Monday 4 August 2014

ရာသီတုပ်ကွေးဖြစ်ပွားမှု မြင့်တက်လာ

Photo: ရာသီတုပ်ကွေးဖြစ်ပွားမှု မြင့်တက်လာ
Monday, August 4, 2014 

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရာသီပေါ်တုပ်ကွေး ဖြစ်ပွားမှု မြင့်တက်လျက်ရှိပြီး ယမန်နှစ်တုပ်ကွေးများထက် ပိုမိုပြင်းထန်သည့် လက္ခဏာများအား လူကြီးလူငယ်မရွေး ကြုံတွေ့နေရကြောင်း သိရသည်။ တုပ်ကွေးဖြစ်ပွားမှု များပြားသဖြင့် အအေးမိတုပ်ကွေးရောဂါ ပျောက်ကင်းစေသည့် ဆေးဝါးများမှာ ဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး ယခင်ကတစ်လုံးလျှင် ငွေကျပ် ၅ဝ ရှိ ဆေးတစ်လုံး တန်ဖိုးမှာ ငွေကျပ် ၉ဝမှ ၁၅ဝ အထိ ဝယ်လိုအားနှင့်အပြိုင် မြင့်တက်နေကြောင်း သိရသည်။

''ဒေသတိုင်းမှာ မိုးဦးကျကနေ တောက်လျှောက် အဖြစ်များတာ တုပ်ကွေးဖျားနာခြင်းဖြစ်ပါတယ်။ အမှန်က တုပ်ကွေးဆိုတာ ကိုယ်ခံအားကောင်းသူတွေမှာမဖြစ်ဘဲ ကိုယ်ခံအားနည်းချိန်မှာ ပြင်ပကနေ ဝင်ရောက်လာတတ် တဲ့Influenza Virus (ဗိုင်းရပ်စ်ပိုး)ကြောင့် ဖြစ်ပွားရတာဖြစ်ပါတယ်။ လေထဲကနေ ပြန့်ပွားတတ်လို့ နှာစေးခြင်း၊ ချောင်းဆိုးခြင်းတွေကနေ ကူးစက်တယ်။ ဒါကြောင့် လူတစ်ယောက်တုပ်ကွေးမိပြီဆိုရင် တစ်အိမ်လုံး၊ မိသားစု တစ်စုလုံး၊ ကျောင်းမှာဆိုလည်း တစ်ခန်းလုံး ကူးစက်တတ်တာဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ လှုပ်ရှားရုန်းကန် နေကြရပြီး အိပ်ချိန်နဲ့ စားသောက်မှုပုံစံမမှန်သူ လူကြီးလူငယ်မရွေး ကိုယ်ခံအားနည်းတာကြောင့် အဓိကဖြစ်ပွား နေရတာကိုတွေ့ရတယ်''ဟု ရန်ကုန်ဆေးရုံကြီး ပြင်ပလူနာ ဌာနမှတာဝန်ကျဆရာဝန်တစ်ဦးက ပြောကြားသည်။တုပ်ကွေးဖြစ်ပွားမှုများကို မိုးဦးကျကာလ မေလကုန်မှ သြဂုတ်လအတွင်း အများဆုံးဖြစ်ပွားတတ်ပြီး ယခုနောက် ပိုင်းတွင် သက်ဆိုင်ရာ ဆေးဝါးများအား စနစ်တကျ သောက်သုံးမှု အားနည်းခြင်းကြောင့် ရောဂါမှာ ပိုမိုပြင်းထန်လာကြောင်း သိရသည်။

