Thursday 20 November 2014

ခရီးသည်တင်ယာဉ် မတော်တဆမှုကြောင့် (၁၅) ရက်အတွင်း သေဆုံးသူ (၁၀) ဦးဝန်းကျင်ရှိခဲ့

ရန်ကုန်တိုင်းဒေသကြီး အတွင်း ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့ အထိ ခရီးသည်တင် ယာဉ်လိုင်းများ မတော်တဆ ဖြစ်ပွား မှုကြောင့် ဒဏ်ရာ ရရှိသူ (၂၀) ကျော်နှင့် သေဆုံးသူ (၁၀) ဦး ၀န်းကျင်ထိ ရှိခဲ့ကြောင်း မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ မှ သိရသည်။
အဆိုပါ ယာဉ် မတော်တဆမှု များမှာ အရှိန် မြင့်မားစွာ မောင်းနှင်ခြင်း၊ ဘရိတ်ပေါက်ခြင်း၊ လူကို ရှောင်တိမ်းမှုကြောင့် ဖြစ်ပွားခြင်းနှင့် စည်းကမ်းမဲ့ မောင်းနှင်ခြင်း စသည် တို့ကြောင့် ဖြစ်ကြောင်း သိရသည်။ ယာဉ် လုပ်သားတွေ အတတ်နိုင်ဆုံး စည်းကမ်းတကျ လိုက်နာဖို့ ကြိုးပမ်း ဆောင်ရွက်နေ ပါတယ်။ အဲဒါကြောင့် ခရီးသည်တင် ယာဉ်မတော်တဆမှု တွေကတော့ တဖြည်းဖြည်း လျော့လာတယ် ဟု မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုများ အနက် အနောက်ပိုင်း ခရိုင် ယာဉ်လိုင်းတွင် အများဆုံး တိုက်မှု ဖြစ်ပွားပြီး၊ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ အများစုမှာ စက်ဘီး စီးနင်းလာသူများ ဖြစ်ကြောင်း သိရသည်။ ယာဉ် မတော်တဆမှုများ လျှော့ချနိုင်ရန် အတွက် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များအား ပညာပေး ဆွေးနွေးမှုများ ပြုလုပ်နေသည့် အပြင် ယာဉ် လုပ်သားများ ကိုလည်း အခြေခံ သင်တန်းများ ဖွင့်လှစ် သင်ကြားပေး နေကြောင်း သိရသည်။

ယခုလ (၁၅) ရက်အတွင်း အဆိုးဝါးဆုံး ယာဉ် မတော်တဆမှုမှာ အနောက်ပိုင်း ခရိုင် ၁၀၁(၀ါ) ယာဉ် အမှတ် ၈က ...........ဒိုင်နာ ယာဉ်သည် ကထိန် အတွက် ပဒေသာပင် ပို့ဆောင်ပြီး အပြန်တွင် အရှိန် မထိန်းနိုင်ဘဲ လမ်း၏ ယာဘက် သစ်ပင်အား တိုက်မိခဲ့ ခြင်းကြောင့် ကျားနှစ်ဦး သေဆုံးပြီး မ (၁၈)ဦး ဒဏ်ရာ ရရှိခဲ့သည့် ဖြစ်စဉ် ဖြစ်သည်။

Messenger News Journal

No comments:

Post a Comment