Monday 4 August 2014

သတင်းရယူမှုဆိုင်ရာ ဥပဒေသစ်ကို ရှုတ်ချလိုက်သည့် မက္ကဆီကို သတင်းသမားများ

Photo: သတင်းရယူမှုဆိုင်ရာ ဥပဒေသစ်ကို ရှုတ်ချလိုက်သည့် မက္ကဆီကို သတင်းသမားများ
Monday, August 4, 2014

မက္ကဆီကိုနိုင်ငံ ဆီနာအိုလာပြည်နယ်မှာ အဆိုပြုထားတဲ့ သတင်းရယူမှုဆိုင်ရာ ဥပဒေသစ် ဟာ ရာဇ၀တ်မှုဖြစ်ပွားရာနေရာမှာ သတင်းရယူမှုကို
ကန့်သတ်ပိတ်ပင်ထားတယ်လို့ ယူဆတာ ကြောင့် သတင်းသမားတွေဟာ အဆိုပါဥပဒေကို ပြစ်တင်ရှုတ်ချနေကြပါတယ်။  မက္ကဆီကိုနိုင်ငံက ဂျာနယ်လစ်တွေဟာ နိုင်ငံအရှေ့မြောက်ပိုင်း ဆီနာအိုလာပြည်နယ်ရဲ့ ရာဇ၀တ်မှုဆိုင်ရာ သတင်းရယူမှုကို ကန့်သတ်လိုက်တဲ့ ဥပဒေနဲ့ပတ်သက်ပြီး ပြစ်တင်ရှုတ်ချ နေကြပါတယ်။
 
ဒီဥပဒေအရ သတင်းသမားတွေဟာ ရာဇ၀တ်မှုဖြစ်ပွားရာနေရာမှာ အရုပ်အသံ မှတ်တမ်းတင်ခြင်းနဲ့ ဓာတ်ပုံရိုက်ကူးခွင့်တွေကို ရရှိမှာမဟုတ်ပါဘူး။ ဥပဒေအရ သတင်းသမား တွေ သတင်းရယူလိုပါက တရားလိုရုံးရဲ့ တရားဝင်သတင်းထောက်ခံချက်ကို ရယူရမှာဖြစ် ပါတယ်။ ဒီဥပဒေကြမ်းကို ပြည်နယ်အုပ်ချုပ်ရေးမှူး မာရီယိုလိုပက်ဇ်က အဆိုပြုထားတာဖြစ် ပြီး ပြည်နယ်ဥပဒေပြု လွှတ်တော်အမတ်တွေကလည်း ဗုဒ္ဓဟူးနေ့ညတုန်းက သဘောတူညီခဲ့ကြ တာဖြစ်ပါတယ်။
 
အခုဆိုပြုထားတဲ့ ဥပဒေဟာ မက္ကဆီကိုနိုင်ငံတွင်း သတင်းလွတ်လပ်မှုကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်နေတယ်လို့ မီဒီယာအဖွဲ့အစည်းတွေ၊ သတင်းသမား သမဂ္ဂတွေနဲ့ အဆိုပါ ဥပဒေအတည်မပြုပေးရေးလှုပ်ရှားသူတွေက ဝေဖန်ရှုတ်ချထားပါတယ်။ ပြည်နယ် အာဏာပိုင် တွေကတော့ အခင်းဖြစ်ပွားရာနေရာကို ရဲလုပ်ငန်းစဉ်တွေ လုပ်ဆောင်ရာမှာ မပျက် ယွင်းစေဖို့အတွက် ဒီဥပဒေကို အဆိုပြုထားတာဖြစ်တယ်လို့ ပြောကြားထားပါတယ်။ ဒီဥပဒေဟာ လာမယ့်အောက်တိုဘာလ (၁၅) ရက်နေ့မှာ စတင်အသက်ဝင်မှာဖြစ်ပြီး သတင်းသမားတွေ ကတော့ သူတို့ဟာ ဒီဥပဒေအတည်မပြုနိုင်ဖို့အတွက် ဆက်လက်တောင်းဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ၊။ 

MRTV-4
မက္ကဆီကိုနိုင်ငံ ဆီနာအိုလာပြည်နယ်မှာ အဆိုပြုထားတဲ့ သတင်းရယူမှုဆိုင်ရာ ဥပဒေသစ် ဟာ ရာဇ၀တ် မှုဖြစ်ပွား ရာနေရာမှာ သတင်းရယူမှုကို ကန့်သတ်ပိတ်ပင်ထားတယ်လို့ ယူဆတာကြောင့် သတင်း သမားတွေဟာ အဆိုပါဥပဒေကို ပြစ်တင်ရှုတ်ချနေကြပါတယ်။  မက္ကဆီကိုနိုင်ငံက ဂျာနယ် လစ်တွေ ဟာ နိုင် ငံ အရှေ့မြောက်ပိုင်း ဆီနာအိုလာပြည်နယ်ရဲ့ ရာဇ၀တ်မှုဆိုင်ရာ သတင်းရယူမှုကို ကန့် သတ် လိုက် တဲ့ ဥပဒေနဲ့ ပတ်သက်ပြီး ပြစ်တင်ရှုတ်ချ နေကြပါတယ်။
ဒီဥပဒေအရ သတင်းသမားတွေဟာ ရာဇ၀တ်မှုဖြစ်ပွားရာနေရာမှာ အရုပ်အသံ မှတ်တမ်းတင်ခြင်းနဲ့ ဓာတ်ပုံ ရိုက်ကူးခွင့်တွေကို ရရှိမှာမဟုတ်ပါဘူး။ ဥပဒေအရ သတင်းသမား တွေ သတင်းရယူလိုပါက တရားလိုရုံးရဲ့ တရားဝင်သတင်းထောက်ခံချက်ကို ရယူရမှာဖြစ် ပါတယ်။ ဒီဥပဒေကြမ်းကို ပြည်နယ် အုပ်ချုပ်ရေး မှူး မာရီယိုလိုပက်ဇ်က အဆိုပြုထားတာဖြစ် ပြီး ပြည်နယ်ဥပဒေပြု လွှတ်တော်အမတ်တွေ က လည်း ဗုဒ္ဓဟူးနေ့ညတုန်းက သဘောတူညီခဲ့ကြ တာဖြစ်ပါတယ်။

အခုဆိုပြုထားတဲ့ ဥပဒေဟာ မက္ကဆီကိုနိုင်ငံတွင်း သတင်းလွတ်လပ်မှုကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်နေ တယ်လို့ မီဒီယာအဖွဲ့အစည်းတွေ၊ သတင်းသမား သမဂ္ဂတွေနဲ့ အဆိုပါ ဥပဒေအတည်မပြုပေးရေး လှုပ်ရှား သူတွေက ဝေဖန်ရှုတ်ချထားပါတယ်။ ပြည်နယ် အာဏာပိုင် တွေကတော့ အခင်းဖြစ်ပွားရာနေရာကို ရဲလုပ် ငန်း စဉ်တွေ လုပ်ဆောင်ရာမှာ မပျက် ယွင်းစေဖို့အတွက် ဒီဥပဒေကို အဆိုပြုထားတာဖြစ်တယ် လို့ ပြောကြားထားပါတယ်။ ဒီဥပဒေဟာ လာမယ့်အောက်တိုဘာလ (၁၅) ရက်နေ့မှာ စတင် အသက်ဝင် မှာဖြစ်ပြီး သတင်းသမားတွေ ကတော့ သူတို့ဟာ ဒီဥပဒေအတည်မပြုနိုင်ဖို့အတွက် ဆက်လက်တောင်းဆို သွားမှာဖြစ်တယ်လို့ သိရပါတယ၊။

MRTV-4

No comments:

Post a Comment