Monday 4 August 2014

ခေတ်သစ်စစ်ပွဲထက် ကြောက်စရာကိုယ်ပျောက်စစ်သား (သို့) အီဘိုလာဗိုင်းရပ်စ်

Photo: ခေတ်သစ်စစ်ပွဲထက် ကြောက်စရာကိုယ်ပျောက်စစ်သား (သို့) အီဘိုလာဗိုင်းရပ်စ်
Monday, August 4, 2014

လိုင်ဘေးရီးယားနိုင်ငံမှာ အီဘိုလာရောဂါဖြစ်ပွား သူတွေကို သွားရောက်ကုသပေးနေတဲ့ အမေ ရိကန်ဆရာဝန် ဘင့်ဘရန်လီနဲ့ သူနာပြုနန်စီရိုက်ဘို တို့ဟာ နဘသူေ အီဘိုလာရောဂါကူးစက်ခံရပြီး နေထိုင် မကောင်းဖြစ်ခဲ့ကြလို့ ၄င်းတို့ကို အမေရိကန်ပြည် ထောင်စုကို ပြန်ခေါ်ပြီး အတ္တလန္တာရှိဆေးရုံတစ်ခုမှာ သီးခြားခွဲထားပြီး ကုသသွားဖို့ စီစဉ်ဆောင်ရွက်နေ ကြောင်း သက်ဆိုင်ရာကဆိုပါတယ်။ 

အမေရိကန်ပြည် ထောင်စုဟာ အီဘိုလာရောဂါကို ကြိုတင် ကာကွယ်ဖို့ ဆေးတစ်မျိုးကို လူတွေမှာ စမ်းသပ်ဖို့ စက်တင်ဘာလ မှာ စတင်မယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာတော့ မျောက်တွေနဲ့ စမ်းသပ်ပြီးပြီလို့ပဲဆိုပါတယ်။

အီဘိုလာရောဂါဟာ မတ်လကစတင်ပြီး လိုင်ဘေး ရီးယားနဲ့ ဆီယာရာလီယွန်နိုင်ငံတွေမှာ စတင်ဖြစ်ပွား ခဲ့ရာ လူပေါင်း ၇၂၉ဦးသေဆုံးခဲ့ပြီးဖြစ်ပါတယ်။ ကုရာ နတ္ထိဆေးမရှိဆိုတဲ့ရောဂါဟာ အီဘိုလာရောဂါဆိုရင် မမှားပါဘူး။ 

အာဖရိကအနောက်ပိုင်းက ဂီနီ၊ ဆီယာရာ လီယွန်နဲ့ လိုင်ဘေးရီးယားနိုင်ငံတွေမှာ တစ်ပြိုင်တည်းလို ဖြစ်ပွားခဲ့ပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကူးလူးဆက်ဆံ မှုတွေရှိနေလို့ ကူးစက်မှုမြန်ဆန်ခဲ့ပါတယ်။ ဖျားနာလာ ပြီးနောက် ဘယ်ဆေးဝါးနဲ့ပဲ ကုသကုသ၊ ရောဂါကမသက် သာဘဲ နောက်ဆုံး အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

ဆီယာရာလီယွန်နဲ့ လိုင်ဘေးရီးယားနိုင်ငံတို့ကဒီ ရောဂါဟာ ကုသစရာဆေးဝါး မရှိဘူးဆိုတာကို ခန့်မှန်း မိတာနဲ့ တစ်ပြိုင်တည်းအရေးပေါ်လုပ်ငန်းတွေကို လုပ် ဆောင်ခဲ့ပါတယ်။ ကျောင်းတွေကိုပိတ်၊ အိမ်တစ်အိမ် တက် တစ်အိမ်ဆင်းရောဂါဖြစ်နေသူ၊ နာမကျန်းဖြစ်နေ သူတွေကို လိုက်ရှာ၊ ဒီအတွက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို အသုံးချလုပ်ဆောင် ခဲ့ကြပါတယ်။ ရောဂါဖြစ်သူကို သီး ခြားဖယ်ထားတဲ့စနစ်ကို သုံးခဲ့တယ်။ ဒါပေမဲ့ ကုသစရာ ဆေးဝါးမရှိတဲ့အတွက် နေ့စဉ်သေဆုံးသူတွေ တိုးပွား လာခဲ့ ရတာဖြစ်တယ်။

