Monday 4 August 2014

အီဘိုလာ ဗိုင်းရပ်စ် ကာကွယ်ရေး ကျန်းမာရေး ဝန်ကြီးဌာန အရေးပေါ်ဆွေးနွေး၊ အစိုးရဆေးရုံများကို သတိပေးချက်ထုတ်

Photo: အီဘိုလာ ဗိုင်းရပ်စ် ကာကွယ်ရေး ကျန်းမာရေး ဝန်ကြီးဌာန အရေးပေါ်ဆွေးနွေး၊ အစိုးရဆေးရုံများကို သတိပေးချက်ထုတ် 
Monday, August 4, 2014

ရောဂါဖြစ်ပွားသူ ၁၃၀၀ ကျော်တွင် ၇၀၀ ကျော် သေဆုံးသော အပြင်းထန်ဆုံး ကူးစက်ရောဂါ ဖြစ်သည့် အီဘိုလာဗိုင်းရပ်စ် မြန်မာနိုင်ငံသို့ ကူးစက်ပြန့်ပွားမှု မရှိစေရန် ကျန်းမာရေး ဝန်ကြီးဌာနက သြဂုတ်လ ၃ ရက်နေ့တွင် အရေးပေါ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အစိုးရဆေးရုံများကို သတိပေးချက်များ တင်းတင်းကျပ်ကျပ် ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသန်းညွှန့်က The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံတွင် အီဘိုလာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ မရှိသေးကြောင်း၊ သို့သော်လည်း လူဝင်မှုကြီးကြပ်ရေး ဂိတ်များတွင် အီဘိုလာ ဗိုင်းရပ်စ်ပိုး စစ်ဆေးမှုများ ပြုလုပ်ထားပြီး နိုင်ငံတစ်ဝန်း ကျန်းမာရေး ဝန်ထမ်းများကိုလည်း သတိပေးထားကြောင်း ၎င်း၏ ပြောကြားချက်များအရ သိရသည်။

“တောင်အာဖရိကမှာ ဖြစ်တာဆိုတော့ ဒီမှာ မဖြစ်နိုင်ဘူးလို့ ပြောရခက်တယ်။ ဖြစ်မယ်လည်း ပြောရခက်တယ်။ လူတွေ အထိတ်တလန့် ဖြစ်မှာလည်း စိုးရိမ်တယ်။ သက်ဆိုင်ရာ လေးနိုင်ငံ (ဆီရာလီယွန်၊ နိုက်ဂျီးရီးယား၊ လိုက်ဘေးရီးယား၊ ဂီနီယာ) က လာတဲ့သူတွေကို လိုအပ်တဲ့ စစ်ဆေးချက်တွေ လုပ်မယ်။ အဲဒီအတွက် ဒီနေ့ အစည်းအဝေး လုပ်တာ” ဟု ကျန်းမာရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ရှင်းပြသည်။

လက်ရှိတွင် အစိုးရဆေးရုံ၊ ဆေးခန်းများသို့ သတိပေးထားသော်လည်း ပုဂ္ဂလိကဆေးရုံများနှင့် ကျန်းမာရေး ဝန်ဆောင်မှု ပေးနေသူများထံ ညွှန်ကြားချက် မပေးရသေးကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ကျန်းမာရေး ဝန်ကြီးဌာနဘက်က တိုင်းနှင့်ပြည်နယ်အဆင့် ဆေးရုံများတွင် သီးသန့်အဆောင်များ ထားရှိခြင်းနှင့် နယ်စပ်ဒေသများတွင် ကူးစက်ရောဂါ စောင့်ကြည့် စစ်ဆေးခြင်းတို့ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ပူးတွဲ ဆောင်ရွက်လျက် ရှိကြောင်း သြဂုတ်လ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

“H1N1 နဲ့ ဆားရောဂါ ပိုးတုန်းကလိုပဲ ဆိုတော့ သီးသန့်တော့ မပြင်ဆင်ထားဘူး။ ကျွန်တော်တို့ဆီ ရောက်လာရင်တော့ လူနာကို အရင်မေးမယ်။ ဖြစ်ခဲ့တဲ့ ဒေသတွေ သွားခဲ့လား။ သံသယရှိရင် သီးသန့်ခန်းမှာ ထားမယ်။ ဝန်ကြီးဌာနဘက်ကတော့ ညွှန်ကြားတာ မရှိသေးဘူး” ဟု ရန်ကုန်မြို့တော်ရှိ ပုဂ္ဂလိက ဆေးရုံတစ်ခုထံမှ စုံစမ်းသိရှိရသည်။

ယင်းရောဂါပိုးနှင့် ပတ်သက်၍ ထိုင်း၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့တွင် အရေးပေါ် သတိပေးချက်များ အသီးသီး ထုတ်ပြန်ထားပြီး အီဘိုလာ ဗိုင်းရပ်စ်ပိုး အများဆုံး ဖြစ်ပွားနေသော ဆီရာလီယွန်၊ နိုက်ဂျီးရီးယား၊ လိုက်ဘေးရီးယားနှင့် ဂီနီယာ နိုင်ငံတို့ကဲ့သို့ အာဖရိကတိုက်မှ လာရောက်သူတို့ကို စစ်ဆေးမှုများ တင်းတင်းကျပ်ကျပ် ဆောင်ရွက်လျက် ရှိသည်။

အာဖရိက အနောက်နိုင်ငံ လေးခုတွင် အီဘိုလာ ဗိုင်းရပ်စ်ပိုးကြောင့် ၂၀၁၄ ခုနှစ်၊ မတ်လမှ ဇူလိုင်လ ၂၇ ရက်နေ့အထိ ရောဂါဖြစ်ပွားသူ ၁,၃၂၃ ဦး နှင့် သေဆုံးသူ ၇၂၉ ဦး ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

The Voice Weekly
ရောဂါဖြစ်ပွားသူ ၁၃၀၀ ကျော်တွင် ၇၀၀ ကျော် သေဆုံးသော အပြင်းထန်ဆုံး ကူးစက်ရောဂါ ဖြစ်သည့် အီဘိုလာဗိုင်းရပ်စ် မြန်မာနိုင်ငံသို့ ကူးစက်ပြန့်ပွားမှု မရှိစေရန် ကျန်းမာရေး ဝန်ကြီးဌာနက သြဂုတ်လ ၃ ရက်နေ့ တွင် အရေးပေါ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အစိုးရဆေးရုံများကို သတိပေးချက်များ တင်းတင်း ကျပ်ကျပ် ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသန်းညွှန့် က The Voice သို့ ပြောကြားသည်။
မြန်မာနိုင်ငံတွင် အီဘိုလာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ မရှိသေးကြောင်း၊ သို့သော်လည်း လူဝင်မှု ကြီးကြပ်ရေး ဂိတ်များတွင် အီဘိုလာ ဗိုင်းရပ်စ်ပိုး စစ်ဆေးမှုများ ပြုလုပ်ထားပြီး နိုင်ငံတစ်ဝန်း ကျန်းမာရေး ဝန်ထမ်းများကိုလည်း သတိပေးထားကြောင်း ၎င်း၏ ပြောကြားချက်များအရ သိရသည်။

“တောင်အာဖရိကမှာ ဖြစ်တာဆိုတော့ ဒီမှာ မဖြစ်နိုင်ဘူးလို့ ပြောရခက်တယ်။ ဖြစ်မယ် လည်း ပြောရ ခက်တယ်။ လူတွေ အထိတ်တလန့် ဖြစ်မှာလည်း စိုးရိမ်တယ်။ သက်ဆိုင်ရာ လေးနိုင်ငံ (ဆီရာ လီယွန်၊ နိုက် ဂျီးရီးယား၊ လိုက်ဘေးရီးယား၊ ဂီနီယာ) က လာတဲ့သူတွေကို လိုအပ်တဲ့ စစ်ဆေးချက်တွေ လုပ်မယ်။ အဲဒီအတွက် ဒီနေ့ အစည်းအဝေး လုပ်တာ” ဟု ကျန်းမာရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ရှင်းပြသည်။

လက်ရှိတွင် အစိုးရဆေးရုံ၊ ဆေးခန်းများသို့ သတိပေးထားသော်လည်း ပုဂ္ဂလိကဆေးရုံများနှင့် ကျန်းမာရေး ဝန်ဆောင်မှု ပေးနေသူများထံ ညွှန်ကြားချက် မပေးရသေးကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ကျန်းမာရေး ဝန်ကြီးဌာနဘက်က တိုင်းနှင့်ပြည်နယ်အဆင့် ဆေးရုံများတွင် သီးသန့်အဆောင်များ ထား ရှိခြင်းနှင့် နယ်စပ်ဒေသများတွင် ကူးစက်ရောဂါ စောင့်ကြည့် စစ်ဆေးခြင်းတို့ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ပူးတွဲ ဆောင်ရွက်လျက် ရှိကြောင်း သြဂုတ်လ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

“H1N1 နဲ့ ဆားရောဂါ ပိုးတုန်းကလိုပဲ ဆိုတော့ သီးသန့်တော့ မပြင်ဆင်ထားဘူး။ ကျွန်တော်တို့ ဆီ ရောက် လာရင်တော့ လူနာကို အရင်မေးမယ်။ ဖြစ်ခဲ့တဲ့ ဒေသတွေ သွားခဲ့လား။ သံသယရှိရင် သီးသန့်ခန်းမှာ ထား မယ်။ ဝန်ကြီးဌာနဘက်ကတော့ ညွှန်ကြားတာ မရှိသေးဘူး” ဟု ရန်ကုန်မြို့တော်ရှိ ပုဂ္ဂလိက ဆေးရုံ တစ်ခု ထံမှ စုံစမ်းသိရှိရသည်။

ယင်းရောဂါပိုးနှင့် ပတ်သက်၍ ထိုင်း၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့တွင် အရေးပေါ် သတိပေးချက်များ အသီးသီး ထုတ်ပြန်ထားပြီး အီဘိုလာ ဗိုင်းရပ်စ်ပိုး အများဆုံး ဖြစ်ပွားနေသော ဆီရာလီယွန်၊ နိုက်ဂျီးရီးယား၊ လိုက်ဘေးရီးယားနှင့် ဂီနီယာ နိုင်ငံတို့ကဲ့သို့ အာဖရိကတိုက်မှ လာရောက်သူတို့ကို စစ်ဆေးမှုများ တင်းတင်းကျပ်ကျပ် ဆောင်ရွက်လျက် ရှိသည်။

အာဖရိက အနောက်နိုင်ငံ လေးခုတွင် အီဘိုလာ ဗိုင်းရပ်စ်ပိုးကြောင့် ၂၀၁၄ ခုနှစ်၊ မတ်လမှ ဇူလိုင်လ ၂၇ ရက်နေ့အထိ ရောဂါဖြစ်ပွားသူ ၁,၃၂၃ ဦး နှင့် သေဆုံးသူ ၇၂၉ ဦး ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment