Monday 4 August 2014

ပဲခူးမြို့မြေနိမ့်ပိုင်းရပ်ကွက်များ ရေမြုပ် ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ရန် စီစဉ်နေဟုဆို

ပဲခူး၊ ဩဂုတ် ၃- ရေနုတ်မြောင်း များပိတ်ဆို့မှုကြောင့် ပဲခူးမြို့၊ မြေနိမ့် ပိုင်းရပ် ကွက်များ တွင် ရေ နစ်မြုပ် နေပြီး ရေမြုပ် အိမ်ထောင်စုများကို ကူညီနိုင်ရန်အတွက် ရေဘေးကယ် ဆယ်ရေးစခန်းများဖွင့်လှစ် ရန် စီ စဉ်နေပြီဖြစ်ကြောင်း သိရသည်။
ရေနုတ်မြောင်းများ အလုံအ လောက်မ ရှိသည့်အပြင် ရှိနှင့်ပြီး သောရေမြောင်းများမှာလည်း လုံ လောက်သောရေစီးဆင်းနိုင်မှုမရှိ သည့်အတွက် ပဲခူးမြို့၊ အနိမ့်ပိုင်း ရပ်ကွက်များဖြစ်သည့် ကျွန်းသာ ယာရပ်ကွက်၊ မဇင်းရပ်ကွက်၊ကျောက် ကြီးစုရပ်ကွက်၊ ရွာသစ် ရပ်ကွက်များ တွင် ရေများ ဝင်ရောက်နေခြင်း ဖြစ် ကြောင်း ဒေသခံများ၏ ပြောကြား ချက်အရ သိရသည်။

''အဓိကကတော့ ရေမြောင်း တွေ လုံလုံလောက်လောက်မရှိလို့ ပါ။ နှစ်စဉ်ရေကြီး တဲ့ဒဏ်ကိုခံနေ ရ တော့ ရိုးနေ ပါပြီ။ လောလော ဆယ် စားသောက်စရာတွေ ကြိုဝယ်ထား ပါတယ်။ ရေကြီးလာရင် အလွယ်တ ကူ ရွှေ့ပြောင်းနိုင်အောင် ပစ္စည်းတွေကို ထုပ်ပိုးထားပါတယ်''ဟု မဇင်းရပ်ကွက် တွင်နေထိုင်သူ တစ်ဦး ကပြောသည်။

ဆည်မြောင်းဦးစီးဌာန သည် ပဲခူးမြို့၏ အောက်ပိုင်းစည်တီးကျေး ရွာ၊ ဈေးညောင် ပင်ကျေးရွာနှင့် ထုံး ကြီးကျေးရွာများ ဘက်ရှိ ရေစီးရာတွင် အဟန့် အတားဖြစ်နေသော သောင် ခုံ ၁၁ ခုံကို စက်ယန္တရားများဖြင့် ဖြိုဖျက်ခဲ့သည် အထက်ချောင်း ဖျား ဒေသတွင်လည်း ရွှေလောင်းနှင့် ကိုဒူကွဲဆည်တို့ကိုတည်ဆောက် ကာပဲခူးမြစ်ရေကို ထိန်းသိမ်းနိုင်ရန် ကြိုတင်စီစဉ်ခဲ့သည်။

''အနိမ့်ပိုင်းရပ်ကွက်၊ ရေမြုပ် အိမ်ထောင်စုတွေကို ကူညီဆောင် ရွက်ပေးဖို့အတွက် ကယ်ဆယ်ရေး စခန်း ငါးခုဖွင့်လှစ်ဖို့ စီစဉ်ထားပါ တယ်။ပဲခူးမြစ်ရေရဲ့ စိုးရိမ်ရေမှတ် ဖြစ်တဲ့ ၉၀၀ စင်တီမီတာ ရောက်တာ နဲ့ကယ်ဆယ်ရေးလုပ် ငန်းတွေ ကိုစတင် ဆောင်ရွက်သွားမှာပါ။ လက်ရှိရေ မှတ်ကတော့ ၈၇၈စင်တီမီတာ ရှိပါ တယ်''ဟု ပဲခူးမြို့နယ်အုပ်ချုပ်ရေးမှူး ရုံးမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ပဲခူးမြစ်ကြောင်းတစ်လျှောက် ရေစီးရေလာမကောင်းသဖြင့် ပဲခူး-ရန်ကုန်မော်တော်ကားလမ်း ရေ ကျော် သည် ထိ ရေကြီးခဲ့ခြင်း၊ လူအ သေအပျောက်ရှိခဲ့ခြင်းများ ဖြစ်ပွား ခဲ့သည်။

Yangon Media Group

No comments:

Post a Comment