မရပ်သရွေ့ ကချင်ငြိမ်းချမ်းရေး အလှမ်းဝေးနေဦးမည်
Thursday, November 20, 2014 

ယနေ့လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲတွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် မရေးထိုးသောအဖွဲ့သည် ကချင်လွတ်မြောက်ရေးအဖွဲ့၊ကချင်လွတ်မြောက်ရေးတပ်မတော်(KIO/KIA)အဖွဲ့ပင် ဖြစ်သည်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရန် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များဘက်မှ NCCT အဖွဲ့ ဦးဆောင် ဆွေးနွေးနေသော်လည်း KIO/KIA ခေါင်းဆောင်များ ထိပ်ပိုင်းနေရာ ယူထားမှုက မေးခွန်းထုတ်စရာ ဖြစ်နေပါသည်။
NCCT မှာ ဒုဥက္ကဋ္ဌက KIA ဒုစစ်ဦစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ဖြစ်ပါသည်။

ကိုယ့်ပြည်နယ်အတွက် ပြည်နယ်အဆင့် အပစ်ရပ် လက်မှတ်ထိုးခြင်းမရှိသေးသော KIA အဖွဲ့မျိုးက ခေါင်းဆောင်တက် လုပ်နေပြီဆိုမှတော့ UPWC နှင့် NCCT တို့ ကြား အပစ်ရပ်ရေး လိပ်ခဲတည်းလဲ ဖြစ်နေရတာ သိပ်တော့မဆန်းလှပါ။ ငြိမ်းချမ်းရေးမလိုချင်သာ ဂွမ်မော်လို လူမျိုးကို နေရာပေးထားမှတော့ ငါးပါးမှောက်ပြီပေါ့။
ထို့ထက်မေးစရာဖြစ်လာတာက ကချင်ငြိမ်းချမ်းရေးဘယ်တော့ရမလဲဟူသော အဖြေဖြစ်ပါသည်။ KIO/KIA အပစ်မရပ်သရွေ့ကတော့ ကချင်မှာ ငြိမ်းချမ်းရေး မရနိုင်ဘူးလို့ပဲ ပြောရပါမည်။

အပစ်ရပ်ချင်စိတ်မရှိတာမဟုတ်ဘဲ ဈေးတွက်တွက်နေခြင်းကြောင့် ကြန့်ကြာနေသည်ဟု ဆိုချင်ပါသည်။ အပစ်မရပ်ဘဲနဲ့ နိုင်ငံရေးဆွေးနွေးပွဲဆီ သွားချင်သည်ဟု KIO/KIA ဘက်က အသံထွက်လာသည်။ အဆင့်ကျော်လွန်ခြင်းဖြစ်၍ အစိုးရက သဘောတူ လက်ခံခြင်း မရှိပေ။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူလက်မှတ်ရေးထိုးခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တစ်ခုလုံး၏ အခြေခံအုပ်မြစ်ဖြစ်ပါသည်။ အဆင့်ကျော်၍ သွားမရသလို၊ မလုပ်ဘဲမထားပြန်ရင်လည်း မဖြစ်သောအခြေအနေ ဖြစ်သည်။ အပစ်ရပ်နိုင်လျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်သည်ဟု ဆိုနိုင်ပါသည်။ အပစ်မရပ်ဘဲ နိုင်ငံရေး ဆွေးနွေးပါက အုပ်မြစ်မခိုင်ပဲ ခရီးမဆုံးခင် လဲပြိုကျသွားတတ်ပါသည်။

ထို့ကြောင့် ကချင်ပြည်နယ်ထဲမှာ လွန်ခဲ့သော သုံးရက်ခန့်မှစပြီး တိုက်ပွဲသံများ ပြန်ကြားလာသည်။ ဒေသခံပြည်သူ များ အထုပ်အပိုး ပြင်ထားကြရသည်။ တိုက်ပွဲပြင်းထန်လာလျှင် ဒုက္ခသည်စခန်းများဆီသို့ သွားရောက်ခိုလှုံကြရ မည်။ ထိုဒုက္ခ၀ဲဂယက်ထဲကနေ ရုန်းမထွက်နိုင်ဘဲ လှုပ်လေမြှုပ်လေ ဖြစ်နေရသည်။
သို့ဆိုလျှင် ဒေသခံပြည်သူတွေ လိုလားသော ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်မဲ့သွားရပြန်ပါပြီ။ စစ်ဟူသောမီး သည် မစလျှင်ငြိမ်းနေသည်။ စမိ၍ တောက်လောင်ပြီဆိုပါက တော်တော်နှင့်မငြိမ်းပေ။ KIO/KIA အပစ်အခတ် မရပ် သရွေ့ကတော့ ကချင်ငြိမ်းချမ်းရေး အလှမ်းဝေးနေဦးမည်ဟုသာ ဆိုချင်ပါသည်။

