Thursday 20 November 2014

ရခိုင်ပြည်နယ်နေ့ ကျင်းပရေး ကျောက်ဖြူတွင် ကော်မတီဖွဲ့စည်း

Photo: ရခိုင်ပြည်နယ်နေ့ ကျင်းပရေး ကျောက်ဖြူတွင် ကော်မတီဖွဲ့စည်း
Thursday, November 20, 2014

လာမည့် ဒီဇင်ဘာလ(၁၅) ရက်နေ့တွင် ကျရောက်မည့် အကြိမ်(၄၀)မြောက် ပတ္တမြားရတု ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် အတွက် ကျောက်ဖြူမြို့တွင် ကော်မီတီ တစ်ရပ်ကို ဖွဲ့စည်းခဲ့ကြသည်ဟု သိရသည်။

နိုဝင်ဘာ(၁၆)ရက်နေ့က ကျောက်ဖြူမြို့ သာသနာ့ဗိမာန်တွင် ပြုလုပ်ခဲ့သော အစည်းအဝေးမှ ယင်း ရခိုင်ပြည်နယ်နေက ဖြစ်မြောက်ရေး ကော်မတီအား အောင်မြင်စွာ ဖွဲ့စည်းခဲ့သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်နေ့တွင် ရခိုင်ရိုးရာကျင်ပွဲ၊ ရထားဆွဲပွဲ၊ အထုပ်သတ်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ချောတိုင် တက်ပြိုင်ပွဲစသည့် ပျော်ပွဲရွှင်ပွဲများအပြင် စာစီစာကုံးပြိုင်ပွဲများလည်းကျင်းပသွားမည်ဖြစ်သည်ဟု ရခိုင်ပြည်နယ်နေ့ ဖြစ်မြောက်ရေး ကော်မီတီဝင် တစ်ဦးက ပြောသည်။

ရထားဆွဲပွဲကို ရပ်ကွက်လိုက်သာမက အသင်းအဖွဲ့ အလိုက်ကျင်းပမည်ဖြစ်ကြောင်း၊  ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် အမျိုးသားနှင့် အမျိုးသမီး နှစ်ခုစလုံး ပါဝင် ယှဉ်ပြိုင်နိုင်ရန် စီစဉ်ထားကြောင်း၊ စာစီစာကုံး ပြိုင်ပွဲကိုလည်း ကျောင်းသားများ ပါဝင် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်နေ့ အမှတ်တရ အကျီများရောင်းချခြင်း၊ မုန့်တီစတုဒီသာကျွေးမွေးခြင်း၊ သံဃာတော်များကို ဆွမ်းကျွေးမွေးခြင်းတို့ကိုလည်းပြုလုပ်မည်ဖြစ်ကြောင်း လူငယ် ခေါင်းဆောင် တစ်ဦးကလည်း ပြောသည်။

ဒီဇင်ဘာ(၁၃)ရက်နေ့က စတင်ပြီး ရခိုင် အဆိုတော်များဖြစ်ကြသော ဒိုး(အ်)ရီ၊ စောမင်းသိန်း၊ စစ်ငြိမ်းနိုင်၊ စိမ်းလဲ့လဲ့၊ စောနှင်းနွယ် တို့နှင့် ဒေသခံ ၀ါသနာရှင်များက ဒီဇင်ဘာ(၁၅)ရခိုင်ပြည်နယ်နေ့ထိ (၃) ညတိုင်တိုင် စတိတ်ရှိုးပွဲ ကျင်းပ ဖြေဖျော် သွားမည်ဟု သူက ဆိုသည်။

ရခိုင်ပြည်နယ်နေ့ကိုစည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဖြစ်မြောက်ရေး ကော်မတီကို ဥက္ကဌ(၃)ဦး၊ ဘဏ္ဍာရေး (၄)ဦး၊ စာရင်းစစ်(၁) ဦးနှင့် ဖွဲ့စည်းခဲ့ပြီး ဌာနဆိုင်ရာဆိုင်များမှလည်းဘဏ္ဍာရေးအပြင်လိုအပ်သည့် အကူအညီများအားပေးမည်ဟု ဖြစ်မြောက်ရေးကော်မတီဝင်က ပြောဆိုသည်။

နိရဉ္စရာ

ကျောက်ဖြူသားတို့ ရခိုင်ပြည်နယ်နေ့ ကျင်းပရေး ဆွေးနွးနေကြစဉ်( ဓါတ်ပုံ- နိရဉ္စရာ)

