Monday 4 August 2014

ရန်ကုန်မြို့လယ်ရှိ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများနှင့် အထင်ကရနေရာများတွင် ကမ္ပည်းပြား တစ်ရာ တပ်ဆင်မည်

၂ဝ၁၄ ခုနှစ် မကုန်မီ ရန်ကုန်မြို့လယ်ရှိ ရှေး ဟောင်း အမွေအနှစ် အဆောက်အအုံ များနှင့် အထင်က ရနေရာ များကို အပြာရောင်ကမ္ပည်းပြား ၁ဝဝ တပ် ဆင်သွားမည်ဖြစ်ကြောင်းရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေးမှ သိရသည်။
အဆိုပါ ကဗ္ပည်းပြားများကို ရန်ကုန်မြို့သမိုင်းနှင့် ဆက်စပ်သော ရှေးဟောင်း အဆောက် အအုံ များ၊ နေရာများ၊ အိမ်များ၊ လမ်းများတွင် တပ်ဆင်သွား မည်ဖြစ်ပြီးယင်းကမ္ပည်း ပြားတွင် ယခင်အချိန်က အသုံးပြုခဲ့ သော အဆောက်အအုံ၏နာမည်၊ ယင်း အဆောက်အအုံ တွင် ဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ် တို့ကို ပြည်သူ များနှင့် ပြည်ပမှခရီးသွား ဧည့်သည်များသိရှိ နိုင်စေရန်အတွက် မြန်မာ၊ အင်္ဂလိပ် နှစ် ဘာသာဖြင့် ဖော်ပြပေးသွား မည်ဖြစ်ကြောင်း သိရသည်။

''အပြာရောင်ကမ္ပည်းပြားတပ် ဖို့အတွက် စီစဉ်နေတာတော့ကြာပြီ ယခုနှစ်မှ အကောင်အထည်ဖော်ဖြစ် မှာပါ။ သိပ်မကြာခင်အကောင်အထည် ဖော်မယ်။ ပထမဆုံးအနေနဲ့ရန်ကုန် မြို့လယ်ကအထင်ကရနေရာ၊ အ ဆောက်အအုံတွေကို အခု ၁ဝဝ လောက်ကပ်ဖြစ်မယ်။ နောက်ပိုင်း တဖြည်းဖြည်းနဲ့တော့ အကုန်လုံးကို လုပ်ဆောင်သွားမှာပါ'ဟု ယင်းအ ဖွဲ့မှအကြီးတန်းပြန်ကြားရေးအရာ ရှိ မရွှေယင်းမာဦးကပြောသည်။

အဆိုပါ ကမ္ပည်းပြားများကို သြစတြေးလျမှမှာယူထား ခြင်း ဖြစ် သည့်အတွက် ကုန်ကျစရိတ်မှာ ပိုမို ကုန် ကျသောကြောင့် ပထမဆုံး အနေဖြင့် အဆောက်အအုံ ၁ဝဝနီး ပါးကိုသာ အပြာရောင်ကမ္ပည်းပြား တပ်ဆင်နိုင်မည်ဖြစ်ကြောင်းနှင့် အကယ်၍ ပြည်တွင်း၌သာအရည်အ သွေးကောင်းမွန်သော ကမ္ပည်းပြား များကို ထုတ်လုပ်နိုင်ပါက အကုန်ကျ သက်သာသည့်အတွက် ပိုမိုလုပ်ဆောင် နိုင်မည်ဖြစ်ပြီး ကမ္ပည်းပြားတပ်ဆင် ရာ၌ ရန်ကုန်မြို့လယ်ရှိ မြို့တော် ခန်းမမှစတင်ကာ တပ်ဆင်သွားမည် ဖြစ်ကြောင်း ယင်းကဆက်လက်ပြော သည်။

''ဒီလိုမျိုးတပ်ထားပေးတဲ့အတွက် အနည်းဆုံးတော့သမိုင်းကြောင်း လေး သိရတာပေါ့'' ဟု ရန်ကုန် တိုင်း ဒေသကြီးအတွင်း နေထိုင်သူတစ် ဦးက ဆိုသည်။ ထိုကဲ့သို့ကမ္ပည်းပြားများ တပ် ဆင်ခြင်း အပြင် ရန်ကုန်မြို့တော် သမိုင်းကြောင်းအားလုံးကို ပြသနိုင် ရန်လည်း စီစဉ်လျက်ရှိကြောင်းသိရ သည်။

Yangon Media Group

No comments:

Post a Comment