Monday 4 August 2014

တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ပြင်းအား ၆ ဒသမ ၁ ရှိငလျင်ကြောင့် အနည်းဆုံး ၁၇၅ ဦး သေ ၊ ၁၃၀၀ ခန့် ဒဏ်ရာရ

Photo: တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ပြင်းအား ၆ ဒသမ ၁ ရှိငလျင်ကြောင့် အနည်းဆုံး ၁၇၅ ဦး သေ ၊ ၁၃၀၀ ခန့် ဒဏ်ရာရ  
Monday, August 4, 2014

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် လူဒီယန်ခရိုင်တွင် ပြင်းအား ၆ ဒသမ  ၁ မဂ္ဂနီကျုဒ်ရှိသည့် ငလျင်လှုပ်ခတ်သွားရာ အနည်းဆုံး ၁၇၅ ဦးသေဆုံးပြီး ၁၃၀၀ ခန့် ဒဏ်ရာရရှိသွားသည်။ အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့၏ အဆိုအရ ငလျင်မှာ ယူနန်ပြည်နယ် ဝမ်ပင်းမြို့ အနောက်မြောက်ဘက် ၁၁ ကီလိုမီတာ ( ၇ မိုင်ခန့်အကွာ) တွင် လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း ဆိုသည်။ ငလျင်လှုပ်ချိန်မှာ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၃၀ မိနစ်တွင်ဖြစ်သည်။ ယခုအခါ ငလျင်လှုပ်ပြီးနောက် ကယ်ဆယ်ရေးနှင့် ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး နိုင်ငံပိုင်ရုပ်သံ စီစီတီဗီကလည်း ငလျင်မှာ ပြည်နယ်အတွင်း ၁၄ နှစ်တာ ကာလအတွင်း အပြင်းထန်ဆုံး ကြုံတွေ့ရသည့် ငလျင်တစ်ရပ်ဖြစ်ကြောင်း ဆိုသည် ။ ကန်ဘူမိတိုင်းတာရေးအဖွဲ့က ငလျင်မှာ ပြည်နယ်တွင်း လူနေအရပ်များနှင့်ဝေးသည့် တောတောင်ထူထပ်ရာနေရာတွင် မြေအောက်အနက် ၁၀ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ငလျင်လှုပ်ခတ်၍ တုန်လှုပ်မှုဒဏ်ကို အိမ်နီးချင်းပြည်နယ်များဖြစ်သည့် ကွီကျိုးနှင့် စီချွမ်ပြည်နယ်များတွင်လည်း ခံစားခဲ့ရကြောင်းဆိုသည်။

ဆင်ဟွာသတင်းက လူဒီယန်ခရိုင်တွင် နေအိမ်ပေါင်း ၁၂,၀၀၀ ခန့်ပြိုကျခဲ့ကြောင်း၊ ထိုခရိုင်မှာ နေထိုင်သူလူဦးရေ ၄၃၉,၀၀၀ ရှိကြောင်းဆိုသည်။ တနင်္ဂနွေ ညသတင်းများအရ သေဆုံးသူများအားလုံးမှာ ကျောက်တုန် ဒေသ ကီကျားခရိုင်မှဖြစ်ကြောင်း၊ ထိုနေရာမှာ ငလျင်အပြင်းထန်ဆုံး လှုပ်ခတ်ခဲ့ရာ နေရာဖြစ်ကြောင်းဆိုသည်။ တရုတ်အစိုးရသည် ငလျင်ဒဏ်ခံ ပြည်သူများအတွက် ရွက်ဖျင်တဲ ၂,၀၀၀ ၊ အိပ်ရာလိပ်၊ ကုတ်အကျီနှင့် စောင် ၃၀၀၀ စီကို ပေးပို့ထားသည်ဟု သတင်းကဆိုသည်။ အစောပိုင်း ငလျင်လှုပ်ပြီးပြီးချင်းတွင် သေဆုံးသူ ၂၆ ဦးသာ ရှိခဲ့ကြောင်း ဖော်ပြခဲ့ရာမှ ညပိုင်းတွင် သေဆုံးသူ ၁၅၀ ကျော်ခဲ့ခြင်းဖြစ်သည်။ ငလျင်ကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်ခဲ့ပြီး အနည်းဆုံး စာသင်ကျောင်းတစ်ခုမှာလည်း ပြိုလဲခဲ့သည်ဟု ဆင်ဟွာသတင်းကဆိုသည်။ ဆက်သွယ်ရေးလိုင်းများလည်း ထိခိုက်ခဲ့သည်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းဒေသသည် ငလျင်များ မကြာခဏ လှုပ်ခတ်ရာနေရာလည်း ဖြစ်သည်။ ယူနန်တွင် ၁၉၇၀ က ပြင်းအား ၇ ဒဿမ ၇ ရှိသော ငလျင်တစ်ခုလှုပ်ခဲ့ရာ အနည်းဆုံး လူ ၁၅,၀၀၀ ခန့် သေဆုံးခဲ့ရဖူးသည်။

