Monday 4 August 2014

မြန်မာ့ ပညာရေးပြောင်းလဲမှု စိတ်ရှည်ဖို့ လိုအပ်

မြန်မာနိုင်ငံ ပညာရေးပြုပြင်ပြောင်းလဲမူတွေဆောင်ရွက်ရာမှာ စိတ်ရှည်သည်းခံရေးဟာ အဓိက စိန်ခေါ် ချက် ဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ပညာရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဒေါ်ရင်ရင်နွယ်က ပညာရေး ပြုပြင်ပြောင်း လဲရေးဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။
ကုန်သည်စက်မူ အသင်းချုပ်UMFCCI မှာ စနေနေ့က ကျင်းပခဲ့တဲ့ ပညာရေးနဲ့ နိုင်ငံပြုပြင် ပြောင်း လဲ မူ ဆွေးနွေး ပွဲမှာပြောကြားခဲ့တာပါ။

ပြည်သူတွေမှာ ပြုပြင်ပြောင်းလဲမူတွေကို အမြန်ဆုံး အကောင်အထည်ဖေါ်လိုတဲ့ ဆန္ဒရှိနေကြတာ ဖြစ်ပေမဲ့ အလျင်စလိုဆောင်ရွက်ရင် အမှားအယွင်းတွေဖြစ်ပေါ်နိုင် တာကြောင့်၊ စိတ်ရှည်သည်းခံ ရေးကို အဓိကစိန်ခေါ်ချက်အဖြစ် ဒေါက်တာ ဒေါ်ရင်ရင်နွယ် က ထောက်ပြသွားခဲ့တာပါ။

"ပြည်သူလူထု စိတ်လောတာလည်း ကျမနားလည်ပါတယ်၊ ဒီစနစ်အသစ်ကို လိုချင်လှ ပြီပေါ့လေ၊ ဒါပေမဲ့ တချို့အချက်တွေကျတော့လည်း ချက်ချင်းပြောင်းဖို့ကမလွယ်ဘူး၊ ဥပမာအားဖြင့်ပြောရမယ်ဆိုရင် ဒီဂရီကော လိပ်ကျောင်းတွေဟာ အားလုံးပေါင်း ကျောင်းတွေ တက္ကသိုလ်က အားလုံးပေါင်း ၁၆၉ ကျောင်းရှိပါတယ်၊ ဒါကနိုင်ငံ ပိုင်ကျောင်းတွေ ဒီဟာတွေကို ချက်ချင်းကြီးကို ဗဟိုဦးစီးချုပ်ကိုပြီးတော့ လုပ်ရင်တော့ အားလုံး ဒုက္ခရောက်ကုန်မယ် လို့မြင်တယ်၊ အဲ့ဒီတော့ အသွင်ကူးပြောင်ရေးကာလ တစ်ခုထားရပါမယ်၊ ကလေးတွေ မနစ်နာအောင် ဒီစပ်ကူးမတ်ကူး အချိန်မှာရှိနေတဲ့ကလေးတွေ မနစ်နာအောင် သင်ရိုးညွှန်း တမ်းတွေ တဖြည်းဖြည်းလုပ်ရမှာပေါ့လေ" 

ဆွေးနွေးပွဲတက်ရောက်လာသူတွေကလည်း မြန်မာနိုင်ငံ ပညာရေးပြုပြင်ပြောင်းလဲမူတွေမှာ ရင်ဆိုင် နေရ တဲ့ အဓိက စိန်ခေါ်ချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသလို၊ မြန်မာနိုင်ငံ လုသားရင်းမြစ် ဖွံ့ဖြိုးရေး အတွက် ပညာရေးပြုပြင်ပြောင်းလဲမှုတွေ လိုအပ်ကြောင်း နိုင်ငံတကာ နဲ့ ယှဉ်ပြီး ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားဘာသာစကား သင်ကြားရေးနဲ့ပတ်သက်ပြီး ဘယ်ဒေသ မှာ ဘယ်ဘာသာစကားနဲ့ သင်ကြားမလဲဆိုတာ ဒေသခံတိုင်းရင်းသား အချင်းချင်း အဓိက ညှိနှိုင်းကြရ မှာဖြစ်ကြောင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

RFA

No comments:

Post a Comment