Thursday 20 November 2014

၂၀၁၆ ခုနှစ်တွင် ဖွင့်လှစ်မယ့် ကမ္ဘာ့အရှည်ဆုံး Rollercoaster

Photo: ၂၀၁၆ ခုနှစ်တွင် ဖွင့်လှစ်မယ့် ကမ္ဘာ့အရှည်ဆုံး Rollercoaster
Thursday, November 20, 2014

အနိမ့်အမြင့် အတက်အကျတွေကို အသည်းတယားယားနဲ့ စီးရတာ ကြိုက်နှစ်သက်သူတွေအတွက် ၂၀၁၆ ခုနှစ် Orlando Florida မှာ ဖွင့်လှစ်တော့မယ့် Skyplex အကြောင်း ပြောပြပေးချင်ပါတယ်။ Skyplex ဟာ အမြင့် ပေ ၅၇၀ ရှိမှာဖြစ်ပြီး ၎င်းအား စီးနင်းလိုက်ပါသူတွေကို အောက်ခြေမြေပြင်ဆီသို့ ၁ နာရီ ၆၅ မိုင်နှုန်း တွန်းပို့ပေးမှာဖြစ်ပါတယ်။

ဒေါ်လာ ၂၀၀ မီလီယံ (၁၃၀ မီလီယံ ယူရို) အကုန်ကျခံ တည်ဆောက်ထားတဲ့ ဒီအဆောက်အဦးရဲ့ ထိပ်မှာ စားသောက်ဆိုင်တစ်ဆိုင်နဲ့ ပတ်ဝန်းကျင်ရှုမျှော်ခင်းများ ကြည့်ရှုခံစားနိုင်မယ့်နေရာတစ်ခုလည်း ပါဝင်မှာဖြစ်ပါတယ်။

ဒီ Rollercoaster လိုမျိုး ကမ္ဘာပေါ်မှာ  နှစ်ခုမရှိဘူးလို့ American Coaster Enthusiast fan club က Chris Kraftchick က ပြောဆိုခဲ့ပါတယ်။

သည်းထိပ်ရင်ဖို့ စွန့်စားလုပ်ဆောင်ရတာ ကြိုက်နှစ်သက်သူတွေကို ဆွဲဆောင်နိုင်မယ့် အရာဖြစ်တယ်လို့လည်းပြောဆိုခဲ့ပါတယ်။

Source: Metro
Trend Myanamr
အနိမ့်အမြင့် အတက်အကျတွေကို အသည်းတယားယားနဲ့ စီးရတာ ကြိုက်နှစ်သက်သူတွေအတွက် ၂၀၁၆ ခုနှစ် Orlando Florida မှာ ဖွင့်လှစ်တော့မယ့် Skyplex အကြောင်း ပြောပြပေးချင်ပါတယ်။ Skyplex ဟာ အမြင့် ပေ ၅၇၀ ရှိမှာဖြစ်ပြီး ၎င်းအား စီးနင်းလိုက်ပါသူတွေကို အောက်ခြေမြေပြင်ဆီသို့ ၁ နာရီ ၆၅ မိုင်နှုန်း တွန်းပို့ပေးမှာဖြစ်ပါတယ်။

ဒေါ်လာ ၂၀၀ မီလီယံ (၁၃၀ မီလီယံ ယူရို) အကုန်ကျခံ တည်ဆောက်ထားတဲ့ ဒီအဆောက်အဦးရဲ့ ထိပ်မှာ စားသောက်ဆိုင်တစ်ဆိုင်နဲ့ ပတ်ဝန်းကျင်ရှုမျှော်ခင်းများ ကြည့်ရှုခံစားနိုင်မယ့်နေရာတစ်ခုလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ဒီ Rollercoaster လိုမျိုး ကမ္ဘာပေါ်မှာ  နှစ်ခုမရှိဘူးလို့ American Coaster Enthusiast fan club က Chris Kraftchick က ပြောဆိုခဲ့ပါတယ်။

သည်းထိပ်ရင်ဖို့ စွန့်စားလုပ်ဆောင်ရတာ ကြိုက်နှစ်သက်သူတွေကို ဆွဲဆောင်နိုင်မယ့် အရာဖြစ်တယ်လို့ လည်းပြောဆိုခဲ့ပါတယ်။

Source: Metro
Trend Myanamr

No comments:

Post a Comment