Monday 4 August 2014

အီဘိုလာ ဗိုင်းရပ်စ်ပိုး အကူးစက်ခံထားရသော အမေရိကန်ဆရာဝန် မိခင်နိုင်ငံသို့ ပြန်ရောက်

Photo: အီဘိုလာ ဗိုင်းရပ်စ်ပိုး အကူးစက်ခံထားရသော အမေရိကန်ဆရာဝန် မိခင်နိုင်ငံသို့ ပြန်ရောက်
Monday, August 4, 2014

အနောက်အာဖရိကသို့ စေတနာ့ ဝန်ထမ်းအဖြစ် တာဝန် သွားရောက် ထမ်းဆောင်စဉ် အီဘိုလာ ဗိုင်းရပ်စ်ပိုး အကူးစက်ခံခဲ့ရသော အမေရိကန် ဆရာဝန်သည် စနေနေ့က အမေရိကန်ပြည်ထောင်စုသို့ ပြန်လည် ရောက်ရှိသွားခဲ့ပြီဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

ဒေါက်တာ ကန့်ဘရန်တလေသည် အာဖရိကမှ အတ္တလန်တာ မြို့ပြင်ရှိ လေတပ်အခြေစိုက် စခန်းတစ်ခုသို့ သီးသန့်လေယာဉ်ဖြင့် ဒေသစံတော်ချိန် နံနက် ၁၁း၅၀ နာရီတွင် ရောက်ရှိခဲ့ပြီး ထိုမှတစ်ဆင့် တာဝန်ရှိသူများက ၎င်းကို အတ္တလန်တာမြို့ရှိ အမ်မိုရီ တက္ကသိုလ်ဆေးရုံ သီးခြား ကုသဆောင်သို့ ပို့ဆောင်ခဲ့သည်။

ထိုကဲ့သို့ ဒေါက်တာဘရန်တလေကို တာဝန်ရှိသူများက ဆေးရုံသို့ ပို့ဆောင်သည်ကို ဒေသတွင်း ရုပ်သံလိုင်းများက တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့ကြသည်။

ဒေါက်တာဘရန်တလေကဲ့သို့ပင် အနောက်အာဖရိကသို့ သွားရောက်ပြီး အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရသူများအတွက် လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းများ သွားရောက် လုပ်ဆောင်စဉ် အီဘိုလာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရသော အမေရိကန်လူမျိုး ခရစ်ယာန် သာသနာပြု နန်စီရိုက်ဘိုလ်ကိုလည်း ဒေါက်တာဘရန်တလေကို ခေါ်ဆောင်ခဲ့သည့် နည်းလမ်းအတိုင်း လာမည့် ရက်ပိုင်းအတွင်း မိခင်နိုင်ငံသို့ ပြန်လည် ခေါ်ဆောင်သွားမည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

ပြီးခဲ့သော မတ်လအတွင်းက အနောက်အာဖရိကတွင် အီဘိုလာဗိုင်းရပ်စ် စတင် ကူးစက်ပျံ့နှံ့ခဲ့ပြီး လက်ရှိအချိန်ထိ လူပေါင်း ၇၀၀ အသက်ဆုံးခဲ့ရပြီးပြီ ဖြစ်ကာ ဥရောပနှင့် အာရှနိုင်ငံများတွင်ပါ အဆိုပါ သေမင်းတမန် ဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး သတိပေးချက်များ ထုတ်ပြန်ထားရသည့် အခြေအနေသို့ ရောက်ရှိလျက် ရှိသည်။

ဒေါက်တာဘရန်တလေနှင့် သာသနာပြု ရိုက်ဘိုလ်တို့၏ အခြေအနေမှာ စိုးရိမ်ရသည့် အနေအထားတွင် ရှိနေသေးသော်လည်း တည်ငြိမ်သည့် အခြေအနေတစ်ခုတွင် ရှိနေအောင် ထိန်းသိမ်းထားနိုင်ပြီဟု အမေရိကန် အာဏာပိုင်များက ထုတ်ပြန်ထားသည်။