အနောက်အာဖရိကနိုင်ငံတွေဟာ ကုလသမဂ္ဂကမ္ဘာ့ ကျန်းမာရေးအဖွဲ့နဲ့ ညှိနှိုင်းပြီး အီဘိုလာရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ဆေးဝါးကုသမှုကို ကျယ်ပြန့်စွာလုပ်ဆောင် နိုင်ဖို့ ဂျီနီဗာမြို့မှာ စုဝေးခဲ့ကြပါတယ်။ ရောဂါကုသရေး ထိန်းချုပ်ရေးအတွက် ဒေါ်လာသန်း ၁ဝဝအသုံးပြုသွား မှာဖြစ်ပြီး ဒေသခံဆေး ပညာရှင်တွေကို ကူညီဖို့နိုင်ငံတကာမှ ဆေးဝါးကျွမ်းကျင်သူတွေနဲ့ ကျန်းမာရေးအကူ လုပ်သားတွေကို ရောဂါဖြစ်ပွားတဲ့နေရာတွေကို စေလွှတ် မှာဖြစ်ပါတယ်။ အဓိကလိုအပ်ချက်ဟာ တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ ကျန်းမာရေးလုပ်သားတွေဖြစ်တယ်လို့ WHO မဟာမင်းကြီးကဆိုပါတယ်။

အနောက်အာဖရိကနိုင်ငံတွေမှာ ကျန်းမာရေးအ ခင်းအကျင်းချို့တဲ့ပြီး ပြည်သူတွေကလည်း ကျန်းမာရေး အသိနည်းပါးတာကြောင့် အီဘိုလာရောဂါကူးစက်ပျံ့ နှံ့မှုအပေါ်မှာ များစွာသတိမပြုမိကြဘူးလို့ဆိုပါတယ်။ ဒါပေမဲ့ အနောက်အာဖရိကနိုင်ငံတွေဟာ သူတို့ရဲ့ဆက် စပ်နယ်ခြားတွေကို သီးခြားခွဲခြားထားတဲ့ နယ်မြေတွေအ ဖြစ်သတ်မှတ်လိုက်ကြပြီလို့ ဆိုပါတယ်။ ဂီနီနိုင်ငံမှာ သောကြာနေ့က အရေးပေါ်စည်းဝေးပြီး အထူးကန့်သတ် ဇုန်အဖြစ် သတ်မှတ်ဖို့ သဘောတူခဲ့ကြပါတယ်။ WHO ကလည်း အီဘိုလာရောဂါပျံ့နှံ့မှုကို ကြိုတင်မခန့်မှန်း နိုင်ဘူးလို့ ပြောခဲ့ပါတယ်။ ယခုနိုင်ငံသုံးခုနဲ့ နယ်စပ်ဖြတ် ကျော်ဧရိယာဟာ အီဘိုလာရောဂါဖြစ်ပွားမှု ၇ဝရာခိုင် နှုန်း ပေါ်ပေါက်နေတယ်လို့ ခေါင်းဆောင်များကဆို ပါတယ်။ ဒါကြောင့်နယ်ခြားဒေသဧရိယာကို အထူး ကန့်သတ်ဇုန်အဖြစ် သတ်မှတ်ပြီး လူအဝင်အထွက်ကို အထူးစိစစ်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဒီအထူး နယ်ကို စစ်သားတွေနဲ့ ရဲတွေက စောင့်ကြပ်ပြီး အသွား အလာကန့်သတ်ကာ လိုအပ်တဲ့အခြေခံပစ္စည်းတွေကို ဝေငှပေးသွားမယ်လို့ သိရပါတယ်။