''အရင်က တုပ်ကွေးဖြစ်ရင် သုံးရက်လောက်ပဲ ရောဂါပြင်းထန်တယ်။ အချိန်တန်ရင် အဖျားကျသွားပြီး ပျောက်တာပဲ။ တုပ်ကွေးရဲ့သဘောက နာတာရှည်ရောဂါ အသွင်ဘယ်တော့မှမဖြစ်ပါဘူး။ ခန္ဓာကိုယ်မှာ အမြဲကိန်း အောင်မနေတတ်ဘူး။ အရင်ကတုပ်ကွေးကို တော်ရုံဆေးသောက်ရုံပဲ ပျောက်ကင်းပေမယ့် နောက်ပိုင်းမှာ ဗိုင်းရပ်စ်ရဲ့ အရှိန်နဲ့ ပြောင်းလဲမှုသဘောတရားတွေအရ ဆေးတွေထွက်လာတယ်။ လူတွေကသောက်သုံးရင်းနဲ့ ဆေးယဉ်ပါးလာပြီး ပိုမိုထိရောက်တဲ့ဆေးတွေ ပေါ်ထွက်လာရင်းနဲ့ သူ့ရဲ့ဗိုင်းရပ်စ်ကလည်း တဖြည်းဖြည်းနဲ့ ဆေးကုသမှုမဖြစ်မနေ လိုအပ်လာတာတွေ ဖြစ်ပေါ်လာတယ်''ဟု တုပ်ကွေးရောဂါကြောင့် တစ်နေ့လျှင်လူနာ ၅ဝ မှ ၈ဝ အထိ ကုသပေးနေရသော အထူးကုဆရာဝန်ကြီး တစ်ဦးက ပြောပြသည်။ ထို့အပြင် တုပ်ကွေးသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သည့် ရောဂါတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်၏ သဘာဝခုခံအားဖြင့် သက်သာပျောက်ကင်းနိုင်သည့် ရာသီပေါ်ရောဂါတစ်ခုဖြစ်သော်လည်း တုပ်ကွေးခံစား ရသူအများစုမှာ အလျင်အမြန်ပျောက်ကင်းလိုမှုကြောင့်မလိုအပ်သည့်ဆေးကုသမှုကို ခံယူလိုကြသည့်အတွက် အချို့မှာ မလိုအပ်ဘဲ ပိုးသတ်ဆေးများအား ထည့်သွင်းသောက်သုံးနေကြသည်ကိုတွေ့ရသည်။ ပိုးသတ်ဆေး များအနေဖြင့် ဗက်တီးရီးယားပိုးမွှားများကိုသာ ချေမှုန်းနိုင်ခြင်းကြောင့် နိုင်ငံတကာတွင် ဖြစ်ပေါ်နေရသည့် ပိုးသတ်ဆေးယဉ်ပါးမှု အခြေအနေများကို ရင်ဆိုင်နေ ကြရသည်။

''တုပ်ကွေးရဲ့ရောဂါလက္ခဏာတွေက နှာစေးမယ်၊ ချောင်းဆိုးမယ်၊ ဖျားနာမယ်၊ကိုယ်လက်တွေ နာကြင်ကိုက်ခဲ တာတွေဖြစ်တာပါ။ ခြေတွေလက်တွေ မသယ်ချင်လောက်အောင် ဖြစ်ရတယ်။ နောက်ပိုင်း အဖျားရောဂါသက်သာ သည့်တိုင်အောင် ခန္ဓာကိုယ် အားနည်းချည့်နဲ့မှုတွေကို ရက်သတ္တပတ်နီးပါး ခံစားကြရတယ်။ အမှန်က အဖျားရှိသည့်တိုင် တုပ်ကွေးမိပြီဆိုပါက အားရှိအောင် စားသောက်မယ်၊ အိပ်ရေးဝဝအိပ်မယ်ဆိုရင် ပုံမှန်ပျောက် ကင်းနိုင်ပါတယ်။ အလုပ်အကိုင်တွေကို ခဏရပ်နားဖို့၊ လုံလောက်တဲ့ နားရက်မရတဲ့သူတွေအတွက်ကတော့ တုပ်ကွေးက ပိုပြီးဒုက္ခပေးနိုင်တာပေါ့'' ဟု ဗဟန်းမြို့နယ် အတွင်း ပုဂ္ဂလိကဆေးခန်းတစ်ခုမှ လက်ထောက်ဆရာ ဝန်တစ်ဦးက ပြောကြားသည်။ ထို့အပြင် အသက်တစ်နှစ် အောက်ကလေးငယ်များ၊ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများနှင့် နာတာရှည်ဝေဒနာရှင်များ၊ ကိုယ်ဝန်ဆောင်မိခင်လောင်းများအတွက်မူ တုပ်ကွေး၏ ပြင်းထန်မှုကြောင့်အသက်အန္တရာယ်ထိခိုက်မှု ကြုံတွေ့ နိုင်ကြောင်း သိရသည်။ 

လက်ရှိတွင် ကလေးများနှင့် သက်ကြီးရွယ်အိုများ အတွက် တုပ်ကွေးကာကွယ်ဆေးအား လွယ်ကူစွာအသုံးပြု နိုင်သဖြင့် ကြိုတင်ထိုးနှံထားသူဦးရေလည်း မြင့်တက်လျက်ရှိကြောင်း သိရသည်။ ''တုပ်ကွေးကာကွယ်ဆေး ကို ထိုးနှံထားရင် တစ်ရာသီအတွက် ခံနိုင်ရည်ရှိပါတယ်။ ထိုးဆေးနဲ့ နှာခေါင်းပန်းတဲ့ဆေးတွေရှိပါတယ်။ အသက်ခြောက်လအထက်ကနေစပြီး ထိုးနှံနိုင်သလို ကိုယ်ခံအားနည်းသူတွေ ထိုးနှံသင့်တဲ့ ဆေးတစ်ခုဖြစ်ပါ တယ်။

