Monday 4 August 2014

နာရေးဝန်ဆောင်မှုအဖွဲ့က အလောင်း မှားမြုပ်သဖြင့် ပြန်လည် တူးဖော်ခဲ့ရ

အမေရိကန် နိုင်ငံ ဟူစတန်မြို့ရှိ ဟူစတန် နာရေး ဝန်ဆောင်မှု အဖွဲ့သည်  ရုပ်အလောင်း မှားယွင်း မြုပ်မိခဲ့ပြီး မှားယွင်းကြောင်း သိရှိခဲ့သည့် အချိန်တွင် ရုပ်အလောင်းအား ပြန်လည် တူးဖော်ခဲ့ရ သည်ဟု သြဂုတ်လ ၄ ရက်က နယူးယောက် ဒေးလီး သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။ရုပ်အလောင်းပိုင်ရှင် ဘရုစ်လောဆန်မှ အသုဘ အခမ်းအနားသို့ လာရောက်ချိန်တွင် အခေါင်းထဲရှိ ရုပ်အလောင်းသည် ၎င်း၏ မိခင်ဖြစ်သူ၏ ရုပ်အလောင်း မဟုတ်ကြောင်းကို ရိပ်မိခဲ့သည်။ ထို့နောက် ၎င်းသည် တစ်စုံတစ်ခု မှားယွင်း နေကြောင်း စဉ်းစားမိခဲ့ သော်လည်း ရုပ်အလောင်းအား မပုပ်ပွ စေရန် စီမံထားမှု များကြောင့် ယခုလို ရုပ်ပြောင်း သွားခြင်း ဖြစ်နိုင်သည် ဟူ၍ အမှုမဲ့ အမှတ်မဲ့ နေခဲ့သည်ဟု ဆိုသည်။ထို့နောက် စဉ်းစားရ အလွန်ကြပ်လာ သောကြောင့် လောဆန်သည် နာရေး ဝန်ဆောင်မှု အဖွဲ့၏ ဝန်ထမ်းအား "ဒါကျွန်တော့် အမေနဲ့ မတူသလိုဘဲ"ဟု ပြောကြား ခဲ့သော်လည်း ရုပ်အလောင်းသည် လောဆန်၏ အမေ ဖြစ်ကြောင်းကို ယင်းဝန်ထမ်းမှ ခိုင်ခိုင်မာမာ ပြောကြား ခဲ့သည်။"ဒီအလောင်းက ကျွန်တော့် အမေအလောင်း မဟုတ်ဘူးလို့ နာရေး ဝန်ဆောင်မှု ဝန်ထမ်းကို ပြောပြခဲ့တယ်"ဟု လောဆန်က ပြောကြား ခဲ့ပြီး "အလောင်းများ မှားနေလား မသိဘူး၊ တစ်ယောက်ယောက်များ ဖြစ်နေ မလား"လို့ မေးခဲ့ပေမယ့် ၎င်းဝန်ထမ်းက "ကျွန်မတို့ ဒီလို အမှားမျိုးတွေ မလုပ်ပါဘူး"ဟု ပြန်လည် ပြောဆို ခဲ့သည်ဟု လော်ဆန်က ပြောကြားခဲ့သည်။
ထို့နောက် လော်ဆန်မှ ယင်းရုပ်အလောင်းသည် ၈၁နှစ်အရွယ် မိခင်ဖြစ်သူ အက်ဒ်နာ လော်ဆန်၏ ရုပ်အလောင်း မဟုတ်သည်ကို သိရှိခဲ့သည့်အကြောင်းကို WWL တီဗွီ က ဖော်ပြခဲ့သည်။ မာဘီ အောက်မေ့ဖွယ် ရုံးမှ လော်ဆန်၏ မိခင်ဖြစ်သူ ရုပ်အလောင်းသည် နာရေး ဝန်ဆောင်မှု အဖွဲ့ရုံးတွင်သာ ရှိသေး သည်ဟု ဖုန်းဆက် အကြောင်းကြား ခဲ့သည့် အချိန်တွင် လော်ဆန်သည် တုန်လှုပ် သွားခဲ့သည်။
နာရေး ဝန်ဆောင်မှု ရုံးသို့ သွားရောက်ကြည့်ရှုချိန်တွင် လော်ဆန်သည် ယင်းရုပ်အလောင်းအား ၎င်း၏ မိခင်ဖြစ်သူ ရုပ်အလောင်း အမှန် ဖြစ်ကြောင်း သိရှိခဲ့သည်။
mizzima

No comments:

Post a Comment