Thursday 20 November 2014

ဖိလစ်ပိုင် အိမ်ခြံမြေကုမ္ပဏီ မြန်မာနိုင်ငံသို့ ဝင်ရောက်လာ

Photo: ဖိလစ်ပိုင် အိမ်ခြံမြေကုမ္ပဏီ မြန်မာနိုင်ငံသို့ ဝင်ရောက်လာ
Thursday, November 20, 2014

ဖိလစ်ပိုင် အိမ်ခြံမြေလုပ်ငန်း ကုမ္ပဏီကြီး Ayala Land Inc သည် အရှေ့တောင်အာရှ ဈေးကွက်အတွင်း ဝင်ရောက်ရေး အစိတ်အပိုင်း တစ်ရပ်အဖြစ် မြန်မာနိုင်ငံ လက်လီအရောင်း ဈေးဆိုင်လုပ်ငန်းတွင် ဦးဆောင်လျက်ရှိသော City Mart Holding နှင့် ပူးပေါင်းကာ တစ်ဟုန်ထိုး ကြီးထွားလာနေသော မြန်မာ့အိမ်ခြံမြေ ဈေးကွက်တွင် ဝင်ရောက်လုပ်ကိုင်ရန် စီစဉ်နေသည်။

Ayala Carp ကုမ္ပဏီစု၏ ဗျူဟာနှင့် ဖွံ့ဖြိုးရေးဌာနမှူး  ပေါ်လို-ဘိုရိုမီယိုက ပြောကြားရာတွင် လုပ်ကိုင်မည့် စီမံကိန်းများကို သတ်မှတ် ရွေးချယ်ပြီးဖြစ် ကြောင်း၊ ပူးပေါင်းပါဝင်ရမည့် အသေးစိတ် အချက်အလက်များကိုသာ သတ်မှတ်ဆုံးဖြတ်ရန်သာ ကျန်တော့ကြောင်း ပြောသည်။

မြန်မာနိုင်ငံတွင် ဗီယက်နမ်နိုင်ငံ၌ ကဲ့သို့ပင် ရောနှောအသုံးပြု  အဆောက်အဦးများသာ ဆောက်လုပ်မည်ဖြစ်ကြောင်း၊ သို့သော် Ayala က လက်ရှိလုပ်ကိုင်လျက်ရှိသော စီမံကိန်းများနှင့် နှိုင်းယှဉ်လျှင်မူ အလွန် သေးငယ်ကြောင်း ပြောသည်။ City Mart Holding သည် မြန်မာနိုင်ငံတွင် စူပါမားကတ်၊  မုန့်လုပ်ငန်း၊ ကော်ဖီဆိုင်၊ ဆေးဝါးအရောင်းဆိုင်များ၊ ကလေးအသုံးအဆောင် အရောင်းဆိုင်များနှင့် သက်သာစတိုးဆိုင်များ အစရှိသည့် ကုန်မျိုးစုံ လက်လီအရောင်းဆိုင်များကို ဖွင့်လှစ်လုပ်ကိုင် လျက်ရှိသည်။ City Mart တည်ထောင်သူနှင့် ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းတင့်သည် ၁၉၉၇ က ပထမကုမ္ပဏီအုပ်စုကိုလည်း တည်ထောင်ခဲ့သူဖြစ်သည်။

Supermarket Queen ဟု မြန်မာ့မီဒီယာက တင်စားခေါ်ဝေါ်ခြင်းခံရသူ ဒေါ်တင်ဝင်းဝင်းသည် မေလအတွင်းက ဖိလစ်ပိုင်က အိမ်ရှင်အဖြစ် ကျင်းပခဲ့သော အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ် ၂၀၁၄ သို့ တက်ရောက်စဉ်က ဖိလစ်ပိုင်သို့ သွားရောက်ခဲ့သည်။

“City Mart လုပ်ချင်နေတာက သူတို့မှာ ခြံတွေမြေတွေရှိနေတယ်။ အဲဒါတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ချင်နေတယ်” ဟု ဘိုရိုမီယို က ပြောသည်။ “ရန်ကုန်မှာ လုပ်နေတဲ့ စီမံကိန်းတွေနဲ့ပဲ စရမှာပဲ” ဟု ၎င်းက ဆက်ပြောသည်။

City Mart ကဲ့သို့ကုမ္ပဏီမျိုးနဲ့ ပူးပေါင်းလုပ်ကိုင်ခွင့်ရ၍ Ayala Group ၏ အလားအလာသည် မြန်မာနိုင်ငံမှာ ကောင်းသည်ဟုလည်းဆိုသည်။ ၂၀၁၅ တွင် အရှေ့တောင်အာရှ စီးပွားရေး အသိုက်အဝန်း ပေါင်းစည်းချိန်တွင် မြန်မာသည် စီးပွားရေး နယ်မြေသစ်အဖြစ် အလားအလာကောင်းနေရာ အိမ်ခြံမြေဈေးမှာ လည်း အထူးမြင့်တက်နေသည်ဟု ဘိုရိုမီယိုက ဆိုသည်။

Mizzima - News in Burmese 

ရန်ကုန်မြို့ အဆောက်အဦး ဆောက်လုပ်နေသည့် လုပ်ငန်းခွင်အား တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)

ရန်ကုန်မြို့ အဆောက်အဦး ဆောက်လုပ်နေသည့် လုပ်ငန်းခွင်အား တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)

ဖိလစ်ပိုင် အိမ်ခြံမြေလုပ်ငန်း ကုမ္ပဏီကြီး Ayala Land Inc သည် အရှေ့တောင်အာရှ ဈေးကွက်အတွင်း ဝင်ရောက်ရေး အစိတ်အပိုင်း တစ်ရပ်အဖြစ် မြန်မာနိုင်ငံ လက်လီအရောင်း ဈေးဆိုင်လုပ်ငန်းတွင် ဦးဆောင်လျက်ရှိသော City Mart Holding နှင့် ပူးပေါင်းကာ တစ်ဟုန်ထိုး ကြီးထွားလာနေသော မြန်မာ့အိမ်ခြံမြေ ဈေးကွက်တွင် ဝင်ရောက်လုပ်ကိုင်ရန် စီစဉ်နေသည်။

Ayala Carp ကုမ္ပဏီစု၏ ဗျူဟာနှင့် ဖွံ့ဖြိုးရေးဌာနမှူး  ပေါ်လို-ဘိုရိုမီယိုက ပြောကြားရာတွင် လုပ်ကိုင်မည့် စီမံကိန်းများကို သတ်မှတ် ရွေးချယ်ပြီးဖြစ် ကြောင်း၊ ပူးပေါင်းပါဝင်ရမည့် အသေးစိတ် အချက်အလက်များကိုသာ သတ်မှတ်ဆုံးဖြတ်ရန်သာ ကျန်တော့ကြောင်း ပြောသည်။

မြန်မာနိုင်ငံတွင် ဗီယက်နမ်နိုင်ငံ၌ ကဲ့သို့ပင် ရောနှောအသုံးပြု  အဆောက်အဦးများသာ ဆောက်လုပ်မည် ဖြစ်ကြောင်း၊ သို့သော် Ayala က လက်ရှိလုပ်ကိုင်လျက်ရှိသော စီမံကိန်းများနှင့် နှိုင်းယှဉ်လျှင်မူ အလွန် သေးငယ်ကြောင်း ပြောသည်။ City Mart Holding သည် မြန်မာနိုင်ငံတွင် စူပါမားကတ်၊  မုန့်လုပ်ငန်း၊ ကော်ဖီဆိုင်၊ ဆေးဝါးအရောင်းဆိုင်များ၊ ကလေးအသုံးအဆောင် အရောင်းဆိုင်များနှင့် သက်သာ စတိုးဆိုင်များ အစရှိသည့် ကုန်မျိုးစုံ လက်လီအရောင်းဆိုင်များကို ဖွင့်လှစ်လုပ်ကိုင် လျက်ရှိသည်။ City Mart တည်ထောင်သူနှင့် ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းတင့်သည် ၁၉၉၇ က ပထမကုမ္ပဏီ အုပ်စုကိုလည်း တည်ထောင်ခဲ့သူဖြစ်သည်။

Supermarket Queen ဟု မြန်မာ့မီဒီယာက တင်စားခေါ်ဝေါ်ခြင်းခံရသူ ဒေါ်တင်ဝင်းဝင်းသည် မေလ အတွင်းက ဖိလစ်ပိုင်က အိမ်ရှင်အဖြစ် ကျင်းပခဲ့သော အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ် ၂၀၁၄ သို့ တက်ရောက်စဉ်က ဖိလစ်ပိုင်သို့ သွားရောက်ခဲ့သည်။

“City Mart လုပ်ချင်နေတာက သူတို့မှာ ခြံတွေမြေတွေရှိနေတယ်။ အဲဒါတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ချင်နေတယ်” ဟု ဘိုရိုမီယို က ပြောသည်။ “ရန်ကုန်မှာ လုပ်နေတဲ့ စီမံကိန်းတွေနဲ့ပဲ စရမှာပဲ” ဟု ၎င်းက ဆက်ပြောသည်။

City Mart ကဲ့သို့ကုမ္ပဏီမျိုးနဲ့ ပူးပေါင်းလုပ်ကိုင်ခွင့်ရ၍ Ayala Group ၏ အလားအလာသည် မြန်မာနိုင်ငံ မှာ ကောင်းသည်ဟုလည်းဆိုသည်။ ၂၀၁၅ တွင် အရှေ့တောင်အာရှ စီးပွားရေး အသိုက်အဝန်း ပေါင်းစည်း ချိန်တွင် မြန်မာသည် စီးပွားရေး နယ်မြေသစ်အဖြစ် အလားအလာကောင်းနေရာ အိမ်ခြံမြေဈေးမှာ လည်း အထူးမြင့်တက်နေသည်ဟု ဘိုရိုမီယိုက ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment