Monday 4 August 2014

တရုတ်တိုင်ပေက မြန်မာလုပ်သား ငါးသောင်းခန့် ခေါ်ယူနိုင်ရန် ကြိုးစားနေ

တရုတ်တိုင်ပေက မြန်မာ အလုပ်သမား ငါးသောင်းခန့်ကို ယခုနှစ်အတွင်း လုပ်ခလစာ တစ် လလျှင် ကျပ်ခြောက်သိန်းနှင့် အထက်ပေး၍ အလုပ်ခေါ်ရန် နှစ်နိုင်ငံအေဂျင်စီ အသင်းချုပ် ချင်း ညှိနှိုင်းဆွေးနွေးေ နကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီ အသင်းချုပ် ဥက္ကဋ္ဌဦးမင်းလှိုင်က ပြောသည်။
ပြီးခဲ့သည့်နှစ်ကတည်းက တိုင်ပေက မြန်မာအလုပ်သမား များကို အလုပ်ခေါ်ယူရန် ကမ်း လှမ်းခဲ့ပြီး ယခုအခါမြန် မာအေ ဂျင်စီအသင်းချုပ်က လုပ်သားစေ လွှတ်မှုနှင့် ပတ်သက်၍ တိုင်ပေသို့ ငါးရက်ကြာ သွားရောက် လေ့လာခဲ့သည်။ ထိုသို့ညှိနှိုင်း ဆွေးနွေးမှုတွင် လုပ်သားအခွင့် အရေးဆိုင်ရာများ၊ ဥပဒေများနှင့် လုပ်ခ လစာ၊ နေထိုင်မှုပုံစံတို့ကို အဓိကထား လေ့လာခဲ့ကြောင်း သတင်းရရှိသည်။

‘‘ထိုင်ဝမ်ဘက်က မြန်မာ အစိုးရဘက်ကသာ ခွင့်ပြုရင် သူတို့ဘက်က ခေါ်ဖို့အဆင်သင့်ပဲ။ ထိုင်ဝမ် က မြန်မာ အလုပ်သမားပို့ ဖို့ကောင်းပါတယ်။ ဒီနှစ်ထဲမှာ ဖြစ်ဖို့ ကြိုးစားနေပါတယ်’’ဟု ဦးမင်း လှိုင်ကပြော သည်။

လုပ်သားများမှာ လစာငွေ ခြောက်သိန်းနှင့် အထက်ရရှိသော ကြောင့် အချိန်ပိုလုပ်ခနှင့် ပေါင်း ပါက မြန် မာငွေ ရှစ်သိန်းခန့်ရရှိ နိုင်သည်ဟုဆိုသည်။ သို့သော် နေထိုင်စရိတ်အတွက် ၎င်းတို့၏ လုပ်ခလစာထဲမှ ကျပ် ခုနစ် သောင်းခွဲခန့်ပြန်ပေးရကြောင်း သတင်းရရှိသည်။

တိုင်ပေသည် တရုတ်နိုင်ငံ ၏ လက်အောက်တွင်ရှိ၍ မြန်မာ အစိုးရအနေဖြင့် လုပ်သားစေ လွှတ်ခွင့်ပြုခြင်း မရှိသော်လည်း နှစ်နိုင်ငံအေဂျင်စီအသင်းချုပ် သဘောတူနားလည်မှုဖြင့် (MOU)လက်မှတ်ရေးထိုးပြီး စေ လွှတ် ပါ က စေလွှတ်ခွင့်ရှိကြောင်း သတင်းရရှိသည်။

ဆောက်လုပ်ရေးလုပ်ငန်း၊ ၀န်ဆောင်မှုလုပ်ငန်းနှင့် စက်ရုံ၊ အလုပ်ရုံတို့တွင် မြန်မာလုပ်သား များကို အဓိ ကခေါ် ယူ လိုပြီး လက် ရှိ တိုင်ပေတွင် ဖိလစ်ပိုင်၊ ဗီယက် နမ်၊ ထိုင်းလူမျိုးအများစု လုပ် ကိုင်လျက်ရှိသည်။ 

ပြည်ပသို့ မြန်မာအလုပ်သ မားစေလွှတ်ရာတွင် အစိုးရကတရားဝင်ခွင့်ပြုခဲ့သော လုပ်သား ငါးသန်းကျော် သာ လုပ်ကိုင်ခွင့်ပြု ထားသည်။ လက်ရှိမြန်မာအလုပ် သမားအများစုသည် ထိုင်း၊ မလေးရှားနှင့် ကိုရီးယားနိုင်ငံများသို့ အများဆုံးသွားရောက်လုပ်ကိုင် လျက်ရှိကြောင်း သတင်းရရှိ သည်။

7Day News Journal

No comments:

Post a Comment