ကျောက်ဖြူသားတို့ ရခိုင်ပြည်နယ်နေ့ ကျင်းပရေး ဆွေးနွးနေကြစဉ်( ဓါတ်ပုံ- နိရဉ္စရာ)

လာမည့် ဒီဇင်ဘာလ(၁၅) ရက်နေ့တွင် ကျရောက်မည့် အကြိမ်(၄၀)မြောက် ပတ္တမြားရတု ရခိုင်ပြည်နယ် နေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် အတွက် ကျောက်ဖြူမြို့တွင် ကော်မီတီတစ်ရပ် ကို ဖွဲ့စည်းခဲ့ကြသည်ဟု သိရသည်။

နိုဝင်ဘာ(၁၆)ရက်နေ့က ကျောက်ဖြူမြို့ သာသနာ့ဗိမာန်တွင် ပြုလုပ်ခဲ့သောအစည်းအဝေးမှ ယင်း ရခိုင် ပြည်နယ်နေက ဖြစ်မြောက်ရေး ကော်မတီအား အောင်မြင်စွာ ဖွဲ့စည်းခဲ့သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်နေ့တွင် ရခိုင်ရိုးရာကျင်ပွဲ၊ ရထားဆွဲပွဲ၊ အထုပ်သတ်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ချောတိုင် တက်ပြိုင်ပွဲစသည့် ပျော်ပွဲရွှင်ပွဲများအပြင် စာစီစာကုံးပြိုင်ပွဲများလည်းကျင်းပသွားမည်ဖြစ်သည်ဟု ရခိုင်ပြည် နယ်နေ့ ဖြစ်မြောက်ရေး ကော်မီတီဝင် တစ်ဦးက ပြောသည်။

ရထားဆွဲပွဲကို ရပ်ကွက်လိုက်သာမက အသင်းအဖွဲ့ အလိုက်ကျင်းပမည်ဖြစ်ကြောင်း၊  ပိုက်ကျော်ခြင်း ပြိုင်ပွဲ တွင် အမျိုးသားနှင့် အမျိုးသမီး နှစ်ခုစလုံး ပါဝင် ယှဉ်ပြိုင်နိုင်ရန် စီစဉ်ထားကြောင်း၊ စာစီစာကုံး ပြိုင်ပွဲကို လည်း ကျောင်းသားများ ပါဝင် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်နေ့ အမှတ်တရ အကျီများရောင်းချခြင်း၊ မုန့်တီစတုဒီသာကျွေးမွေးခြင်း၊ သံဃာတော်များကို ဆွမ်းကျွေးမွေးခြင်းတို့ကိုလည်းပြုလုပ်မည်ဖြစ်ကြောင်း လူငယ် ခေါင်းဆောင် တစ်ဦးကလည်း ပြောသည်။

ဒီဇင်ဘာ(၁၃)ရက်နေ့က စတင်ပြီး ရခိုင် အဆိုတော်များဖြစ်ကြသော ဒိုး(အ်)ရီ၊ စောမင်းသိန်း၊ စစ်ငြိမ်းနိုင်၊ စိမ်းလဲ့လဲ့၊ စောနှင်းနွယ် တို့နှင့် ဒေသခံ ၀ါသနာရှင်များက ဒီဇင်ဘာ(၁၅)ရခိုင်ပြည်နယ်နေ့ထိ (၃) ညတိုင် တိုင် စတိတ်ရှိုးပွဲ ကျင်းပ ဖြေဖျော် သွားမည်ဟု သူက ဆိုသည်။

ရခိုင်ပြည်နယ်နေ့ကိုစည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဖြစ်မြောက်ရေး ကော်မတီကို ဥက္ကဌ(၃)ဦး၊ ဘဏ္ဍာရေး(၄)ဦး၊ စာရင်းစစ်(၁)ဦးနှင့် ဖွဲ့စည်းခဲ့ပြီး ဌာနဆိုင်ရာဆိုင်များမှလည်း ဘဏ္ဍာရေးအပြင် လိုအပ်သည့် အကူအညီများအားပေးမည်ဟု ဖြစ်မြောက်ရေးကော်မတီဝင်က ပြောဆိုသည်။

နိရဉ္စရာ

No comments:

Post a Comment