Thursday 20 November 2014

ကမ္ဘာပေါ်တွင် အရက်ရောဆုံး နိုင်ငံအဖြစ် မြန်မာနိုင်ငံ သတ်မှတ်ခံရ

မြန်မာနိုင်ငံကို ကမ္ဘာပေါ်တွင် အရက်ရောဆုံး နိုင်ငံအဖြစ် ၂၀၁၄ ခုနှစ် အတွက် ထုတ်ပြန်သော UK အခြေစိုက် ပရဟိတ အဖွဲ့အစည်း တစ်ခု ဖြစ်သော CAF -America အဖွဲ့၏ world giving index တွင် ဖော်ပြ ထားသည်။ CAF -America က ထုတ်ပြန်သော world giving index တွင် အမေရိကန် နိုင်ငံ နှင့် မြန်မာနိုင်ငံကို နံပါတ်တစ် သတ်မှတ် ထားပြီး မြန်မာနိုင်ငံနှင့် အမေရိကန် နိုင်ငံက ရမှတ် (၆၄) မှတ် ရရှိ ထားသည်။ world giving index ကို သတ်မှတ်ရာတွင် သူစိမ်း များကို အကူအညီ ပေးခြင်း၊ ငွေကြေး လှူဒါန်းခြင်းနှင့် လုပ်အားဒါန ပြုသည့် အချိန်တို့ကို တွက်ချက်ကာ သတ်မှတ် ခြင်းဖြစ်သည်။ သူစိမ်း များကို အကူအညီ ပေးခြင်းတွင် အမေရိကန် နိုင်ငံက (၇၉) ရာခိုင်နှုန်း ရှိပြီး မြန်မာနိုင်ငံက (၄၉) ရာခိုင်နှုန်း ရှိသည်။ ငွေကြေး လှူဒါန်းခြင်းတွင် မြန်မာနိုင်ငံက (၉၁) ရာခိုင်နှုန်း ရှိကာ အမေရိကန် နိုင်ငံက (၆၈) ရာခိုင်နှုန်း ရှိသည်။

လုပ်အားဒါန ပြုသည့် အချိန်ပမာဏ တွင်လည်း မြန်မာနိုင်ငံက (၅၁) ရာခိုင်နှုန်း ရှိပြီး အမေရိကန် နိုင်ငံက (၄၄) ရာခိုင်နှုန်း ရှိသည်။ ဒါက နိုင်ငံ တစ်နိုင်ငံရဲ့ ဆင်းရဲခြင်း၊ ချမ်းသာခြင်းနဲ့ မဆိုင်ပါဘူး။ တကယ်လို့ ဆိုင်တယ်လို့ ဆိုရင် အဲဒီ အရက်ရောဆုံး နိုင်ငံ နှစ်ဆယ် စာရင်းမှာ G20 နိုင်ငံတွေ ကိုပဲမြင်ပါ လိမ့်မယ် ဟု CAF -America မှ အရာရှိချုပ် Mr. Ted Hart က ပြောကြောင်း Yahoo Finance News တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံနှင့် အမေရိကန် နိုင်ငံတို့၏ နောက်တွင် ကနေဒါ၊ အိုင်ယာလန်၊ နယူးဇီလန်၊ သြစတြေးလျ၊ မလေးရှား၊ UK ၊ထရီနီဒက်နှင့် တိုဘာဂို၊ ဘူတန်၊ နယ်သာလန်၊ အင်ဒိုနီးရှား၊ အိုက်စ်လန်၊ ကင်ညာ၊ မယ်တာ၊ သြစတြီးယား၊ ဒိန်းမတ်၊ အီရန်နှင့် ဂျမေကာ နိုင်ငံတို့ ရှိနေသည်။

Messenger News Journal

No comments:

Post a Comment