WHO မဟာမင်းကြီးမာဂရက်ချန်က ကျွန်မတို့အ နေနဲ့ ရောဂါဖြစ်ပွားသေဆုံးရ တာတွေကို စိတ်မကောင်း ဖြစ်ရုံနဲ့တင် မလုံလောက်ပါဘူး။ အီဘိုလာရောဂါပြန့်ပွား မှု ရပ်တန့်အောင် ဘယ်လိုထိန်းချုပ်သွားရမလဲဆိုတာ ဟာအလွန်အရေးပါတယ် လို့ ပြောကြားခဲ့ပါတယ်။ တကယ်လို့ ရောဂါဖြစ်ပွားမှုဟာ တခြားနိုင်ငံတွေကိုပါ ပြန့် ပွားသွားခဲ့မယ်ဆိုရင် လူမှုစီးပွားရေးဘဝတွေကိုပါ ထိ ခိုက်သွားလိမ့်မယ်လို့ သျန်က ဆက်လက်ပြောခဲ့ပါတယ်။ သူမကဆက်လက်ပြီး နှစ်ပေါင်း ၄ဝအတွင်း မှာဒီရောဂါ ဟာ ကြောက်စရာ အကောင်းဆုံးရောဂါဖြစ်တယ်လို့လဲ ဆိုခဲ့ပါတယ်။

အီဘိုလာရောဂါမှာ လူဦးရေထူထပ်သည့် တော နယ်များမှ စတင်ခဲ့ပြီး နယ်စပ်ဖြတ်ကျော်အပေါက်များ စွာရှိသည့် နေရာများ၌ အကူးအစက်ပို၍များ သည်ဟုဆို သည်။ အနောက်အာဖရိကခေါင်းဆောင်များနှင့် WHOတို့၏ အစည်းအဝေးမှ အီဘိုလာရောဂါပြန့်ပွားမှုကို ထိန်း ချုပ်ရန် နည်းလမ်းများ ချမှတ်မည်ဟုဆိုပါတယ်။

ဆီယာရာလီယွန်၊ လိုင်ဘေးရီးယားနှင့် ဂီနီခေါင်း ဆောင်များက ဒေါ်လာသန်း ၁ဝဝရန်ပုံငွေဖြင့် ရောဂါ ကုသမှုအတွက် ကျွမ်းကျင်သူဆရာဝန်များ၊ ကျန်းမာရေး လုပ်သားများ ရှာဖွေငှားရမ်းသွားမည်ဟုဆိုသည်။ WHO ကလည်း ဂီနီ၌ ဒေသခွဲရုံးဖွင့်ကာ ရောဂါကာကွယ်ရေး အတွက် ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြော ကြားခဲ့ပါတယ်။

ယခုအခါအနောက်အာဖရိကမှစတင်ဖြစ်ပွားခဲ့ သော အီဘိုလာရောဂါအား အနောက်အာဖရိကသာမ က အာဖရိကမြောက်ပိုင်းကိုပါ ခြိမ်းခြောက်လျက်ရှိမယ် လို့ဆိုပါတယ်။ အာဖရိကတိုက်က ဥရောပ သို့ပြောင်း ရွှေ့နေထိုင်ရန် ကြိုးစားကြသည့် လူအများအပြားတွင် အီဘိုလာရောဂါပါမည်ကို အီတလီနိုင်ငံက စိုးရိမ်လျက် ရှိပါတယ်။ ဗြိတိန်ဂလပ်စဂိုမှာ ပြုလုပ်တဲ့ ဓနသဟာယ အားကစားပွဲမှာ လိုင်ဘေးရီးယားစက်ဘီးသမားကို လေး ရက်တိတိ သီးခြားထားပြီး စစ်ဆေးခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် အီဘိုလာရောဂါကြောင့် ယနေ့သေဆုံး သူအရေအတွက်ဟာ တိုးပွားလာနေတယ် ၇ဝဝကျော် နေပါပြီ။ အစ္စရေး-ဂါဇာစစ်ပွဲဟာ အပစ်အခတ် ရပ်စဲလို့ ရနိုင်ပေမယ့် အီဘိုလာဗိုင်းရပ်စ်ပိုးကတော့ တားဆီးလို့ မရနိုင်သေးပါဘူး။ 

ကာကွယ်ဆေး၊ ကုသဆေးကို သိပ္ပံ ပညာရှင်တွေတက်သုတ်ရိုက်ပြီး စူးစမ်းနေကြပေမယ့် သေချာတဲ့ ဆေးမရနိုင်သေးပါဘူး။ ဒါကြောင့် အီဘို လာရောဂါပိုးဟာ ခေတ်သစ်စစ်ပွဲတွေထက် များစွာ ကြောက်စရာကောင်းတဲ့ ကိုယ်ပျောက်စစ်သားတွေလို့ တင်စားရမလိုဖြစ်နေပါတယ်ခင်ဗျား။