“သူတို့နှစ်ယောက်စလုံး အသက်ရှင်နေသေးပြီး အခု ကမ္ဘာပေါ်မှာ အကောင်းဆုံး ကျန်းမာရေး စောင့်ရှောက်မှုကို ခံယူရတော့မှာ ဖြစ်တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်” ဟု Samaritan's Purse လူမှုကူညီရေးအဖွဲ့၏ ဥက္ကဋ္ဌ ဖရန်ကလင်ဂရေဟမ်က ပြောကြားသည်။

ဒေါက်တာဘရန်တလေသည် အမေရိကန်ပြည်ထောင်စုတွင် ကုသမှုခံယူမည့် ပထမဆုံး အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံ လူနာဖြစ်ပြီး ယခုကဲ့သို့ အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ တစ်ဦးကို အမေရိကန်မြေသို့ ခေါ်ဆောင်ခဲ့သည့် အပေါ် အမေရိကန် ပြည်သူများကြားတွင် စိုးရိမ်စိတ်များ ဖြစ်ပေါ်လျက် ရှိသည်။

သို့ရာတွင် အမေရိကန် အာဏာပိုင်များကမူ အမေရိကန်ပြည်သူများ ဘေးအန္တရာယ်ကင်းရေးနှင့် လုံခြုံရေးမှာ ထိပ်တန်း ဦးစားပေးကိစ္စ ဖြစ်ပြီး ရောဂါပိုး မပျံ့နှံ့စေရန်အတွက် လူနာများကို စနစ်တကျ တည်ဆောက်ထားသော အထူးသီးသန့် ကုသဆောင်များတွင် ထားရှိ ကုသသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရသူများ၏ ၉၀ ရာခိုင်နှုန်းကျော်မှာ အသက်ဆုံးရှုံးခဲ့ရပြီး လက်ရှိအချိန်ထိ ကာကွယ်ဆေး ဖော်စပ်နိုင်ခြင်း မရှိသေးချေ။

The Voice Weekly
အနောက်အာဖရိကသို့ စေတနာ့ ဝန်ထမ်းအဖြစ် တာဝန် သွားရောက် ထမ်းဆောင်စဉ် အီဘိုလာ ဗိုင်းရပ်စ် ပိုး အကူးစက်ခံခဲ့ရသော အမေရိကန် ဆရာဝန်သည် စနေနေ့က အမေရိကန်ပြည်ထောင်စုသို့ ပြန် လည် ရောက်ရှိသွားခဲ့ပြီဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။
ဒေါက်တာ ကန့်ဘရန်တလေသည် အာဖရိကမှ အတ္တလန်တာ မြို့ပြင်ရှိ လေတပ်အခြေစိုက် စခန်းတစ်ခုသို့ သီးသန့်လေယာဉ်ဖြင့် ဒေသစံတော်ချိန် နံနက် ၁၁း၅၀ နာရီတွင် ရောက်ရှိခဲ့ပြီး ထိုမှတစ်ဆင့် တာဝန်ရှိသူ များက ၎င်းကို အတ္တလန်တာမြို့ရှိ အမ်မိုရီ တက္ကသိုလ်ဆေးရုံ သီးခြား ကုသဆောင်သို့ ပို့ဆောင်ခဲ့သည်။

ထိုကဲ့သို့ ဒေါက်တာဘရန်တလေကို တာဝန်ရှိသူများက ဆေးရုံသို့ ပို့ဆောင်သည်ကို ဒေသတွင်း ရုပ်သံ လိုင်း များက တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့ကြသည်။

