Thursday 20 November 2014

အိန္ဒိယ နိုင်ငံတွင် အမျိုးသား တစ်ဦးထံမှ အီဘိုလာ ဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိ

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် အမျိုးသားတစ်ဦး အီဘိုလာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံ နေရသည်ကို စစ်ဆေး တွေ့ရှိခဲ့ပြီးနောက် ၄င်းအမျိုးသားအား အခြားသူများနှင့် သီးခြားခွဲ၍ ထားရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

အသက် ၂၆ နှစ်အရွယ် အဆိုပါ အမျိုးသားသည် လိုက်ဘေးရီးယား နိုင်ငံ၌ သွားရောက် အလုပ်လုပ် ကိုင်စဉ် အီဘိုလာ ဗိုင်းရပ်စ်ပိုး ကူးစက် ခံခဲ့ရခြင်း ဖြစ်ပြီး စက်တင်ဘာလ အတွင်း ဆေးကုသမှု ခံယူခဲ့ ကြောင်း သိရသည်။

ထို့နောက် ၄င်းအမျိုးသားသည် လိုက်ဘေးရီးယားမှ အိန္ဒိယသို့ နိုဝင်ဘာ ၁ဝ ရက်က ပြန်လည် ရောက်ရှိ လာစဉ် ဒေလီလေ ဆိပ်၌ အာဏာပိုင်များက ၄င်းအား ကျန်းမာရေး စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံ နေရသည်ကို စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ၄င်းအား ဒေလီလေဆိပ်ရှိ ကျန်းမာရေး အဖွဲ့အစည်းပိုင် ကူးစက်ရောဂါ တားဆီး ကာကွယ်ရေး ဌာနတွင် ထားရှိ ခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အီဘိုလာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသည့် ယင်းအမျိုးသားသည် ဆေးကုသမှု ခံယူထားသော်လည်း ကုသမှု ခံယူပြီးနောက် ရက်ပေါင်း ၉ဝ အတွင်း ဗိုင်းရပ်စ်ပိုးများသည် သုက်ပိုးနှင့် ဆီးကဲ့သို့ အရည် ထုတ်ပေးသည့် အင်္ဂါအစိတ်အပိုင်းအတွင်း ကျန်ရှိနေခြင်း ဖြစ်ကြောင်း ကျွမ်းကျင် ပညာရှင်များက ပြောကြားခဲ့သည်။

Ref: Xinhua
မြ၀တီ

No comments:

Post a Comment