Photo - Reuters
Source - 7Day Daily
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် လူဒီယန်ခရိုင်တွင် ပြင်းအား ၆ ဒသမ  ၁ မဂ္ဂနီကျုဒ် ရှိသည့် ငလျင်လှုပ်ခတ်သွားရာ အနည်းဆုံး ၁၇၅ ဦးသေဆုံးပြီး ၁၃၀၀ ခန့် ဒဏ်ရာရရှိသွားသည်။ အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့၏ အဆိုအရ ငလျင်မှာ ယူနန်ပြည်နယ် ဝမ်ပင်းမြို့ အနောက်မြောက် ဘက် ၁၁ ကီလိုမီတာ ( ၇ မိုင်ခန့်အကွာ) တွင် လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း ဆိုသည်။ ငလျင်လှုပ်ချိန် မှာ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၃၀ မိနစ်တွင်ဖြစ်သည်။ ယခုအခါ ငလျင်လှုပ်ပြီးနောက် ကယ် ဆယ်ရေးနှင့် ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး နိုင်ငံပိုင်ရုပ်သံ စီစီတီဗီကလည်း ငလျင်မှာ ပြည်နယ် အတွင်း ၁၄ နှစ်တာ ကာလအတွင်း အပြင်းထန်ဆုံး ကြုံတွေ့ရသည့် ငလျင်တစ်ရပ်ဖြစ်ကြောင်း ဆိုသည် ။ ကန်ဘူမိတိုင်းတာရေးအဖွဲ့က ငလျင်မှာ ပြည်နယ်တွင်း လူနေအရပ်များနှင့်ဝေးသည့် တောတောင် ထူ ထပ်ရာနေရာတွင် မြေအောက်အနက် ၁၀ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ငလျင် လှုပ်ခတ်၍ တုန်လှုပ်မှုဒဏ်ကို အိမ်နီးချင်းပြည်နယ်များဖြစ်သည့် ကွီကျိုးနှင့် စီချွမ်ပြည်နယ်များတွင်လည်း ခံစားခဲ့ရကြောင်းဆိုသည်။
ဆင်ဟွာသတင်းက လူဒီယန်ခရိုင်တွင် နေအိမ်ပေါင်း ၁၂,၀၀၀ ခန့်ပြိုကျခဲ့ကြောင်း၊ ထိုခရိုင်မှာ နေထိုင်သူ လူဦးရေ ၄၃၉,၀၀၀ ရှိကြောင်းဆိုသည်။ တနင်္ဂနွေ ညသတင်းများအရ သေဆုံးသူများ အားလုံးမှာ ကျောက် တုန် ဒေသ ကီကျားခရိုင်မှဖြစ်ကြောင်း၊ ထိုနေရာမှာ ငလျင်အပြင်းထန်ဆုံး လှုပ်ခတ်ခဲ့ရာ နေရာဖြစ်ကြောင်း ဆိုသည်။ တရုတ်အစိုးရသည် ငလျင်ဒဏ်ခံ ပြည်သူများအတွက် ရွက်ဖျင်တဲ ၂,၀၀၀ ၊ အိပ်ရာလိပ်၊ ကုတ် အကျီနှင့် စောင် ၃၀၀၀ စီကို ပေးပို့ထားသည်ဟု သတင်းကဆိုသည်။ အစောပိုင်း ငလျင်လှုပ်ပြီးပြီး ချင်းတွင် သေဆုံးသူ ၂၆ ဦးသာ ရှိခဲ့ကြောင်း ဖော်ပြခဲ့ရာမှ ညပိုင်းတွင် သေဆုံးသူ ၁၅၀ ကျော်ခဲ့ခြင်းဖြစ် သည်။ ငလျင်ကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်ခဲ့ပြီး အနည်းဆုံး စာသင်ကျောင်းတစ်ခုမှာ လည်း ပြိုလဲခဲ့သည်ဟု ဆင်ဟွာသတင်းကဆိုသည်။ ဆက်သွယ်ရေးလိုင်းများလည်း ထိခိုက်ခဲ့သည်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းဒေသသည် ငလျင်များ မကြာခဏ လှုပ်ခတ်ရာနေရာလည်း ဖြစ်သည်။ ယူနန်တွင် ၁၉၇၀ က ပြင်းအား ၇ ဒဿမ ၇ ရှိသော ငလျင်တစ်ခုလှုပ်ခဲ့ရာ အနည်းဆုံး လူ ၁၅,၀၀၀ ခန့် သေဆုံးခဲ့ရဖူးသည်။

Photo - Reuters
Source - 7Day Daily

No comments:

Post a Comment