Monday 4 August 2014

ရေတံခွန်နဲ့ အလှဆင်ထားတဲ့ စားသောက်ဆိုင်


ရေပန်းကြီးငယ်နဲ့ အလှဆင်ထားတဲ့ စားသောက်ဆိုင်တွေကို တွေ့ဖူးကြပါလိမ့်မယ်။ရေတံခွန်နဲ့ အလှဆင် ထားတဲ့ ဆိုင်ကိုရော တွေ့ဖူးပါသလား။


ဖိလစ်ပိုင်က Labassin ဆိုတဲ့ ဆိုင်မှာတော့ ရေတံခွန်ကြီးတစင်းကို ဆိုင်ထဲခင်းကျင်းထားလေရဲ့။


Villa Escudero Resort ဆိုတဲ့ အပမ်းဖြေစခန်းတခုကဆိုင်ပါ။
ဒီပုံတွေလည်း အွန်လိုင်းစာမျက်နှာ အများအပြားမှာတွေ့လို့ မရောက်ဖူးသော်လည်း မြင်ဖူးတယ်ရှိကြဖို့ ကူးခဲ့ပါတယ်။
ဒီပုံတွေကို ၀က်ဆိုက်သုံးလေးခုမှာ တွေ့ရပေမယ့် ဓာတ်ပုံဆရာအမည်ကိုတော့ မတွေ့ရပါ။


အဲဒီ အပမ်းဖြေစခန်းက San Pablo City ဆိုတဲ့ မြို့မှာ ရှိပါတယ် တဲ့။


ဆိုင်မှာ စားသောက်နေတုန်း ကိုယ့်ခြေထောက်အောက် ရေတံခွန်ကရေတွေ စီးဆင်းနေအောင်လည်း စီစဉ်ထားတာက စိတ်ဝင်စားစရာပါပဲ။

ဆိုင်ထဲမှာ ဒေသထွက်အစားအစာ၊ ဒေသရနံ့တွေ အပြည့်အ၀ ခံစားနိုင်အောင်လည်း လုပ်ထားပါတယ် တဲ့။
ညစာ မရပါဘူး။ နေ့လယ်စာပဲရပါတယ်။

ရေတံခွန်ကတော့ ဖန်တီးထားခြင်းပါ။
သဘာဝရေတံခွန် မဟုတ်တဲ့အတွက် အားသာချက်က ရေနစ်မှာ မပူရခြင်းပဲလို့ ဆိုရပါမယ်။

တောင်ကုန်းပေါ်ကဆိုင်၊ ပင်လယ်ကမ်းခြေမှာ နေ၀င်ဆည်းဆာအလှကို မြည်းရတဲ့ဆိုင်၊ မြို့ပြည ရောင်စုံမီးတောက်များနဲ့ဆိုင် ... စသဖြင့်သော ဆိုင်တွေထက် ရေတံခွန်ဘေးကဆိုင်မှာ စားရမယ် ဆိုရင်ဖြင့် အတော်ကောင်းမှာပဲ လို့ တွေးမိပါတယ်။

မြန်မာပြည်က လုပ်ငန်းရှင်တဦးဦးက သူ့ဆိုင်ကို ဒီလိုမျိုး ဖန်တီးလိုက်ရင် ဖိလစ်ပိုင်အထိ သွားစရာ မလိုတော့ ဘူးပေါ့။

တနေ့တော့ ဖြစ်လာမယ် ထင်ပါတယ်။

အောက်ဆုံးကပုံမှာတော့ ဆိုင်ဝန်ထမ်းလို့ ယူဆရသူတချို့ကို တွေ့ရပါလိမ့်မယ်။
စားပွဲထိုးတွေတော့ဟုတ်ဟန်မတူ။
အ၀စား၊ ကိုယ်တိုင်ယူစနစ်ဖြစ်ကြောင်း အွန်လိုင်းစာမျက်နှာတချို့မှာ ရေးထားကြပါတယ်။

စားရမယ့်ထဲ ဒေသထွက်အစားအစား ရိုးရာ အစားအစာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဧရာဝတီblog

No comments:

Post a Comment