သီဟ
Yangon Media Group
လိုင်ဘေးရီးယားနိုင်ငံမှာ အီဘိုလာရောဂါဖြစ်ပွား သူတွေကို သွားရောက်ကုသပေးနေတဲ့ အမေ ရိကန် ဆရာဝန် ဘင့်ဘရန်လီနဲ့ သူနာပြုနန်စီရိုက်ဘို တို့ဟာ နဘသူေ အီဘိုလာရောဂါကူးစက်ခံရပြီး နေထိုင် မကောင်းဖြစ်ခဲ့ကြလို့ ၄င်းတို့ကို အမေရိကန်ပြည် ထောင်စုကို ပြန်ခေါ်ပြီး အတ္တလန္တာရှိဆေးရုံတစ်ခုမှာ သီးခြား ခွဲထားပြီး ကုသသွားဖို့ စီစဉ်ဆောင်ရွက်နေ ကြောင်း သက်ဆိုင်ရာကဆိုပါတယ်။
အမေရိကန်ပြည် ထောင်စုဟာ အီဘိုလာရောဂါကို ကြိုတင် ကာကွယ်ဖို့ ဆေးတစ်မျိုးကို လူတွေမှာ စမ်းသပ် ဖို့ စက်တင်ဘာလ မှာ စတင်မယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာတော့ မျောက်တွေနဲ့ စမ်းသပ်ပြီး ပြီလို့ပဲဆိုပါတယ်။

အီဘိုလာရောဂါဟာ မတ်လကစတင်ပြီး လိုင်ဘေး ရီးယားနဲ့ ဆီယာရာလီယွန်နိုင်ငံတွေမှာ စတင်ဖြစ်ပွား ခဲ့ရာ လူပေါင်း ၇၂၉ဦးသေဆုံးခဲ့ပြီးဖြစ်ပါတယ်။ ကုရာ နတ္ထိဆေးမရှိဆိုတဲ့ရောဂါဟာ အီဘိုလာရောဂါဆိုရင် မမှားပါဘူး။

အာဖရိကအနောက်ပိုင်းက ဂီနီ၊ ဆီယာရာ လီယွန်နဲ့ လိုင်ဘေးရီးယားနိုင်ငံတွေမှာ တစ်ပြိုင်တည်းလို ဖြစ် ပွား ခဲ့ ပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကူးလူးဆက်ဆံ မှုတွေရှိနေလို့ ကူးစက်မှုမြန်ဆန်ခဲ့ပါတယ်။ ဖျားနာလာ ပြီးနောက် ဘယ်ဆေးဝါးနဲ့ပဲ ကုသကုသ၊ ရောဂါကမသက် သာဘဲ နောက်ဆုံး အသက်ဆုံးရှုံးခဲ့ရ တာဖြစ်ပါတယ်။

ဆီယာရာလီယွန်နဲ့ လိုင်ဘေးရီးယားနိုင်ငံတို့ကဒီ ရောဂါဟာ ကုသစရာဆေးဝါး မရှိဘူးဆိုတာကို ခန့်မှန်း မိတာနဲ့ တစ်ပြိုင်တည်းအရေးပေါ်လုပ်ငန်းတွေကို လုပ် ဆောင်ခဲ့ပါတယ်။ ကျောင်းတွေကိုပိတ်၊ အိမ်တစ် အိမ် တက် တစ်အိမ်ဆင်းရောဂါဖြစ်နေသူ၊ နာမကျန်းဖြစ်နေ သူတွေကို လိုက်ရှာ၊ ဒီအတွက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို အသုံးချလုပ်ဆောင် ခဲ့ကြပါတယ်။ ရောဂါဖြစ်သူကို သီး ခြားဖယ်ထားတဲ့စနစ်ကို သုံးခဲ့တယ်။ ဒါပေမဲ့ ကုသစရာ ဆေးဝါးမရှိတဲ့အတွက် နေ့စဉ်သေဆုံးသူတွေ တိုးပွား လာခဲ့ ရတာဖြစ်တယ်။