ဇော်ဆိုင်း
KDN
ယနေ့လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲတွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် မရေးထိုးသောအဖွဲ့သည် ကချင်လွတ်မြောက်ရေးအဖွဲ့၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIO/KIA)အဖွဲ့ပင် ဖြစ်သည်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုး နိုင်ရန် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များဘက်မှ NCCT အဖွဲ့ ဦးဆောင် ဆွေးနွေးနေသော်လည်း KIO/KIA ခေါင်းဆောင်များ ထိပ်ပိုင်းနေရာ ယူထားမှုက မေးခွန်းထုတ်စရာ ဖြစ်နေပါသည်။ NCCT မှာ ဒုဥက္ကဋ္ဌက KIA ဒုစစ်ဦစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ဖြစ်ပါသည်။

ကိုယ့်ပြည်နယ်အတွက် ပြည်နယ်အဆင့် အပစ်ရပ် လက်မှတ်ထိုးခြင်းမရှိသေးသော KIA အဖွဲ့မျိုးက ခေါင်းဆောင်တက် လုပ်နေပြီဆိုမှတော့ UPWC နှင့် NCCT တို့ ကြား အပစ်ရပ်ရေး လိပ်ခဲတည်းလဲ ဖြစ်နေ ရတာ သိပ်တော့မဆန်းလှပါ။ ငြိမ်းချမ်းရေးမလိုချင်သာ ဂွမ်မော်လို လူမျိုးကို နေရာပေးထားမှတော့ ငါးပါး မှောက်ပြီပေါ့။ ထို့ထက်မေးစရာဖြစ်လာတာက ကချင်ငြိမ်းချမ်းရေးဘယ်တော့ရမလဲဟူသော အဖြေဖြစ်ပါ သည်။ KIO/KIA အပစ်မရပ်သရွေ့ကတော့ ကချင်မှာ ငြိမ်းချမ်းရေး မရနိုင်ဘူးလို့ပဲ ပြောရပါမည်။

အပစ်ရပ်ချင်စိတ်မရှိတာမဟုတ်ဘဲ ဈေးတွက်တွက်နေခြင်းကြောင့် ကြန့်ကြာနေသည်ဟု ဆိုချင်ပါသည်။ အပစ်မရပ်ဘဲနဲ့ နိုင်ငံရေးဆွေးနွေးပွဲဆီ သွားချင်သည်ဟု KIO/KIA ဘက်က အသံထွက်လာသည်။ အဆင့်ကျော်လွန်ခြင်းဖြစ်၍ အစိုးရက သဘောတူ လက်ခံခြင်း မရှိပေ။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တစ်ခုလုံး၏ အခြေခံအုပ်မြစ်ဖြစ်ပါသည်။ အဆင့် ကျော်၍ သွားမရသလို၊ မလုပ်ဘဲမထားပြန်ရင်လည်း မဖြစ်သောအခြေအနေ ဖြစ်သည်။ အပစ်ရပ်နိုင် လျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်သည်ဟု ဆိုနိုင်ပါသည်။ အပစ်မရပ်ဘဲ နိုင်ငံရေး ဆွေးနွေးပါက အုပ်မြစ်မခိုင်ပဲ ခရီးမဆုံးခင် လဲပြိုကျသွားတတ်ပါသည်။

ထို့ကြောင့် ကချင်ပြည်နယ်ထဲမှာ လွန်ခဲ့သော သုံးရက်ခန့်မှစပြီး တိုက်ပွဲသံများ ပြန်ကြားလာသည်။ ဒေသခံပြည်သူ များ အထုပ်အပိုး ပြင်ထားကြရသည်။ တိုက်ပွဲပြင်းထန်လာလျှင် ဒုက္ခသည်စခန်းများဆီသို့ သွားရောက်ခိုလှုံကြရ မည်။ ထိုဒုက္ခ၀ဲဂယက်ထဲကနေ ရုန်းမထွက်နိုင်ဘဲ လှုပ်လေမြှုပ်လေ ဖြစ်နေရသည်။
သို့ဆိုလျှင် ဒေသခံပြည်သူတွေ လိုလားသော ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်မဲ့သွားရပြန်ပါပြီ။ စစ် ဟူသော မီးသည် မစလျှင်ငြိမ်းနေသည်။ စမိ၍ တောက်လောင်ပြီဆိုပါက တော်တော်နှင့်မငြိမ်းပေ။ KIO/ KIA အပစ်အခတ် မရပ် သရွေ့ကတော့ ကချင်ငြိမ်းချမ်းရေး အလှမ်းဝေးနေဦးမည်ဟုသာ ဆိုချင်ပါသည်။

ဇော်ဆိုင်း
KDN

No comments:

Post a Comment