ဒေါက်တာဘရန်တလေကဲ့သို့ပင် အနောက်အာဖရိကသို့ သွားရောက်ပြီး အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရ သူများ အတွက် လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းများ သွားရောက် လုပ်ဆောင်စဉ် အီဘိုလာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရသော အမေရိကန်လူမျိုး ခရစ်ယာန် သာသနာပြု နန်စီရိုက်ဘိုလ်ကို လည်း ဒေါက် တာ ဘရန်တလေကို ခေါ်ဆောင်ခဲ့သည့် နည်းလမ်းအတိုင်း လာမည့် ရက်ပိုင်းအတွင်း မိခင်နိုင်ငံသို့ ပြန် လည် ခေါ်ဆောင်သွားမည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

ပြီးခဲ့သော မတ်လအတွင်းက အနောက်အာဖရိကတွင် အီဘိုလာဗိုင်းရပ်စ် စတင် ကူးစက်ပျံ့နှံ့ခဲ့ပြီး လက်ရှိ အချိန်ထိ လူပေါင်း ၇၀၀ အသက်ဆုံးခဲ့ရပြီးပြီ ဖြစ်ကာ ဥရောပနှင့် အာရှနိုင်ငံများတွင်ပါ အဆိုပါ သေမင်း တမန် ဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး သတိပေးချက်များ ထုတ်ပြန်ထားရသည့် အခြေအနေသို့ ရောက်ရှိလျက် ရှိသည်။

ဒေါက်တာဘရန်တလေနှင့် သာသနာပြု ရိုက်ဘိုလ်တို့၏ အခြေအနေမှာ စိုးရိမ်ရသည့် အနေအထားတွင် ရှိနေသေးသော်လည်း တည်ငြိမ်သည့် အခြေအနေတစ်ခုတွင် ရှိနေအောင် ထိန်းသိမ်းထားနိုင်ပြီဟု အမေရိ ကန် အာဏာပိုင်များက ထုတ်ပြန်ထားသည်။

“သူတို့နှစ်ယောက်စလုံး အသက်ရှင်နေသေးပြီး အခု ကမ္ဘာပေါ်မှာ အကောင်းဆုံး ကျန်းမာရေး စောင့်ရှော က် မှု ကို ခံယူရတော့မှာ ဖြစ်တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်” ဟု Samaritan's Purse လူမှုကူညီရေးအဖွဲ့၏ ဥက္ကဋ္ဌ ဖရန်ကလင်ဂရေဟမ်က ပြောကြားသည်။

ဒေါက်တာဘရန်တလေသည် အမေရိကန်ပြည်ထောင်စုတွင် ကုသမှုခံယူမည့် ပထမဆုံး အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံ လူနာဖြစ်ပြီး ယခုကဲ့သို့ အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ တစ်ဦးကို အမေရိကန်မြေ သို့ ခေါ်ဆောင်ခဲ့သည့် အပေါ် အမေရိကန် ပြည်သူများကြားတွင် စိုးရိမ်စိတ်များ ဖြစ်ပေါ်လျက် ရှိသည်။

သို့ရာတွင် အမေရိကန် အာဏာပိုင်များကမူ အမေရိကန်ပြည်သူများ ဘေးအန္တရာယ်ကင်းရေးနှင့် လုံခြုံရေးမှာ ထိပ်တန်း ဦးစားပေးကိစ္စ ဖြစ်ပြီး ရောဂါပိုး မပျံ့နှံ့စေရန်အတွက် လူနာများကို စနစ်တကျ တည်ဆောက် ထားသော အထူးသီးသန့် ကုသဆောင်များတွင် ထားရှိ ကုသသွား မည် ဖြစ်ကြော င်း ပြောကြားခဲ့သည်။

အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရသူများ၏ ၉၀ ရာခိုင်နှုန်းကျော်မှာ အသက်ဆုံးရှုံးခဲ့ရပြီး လက်ရှိအချိန်ထိ ကာကွယ်ဆေး ဖော်စပ်နိုင်ခြင်း မရှိသေးချေ။

The Voice Weekly

No comments:

Post a Comment