Monday 4 August 2014

ယူနန်ငလျင်ကြောင့် သေဆုံးသူ အရေအတွက် (၃၈၀)ကျော်ထိ မြင့်တက်လာ

Photo: ယူနန်ငလျင်ကြောင့် သေဆုံးသူ အရေအတွက် (၃၈၀)ကျော်ထိ မြင့်တက်လာ
Monday, August 4, 2014

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ယူနန်ပြည်နယ်တွင် အင်အားပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်ပြီး အသေအပျောက် ပမာဏသည် (၃၈၀)ကျော်မျှထိ မြင့်တက်လာကြောင်း သတင်းရရှိသည်။

တောင်ထူထပ်ရာ ဒေသကို ဦးတည်ပြီး ဩဂုတ်(၃)ရက် မွန်းလွဲပိုင်းက ပြင်းအား ရစ်ခ်ျတာစကေး (၆.၅) အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပြီး နေအိမ် အဆောက်အအုံ အများအပြား ပြိုကျ ပျက်စီးခဲ့သည်။ ဩဂုတ်(၄)ရက် နံနက်ပိုင်းတွင် အာဏာပိုင်များက အသေအပျောက်စာရင်း (၃၈၁)ဦး ရှိနေပြီး လူ(၂၀၀၀)ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အတည်ပြု ကြေညာခဲ့သည်။

ငလျင်ကြောင့် အဆိုပါ ဒေသတွင် မြေပြင်များပါ အက်ကွဲကုန်ကြောင်း သိရသည်။ “ဩဂုတ်(၄)ရက်၊ နံနက်(၈း၄၀)နာရီထိ ကောက်ယူထားတဲ့ စာရင်းအရ အသေအပျောက် ပမာဏ (၃၈၁)ယောက်ထိ ရှိလာပါပြီ”ဟု တာဝန်ရှိသူ တစ်ဦးက Xinhuaသို့ ပြောကြားခဲ့သည်။ အမေရိကန် ဘူမိတိုင်းတာရေး အဖွဲ့၏ အဆိုအရ ငလျင်သည် ယူနန်ပြည်နယ်၊ ဝမ်ပင်းမြို့ အနောက်မြောက်ဘက် (၇)မိုင်ခန့် အကွာကို ဦးတည်လှုပ်ခတ်ခဲ့ခြင်းဟု သိရှိရသည်။

ငလျင်ကြောင့် အဆောက်အအုံ အများအပြား ပြိုကျခဲ့ရာ ကယ်ဆယ်ရေးများက အပျက်အစီးပုံများအောက်တွင် ရုပ်အလောင်းများနှင့် အသက်ရှင် ကျန်ရစ်သူများကို ခက်ခက်ခဲခဲ ရှာဖွေနေရသည်။ Xinhua သတင်းဌာနက ဝန်ကြီးချုပ် လီခဲ့ချန်းသည် ဩဂုတ်(၄)ရက် နံနက်ပိုင်းတွင် ငလျင်ဘေးသင့် ဒေသသို့ ထွက်ခွာသွားခဲ့ကြောင်း ဖော်ပြခဲ့သည်။

ပြည်တွင်း ရုပ်မြင်သံကြား ဌာနများက နေအိမ်များထဲမှ ပြေးထွက်လာသူများ၏ ဗီဒီယို မှတ်တမ်းများကို ဖော်ပြခဲ့သလို ကိုယ်တွေ့ကြုံခဲ့သူများကလည်း Social Mediaများပေါ်တွင် ၎င်းတို့၏ အတွေ့အကြုံများကို မျှဝေ ရေးသားခဲ့သည်။ “အဆောက်အအုံ အတော်များများရဲ့ နံရံတွေ အက်ကွဲကုန်တယ်။ ရေပိုက်တွေလည်း ပေါက်ကွဲကုန်တယ်။ လျှပ်စစ်မီးလိုင်းတွေလည်း ပြတ်တောက်နေပြီ”ဟု လူဒယန်းမှ ဒေသခံ တစ်ဦးက Weiboတွင် ရေးသားခဲ့သည်။

လူဒယန်းသည် ငလျင်ဒဏ်ကို အဆိုးရွားဆုံး ခံရသည့် ဒေသဖြစ်ပြီး အနည်းဆုံး လူ(၂၉၆)ဦး သေဆုံးခဲ့သည်။ လတ်တလောတွင် ငလျင်ဘေးသင့် ဒေသအတွင်း ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် တရုတ်စစ်သည် (၂၅၀၀)ကို ပို့လွှတ်ထားပြီး ရဲတပ်ဖွဲ့ဝင် (၃၀၀)နှင့် ဇောင်တန်မြို့မှ မီးသတ်တပ်ဖွဲ့ဝင်များပါ ရောက်ရှိနေကြောင်း သိရှိရသည်။