အနောက်အာဖရိကနိုင်ငံတွေဟာ ကုလသမဂ္ဂကမ္ဘာ့ ကျန်းမာရေးအဖွဲ့နဲ့ ညှိနှိုင်းပြီး အီဘိုလာရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ဆေးဝါးကုသမှုကို ကျယ်ပြန့်စွာလုပ်ဆောင် နိုင်ဖို့ ဂျီနီဗာမြို့မှာ စုဝေးခဲ့ကြပါ တယ်။ ရောဂါ ကုသရေး ထိန်းချုပ်ရေးအတွက် ဒေါ်လာသန်း ၁ဝဝအသုံးပြုသွား မှာဖြစ်ပြီး ဒေသခံဆေး ပညာရှင်တွေကို ကူညီဖို့နိုင်ငံတကာမှ ဆေးဝါးကျွမ်းကျင်သူတွေနဲ့ ကျန်းမာရေးအကူ လုပ်သားတွေကို ရောဂါဖြစ်ပွား တဲ့နေရာတွေကို စေလွှတ် မှာဖြစ်ပါတယ်။ အဓိကလိုအပ်ချက်ဟာ တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ ကျန်းမာရေးလုပ်သားတွေဖြစ်တယ်လို့ WHO မဟာမင်းကြီးကဆိုပါတယ်။

အနောက်အာဖရိကနိုင်ငံတွေမှာ ကျန်းမာရေးအ ခင်းအကျင်းချို့တဲ့ပြီး ပြည်သူတွေကလည်း ကျန်းမာရေး အသိနည်းပါးတာကြောင့် အီဘိုလာရောဂါကူးစက်ပျံ့ နှံ့မှုအပေါ်မှာ များစွာသတိမပြုမိကြဘူးလို့ဆိုပါတယ်။ ဒါပေမဲ့ အနောက်အာဖရိကနိုင်ငံတွေဟာ သူတို့ရဲ့ဆက် စပ်နယ်ခြားတွေကို သီးခြားခွဲခြားထားတဲ့ နယ်မြေတွေအ ဖြစ်သတ်မှတ်လိုက်ကြပြီလို့ ဆိုပါတယ်။ ဂီနီနိုင်ငံမှာ သောကြာနေ့က အရေးပေါ် စည်းဝေးပြီး အထူးကန့်သတ် ဇုန်အဖြစ် သတ်မှတ်ဖို့ သဘောတူခဲ့ကြပါတယ်။ WHO ကလည်း အီဘိုလာရောဂါ ပျံ့နှံ့မှုကို ကြိုတင်မခန့်မှန်း နိုင်ဘူးလို့ ပြောခဲ့ပါတယ်။ ယခုနိုင်ငံသုံးခုနဲ့ နယ်စပ်ဖြတ် ကျော်ဧရိယာဟာ အီဘိုလာရောဂါဖြစ်ပွားမှု ၇ဝရာခိုင် နှုန်း ပေါ်ပေါက်နေ တယ်လို့ ခေါင်းဆောင် များကဆို ပါတယ်။ ဒါကြောင့်နယ်ခြားဒေသဧရိယာကို အထူး ကန့်သတ်ဇုန်အဖြစ် သတ်မှတ်ပြီး လူအဝင်အထွက်ကို အထူးစိစစ်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဒီအထူး နယ်ကို စစ်သားတွေနဲ့ ရဲတွေက စောင့်ကြပ်ပြီး အသွား အလာကန့်သတ်ကာ လိုအပ်တဲ့အခြေခံပစ္စည်းတွေ ကို ဝေငှပေးသွားမယ်လို့ သိရပါတယ်။

WHO မဟာမင်းကြီးမာဂရက်ချန်က ကျွန်မတို့အ နေနဲ့ ရောဂါဖြစ်ပွားသေဆုံးရ တာတွေကို စိတ်မကောင်း ဖြစ်ရုံနဲ့တင် မလုံလောက်ပါဘူး။ အီဘိုလာရောဂါပြန့်ပွား မှု ရပ်တန့်အောင် ဘယ်လို ထိန်းချုပ်သွားရမလဲဆိုတာ ဟာအလွန်အရေးပါတယ် လို့ ပြောကြားခဲ့ပါတယ်။ တကယ်လို့ ရောဂါဖြစ် ပွားမှု ဟာ တခြားနိုင်ငံတွေကိုပါ ပြန့် ပွားသွားခဲ့မယ်ဆိုရင် လူမှုစီးပွားရေးဘဝတွေကိုပါ ထိ ခိုက်သွားလိမ့်မယ်လို့ သျန်က ဆက်လက်ပြောခဲ့ပါတယ်။ သူမကဆက်လက်ပြီး နှစ်ပေါင်း ၄ဝအတွင်း မှာဒီရောဂါ ဟာ ကြောက်စရာ အကောင်းဆုံးရောဂါဖြစ်တယ်လို့လဲ ဆိုခဲ့ပါတယ်။

အီဘိုလာရောဂါမှာ လူဦးရေထူထပ်သည့် တော နယ်များမှ စတင်ခဲ့ပြီး နယ်စပ်ဖြတ်ကျော်အပေါက်များ စွာရှိသည့် နေရာများ၌ အကူးအစက်ပို၍များ သည်ဟုဆို သည်။ အနောက်အာဖရိကခေါင်းဆောင်များနှင့် WHOတို့၏ အစည်းအဝေးမှ အီဘိုလာရောဂါပြန့်ပွားမှုကို ထိန်း ချုပ်ရန် နည်းလမ်းများ ချမှတ်မည်ဟုဆိုပါတယ်။

ဆီယာရာလီယွန်၊ လိုင်ဘေးရီးယားနှင့် ဂီနီခေါင်း ဆောင်များက ဒေါ်လာသန်း ၁ဝဝရန်ပုံငွေဖြင့် ရောဂါ ကုသမှုအတွက် ကျွမ်းကျင်သူဆရာဝန်များ၊ ကျန်းမာရေး လုပ်သားများ ရှာဖွေငှားရမ်းသွားမည်ဟုဆိုသည်။ WHO ကလည်း ဂီနီ၌ ဒေသခွဲရုံးဖွင့်ကာ ရောဂါကာကွယ်ရေး အတွက် ပူးပေါင်း လုပ်ဆောင်သွား မည်ဖြစ်ကြောင်းပြော ကြားခဲ့ပါတယ်။

ယခုအခါအနောက်အာဖရိကမှစတင်ဖြစ်ပွားခဲ့ သော အီဘိုလာရောဂါအား အနောက်အာဖရိကသာမ က အာဖရိကမြောက်ပိုင်းကိုပါ ခြိမ်းခြောက်လျက်ရှိမယ် လို့ဆိုပါတယ်။ အာဖရိကတိုက်က ဥရောပ သို့ပြောင်း ရွှေ့နေထိုင်ရန် ကြိုးစားကြသည့် လူအများအပြားတွင် အီဘိုလာရောဂါပါမည်ကို အီတလီနိုင်ငံက စိုးရိမ် လျက် ရှိပါတယ်။ ဗြိတိန်ဂလပ်စဂိုမှာ ပြုလုပ်တဲ့ ဓနသဟာယ အားကစားပွဲမှာ လိုင်ဘေးရီးယား စက်ဘီးသမားကို လေး ရက်တိတိ သီးခြားထားပြီး စစ်ဆေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အီဘိုလာရောဂါကြောင့် ယနေ့သေဆုံး သူအရေအတွက်ဟာ တိုးပွားလာနေတယ် ၇ဝဝကျော် နေပါပြီ။ အစ္စရေး-ဂါဇာစစ်ပွဲဟာ အပစ်အခတ် ရပ်စဲလို့ ရနိုင်ပေမယ့် အီဘိုလာဗိုင်းရပ်စ်ပိုး ကတော့ တားဆီးလို့ မရနိုင်သေးပါဘူး။

ကာကွယ်ဆေး၊ ကုသဆေးကို သိပ္ပံ ပညာရှင်တွေတက်သုတ်ရိုက်ပြီး စူးစမ်းနေကြပေမယ့် သေချာ တဲ့ ဆေးမရနိုင်သေးပါဘူး။ ဒါကြောင့် အီဘို လာရောဂါပိုးဟာ ခေတ်သစ်စစ်ပွဲတွေထက် များ စွာ ကြောက် စရာကောင်းတဲ့ ကိုယ်ပျောက်စစ်သားတွေလို့ တင်စားရမလိုဖြစ်နေပါတယ်ခင်ဗျား။

သီဟ
Yangon Media Group

No comments:

Post a Comment