Monday 4 August 2014

မြန်မာ့အရေး ၂၀၁၄ ညီလာခံ ၃ ရက်ကြာ ကျင်းပခဲ့

မြန်မာ့အရေး လေ့လာရေး ပညာရပ်ဆိုင်ရာ နိုင်ငံတကာ ညီလာခံ တစ်ရပ်ကို စင်္ကာပူနိုင်ငံမှာ ၃ ရက်ကြာ ကျင်းပခဲ့တာမှာ၊ တက်ရောက်လာကြသူတွေဟာ လက်ရှိ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ အပေါ် သုံးသပ် မှုတွေ အပါအဝင်၊ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း တွေ့ကြုံနေရတဲ့ စိန်ခေါ်မှုတွေ ကို ဆွေးနွေး ထားကြ တဲ့ စာတမ်းတွေကို ဖတ်ခဲ့ကြ သဘောထားအမြင်တွေကို ဖလှယ်ခဲ့ကြတယ် လို့ သိရပါတယ်။
မြန်မာ့အရေး၊ ပုံရိပ် နဲ့ ဝိသေသ လက္ခဏာများ ဆိုတဲ့ ခေါင်းစဉ် နဲ့ ကျင်းပခဲ့တဲ့ ဒီပွဲကို ပူးတွဲ စီစဉ် ကမကထ လုပ်ခဲ့တာကတော့ စင်္ကာပူနိုင်ငံ အရှေ့တောင် အာရှဆိုင်ရာ လေ့လာရေး အင်စတီကျူ့ ISEAS နဲ့ စင်္ကာပူနိုင်ငံ အရှေ့တောင် အာရှဆိုင်ရာ လေ့လာရေး အင်စတီကျူ့ ISEAS နဲ့ စင်္ကာပူ အမျိုးသား တက္ကသိုလ် ရဲ့ ဝိဇ္ဇာ နဲ့ လူမှုရေး သိပ္ပံ ဘာသာရပ်များ မဟာဌာန တို့ပဲ ဖြစ်ပါတယ်။

ဒီ စာတမ်းဖတ်ပွဲ ဆွေးနွေးပွဲ ကာလအတွင်းမှာ မြန်မာနိုင်ငံက လာကြသူတွေ အပါအဝင် တက်ရောက် လာကြတဲ့ ပညာရပ်ပိုင်းဆိုင်ရာ နယ်ပယ် အသီးသီးက သူတွေဟာ မြန်မာ့အရေး နဲ့ ပတ်သက်ပြီး အတော်လေး ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖလှယ်ခဲ့ကြတယ် လို့ ဒီပွဲကို ပူးတွဲ စီစဉ် ကမကထ လုပ်တဲ့ ISEAS က ဒေါက်တာ တင်မောင်မောင်သန်းက ပြောပါတယ်။

မြန်မာနိုင်ငံရေးမှာ ပါဝါပလေယာ လို့ ခေါ်တဲ့ အခရာကျတဲ့ အဖွဲ့အစည်းဟာ မြန်မာ စစ်တပ် ဖြစ်တယ် ဆိုတဲ့ အချက်မျိုး အပါအဝင် ရခိုင် အကြပ်အတည်း ကိစ္စလို အကြောင်းအရာမျိုးတွေလ ည်း ဆွေးနွေးကြတဲ့ အထဲ ပါဝင်ကြောင်း ဒေါက်တာတင်မောင်မောင်သန်းက ဆိုပါတယ်။

အခုလို ဆွေးနွေးပွဲဟာ မြန်မာပြည်သူ အများစု အပေါ် ဘယ်လောက် အတိုင်းအတာ အထိ တိုက်ရိုက် အကျိုးရှိ ရိုက်ခတ်နိုင်မယ် ဆိုတာ မပြောနိုင်ပေမယ့် အခုလို ပွဲမျိုးတွေကို မြန်မာပြည်တွင်းမှာသာ လုပ်ဖြစ်ရင် ပညာရပ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုတွေ ပိုမိုရှိလာနိုင်ပြီး မြန်မာကျောင်းသူ ကျောင်းသားတွေ အတွက် လေ့လာနိုင်ဖို့ အခွင့်အရေး ပိုများလာနိုင်ကြောင်းလည်း ဒေါက်တာတင်မောင်မောင်သန်း က ပြောပါတယ်။

ဒါကြောင့်မို့ ၂၀၁၆ ခုနစ် မြန်မာအရေး ညီလာခံကို အမေရိကန်ပြည်ထောင်စုမှာ ကျင်းပပြီးတဲ့အခါ လာမယ့် ၂၀၁၈ ခုနစ် မှာ မြန်မာ့လွတ်လပ်ရေး အနှစ် ၇၀ အခါသမယ နဲ့လည်း ကိုက်ညီနေ တာ ဖြစ်တဲ့ အတွက် မြန်မာနိုင်ငံထဲမှာ ကျင်းပနိုင်ဖို့ ဆော်သြကြိုးစားနေတယ် လို့ သိရပါတယ်။

BBC Burmese

No comments:

Post a Comment