_Channel NewsAsia
7Day DAILY
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ယူနန်ပြည်နယ်တွင် အင်အားပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်ပြီး အသေအပျောက် ပမာဏသည် (၃၈၀)ကျော်မျှထိ မြင့်တက်လာကြောင်း သတင်းရရှိသည်။
တောင်ထူထပ်ရာ ဒေသကို ဦးတည်ပြီး ဩဂုတ်(၃)ရက် မွန်းလွဲပိုင်းက ပြင်းအား ရစ်ခ်ျတာစကေး (၆.၅) အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပြီး နေအိမ် အဆောက်အအုံ အများအပြား ပြိုကျ ပျက်စီးခဲ့သည်။ ဩဂုတ် (၄)ရက် နံနက်ပိုင်းတွင် အာဏာပိုင်များက အသေအပျောက်စာရင်း (၃၈၁)ဦး ရှိနေပြီး လူ(၂၀၀၀)ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အတည်ပြု ကြေညာခဲ့သည်။

ငလျင်ကြောင့် အဆိုပါ ဒေသတွင် မြေပြင်များပါ အက်ကွဲကုန်ကြောင်း သိရသည်။ “ဩဂုတ်(၄)ရက်၊ နံနက်(၈း၄၀)နာရီထိ ကောက်ယူထားတဲ့ စာရင်းအရ အသေအပျောက် ပမာဏ (၃၈၁)ယောက်ထိ ရှိလာပါပြီ”ဟု တာဝန်ရှိသူ တစ်ဦးက Xinhuaသို့ ပြောကြားခဲ့သည်။ အမေရိကန် ဘူမိတိုင်းတာရေး အဖွဲ့၏ အဆိုအရ ငလျင်သည် ယူနန်ပြည်နယ်၊ ဝမ်ပင်းမြို့ အနောက်မြောက်ဘက် (၇)မိုင်ခန့် အကွာကို ဦးတည်လှုပ်ခတ်ခဲ့ခြင်းဟု သိရှိရသည်။

ငလျင်ကြောင့် အဆောက်အအုံ အများအပြား ပြိုကျခဲ့ရာ ကယ်ဆယ်ရေးများက အပျက်အစီးပုံများအောက် တွင် ရုပ်အလောင်းများနှင့် အသက်ရှင် ကျန်ရစ်သူများကို ခက်ခက်ခဲခဲ ရှာဖွေနေရသည်။ Xinhua သတင်းဌာနက ဝန်ကြီးချုပ် လီခဲ့ချန်းသည် ဩဂုတ်(၄)ရက် နံနက်ပိုင်းတွင် ငလျင်ဘေးသင့် ဒေသသို့ ထွက်ခွာသွားခဲ့ကြောင်း ဖော်ပြခဲ့သည်။

ပြည်တွင်း ရုပ်မြင်သံကြား ဌာနများက နေအိမ်များထဲမှ ပြေးထွက်လာသူများ၏ ဗီဒီယို မှတ်တမ်းများ ကို ဖော်ပြ ခဲ့သလို ကိုယ်တွေ့ကြုံခဲ့သူများကလည်း Social Mediaများပေါ်တွင် ၎င်းတို့၏ အတွေ့အကြုံများ ကို မျှဝေ ရေးသားခဲ့သည်။ “အဆောက်အအုံ အတော်များများရဲ့ နံရံတွေ အက်ကွဲကုန် တယ်။ ရေပိုက်တွေလည်း ပေါက်ကွဲကုန်တယ်။ လျှပ်စစ်မီးလိုင်းတွေလည်း ပြတ်တောက်နေပြီ”ဟု လူဒ ယန်း မှ ဒေသခံ တစ်ဦးက Weiboတွင် ရေးသားခဲ့သည်။

လူဒယန်းသည် ငလျင်ဒဏ်ကို အဆိုးရွားဆုံး ခံရသည့် ဒေသဖြစ်ပြီး အနည်းဆုံး လူ(၂၉၆)ဦး သေဆုံးခဲ့ သည်။ လတ်တလောတွင် ငလျင်ဘေးသင့် ဒေသအတွင်း ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် တရုတ်စစ်သည် (၂၅၀၀)ကို ပို့လွှတ်ထားပြီး ရဲတပ်ဖွဲ့ဝင် (၃၀၀)နှင့် ဇောင်တန်မြို့မှ မီးသတ် တပ်ဖွဲ့ဝင်များပါ ရောက်ရှိနေကြောင်း သိရှိရသည်။

_Channel NewsAsia
7Day DAILY

No comments:

Post a Comment