''ကိုယ်ဝန်ဆောင်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေး တွေ အများဆုံးထိုးနှံထားကြတာကို တွေ့ရပါတယ်။ ထိုးနှံသူအများစုက ကျန်းမာရေးသတိရှိသူတွေသာဖြစ်ပြီး ပြည်တွင်းမှာတော့ ရာခိုင်နှုန်းအားဖြင့် ၁၅ ရာခိုင်နှုန်း လောက်အထိ ကာကွယ်ဆေးအသုံးပြုလာကြတာကို တွေ့ရတယ်။ မနှစ်ကတစ်ရာသီလုံးမှာမှ လူ ၃ဝ လောက်သာ အသုံးပြုကြပြီး တုပ်ကွေးကြောင့် ဆေးခန်းလာပြသူ ဦးရေက တစ်နေ့ကို ဆယ်ဂဏန်းရှိတာနဲ့ စာရင်အလွန် နည်းနေသေးတယ်''ဟု အထွေထွေရောဂါကု ဆရာဝန်ကြီး ဒေါက်တာမြင့်လွင်က ပြောကြားသည်။

တုပ်ကွေးသည် ရာသီအကူးအပြောင်းတွင် အများဆုံးဖြစ်ပွားတတ်ပြီး လက်ရှိတွင် မြန်မာနိုင်ငံအရပ်ရပ်၌ ဖြစ်ပွားလျက်ရှိပြီး ဖြစ်ပွားပါကပြည့်ဝစွာ အနားယူခြင်း၊ အစာအာဟာရ လုံလောက်စွာစားသုံးခြင်း၊ အကိုက်အခဲ ပျောက်ဆေးနှင့် ချောင်းဆိုးပျောက်ဆေးများ သောက်သုံး ခြင်းတို့ကို ပြုလုပ်သင့်ကြောင်း သိရသည်။

သတင်း-ခင်ရတနာ၊ ဓာတ်ပုံ -မေဦးမိုး
Myanmaalinn
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရာသီပေါ်တုပ်ကွေး ဖြစ်ပွားမှု မြင့်တက်လျက်ရှိပြီး ယမန်နှစ်တုပ်ကွေးများ ထက် ပိုမိုပြင်းထန်သည့် လက္ခဏာများအား လူကြီးလူငယ်မရွေး ကြုံတွေ့နေရကြောင်း သိရသည်။ တုပ်ကွေးဖြစ်ပွားမှု များပြားသဖြင့် အအေးမိတုပ်ကွေးရောဂါ ပျောက်ကင်းစေ သည့် ဆေးဝါး များမှာ ဈေးနှုန်း များ မြင့်တက်လျက်ရှိပြီး ယခင်ကတစ်လုံးလျှင် ငွေကျပ် ၅ဝ ရှိ ဆေးတစ်လုံး တန်ဖိုးမှာ ငွေကျပ် ၉ဝမှ ၁၅ဝ အထိ ဝယ်လိုအားနှင့်အပြိုင် မြင့်တက်နေကြောင်း သိရသည်။
''ဒေသတိုင်းမှာ မိုးဦးကျကနေ တောက်လျှောက် အဖြစ်များတာ တုပ်ကွေးဖျားနာခြင်းဖြစ်ပါတယ်။ အမှန်က တုပ်ကွေးဆိုတာ ကိုယ်ခံအားကောင်းသူတွေမှာမဖြစ်ဘဲ ကိုယ်ခံအားနည်းချိန်မှာ ပြင်ပကနေ ဝင်ရောက်လာ တတ် တဲ့Influenza Virus (ဗိုင်းရပ်စ်ပိုး)ကြောင့် ဖြစ်ပွားရတာဖြစ်ပါ တယ်။ လေထဲ ကနေ ပြန့်ပွား တတ် လို့ နှာစေးခြင်း၊ ချောင်းဆိုးခြင်းတွေကနေ ကူးစက်တယ်။ ဒါကြောင့် လူတစ်ယောက်တုပ်ကွေးမိပြီဆိုရင် တစ်အိမ်လုံး၊ မိသားစု တစ်စုလုံး၊ ကျောင်းမှာဆိုလည်း တစ်ခန်းလုံး ကူးစက်တတ်တာဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ လှုပ်ရှားရုန်းကန် နေကြရပြီး အိပ်ချိန်နဲ့ စားသောက်မှုပုံစံမမှန်သူ လူကြီးလူငယ်မရွေး ကိုယ်ခံအားနည်းတာကြောင့် အဓိကဖြစ်ပွား နေရတာကိုတွေ့ရတယ်''ဟု ရန်ကုန်ဆေးရုံကြီး ပြင်ပလူနာ ဌာနမှတာဝန်ကျဆရာဝန်တစ်ဦးက ပြောကြားသည်။တုပ်ကွေးဖြစ်ပွားမှုများကို မိုးဦးကျကာလ မေလကုန်မှ သြဂုတ်လအတွင်း အများဆုံးဖြစ်ပွားတတ်ပြီး ယခုနောက် ပိုင်းတွင် သက်ဆိုင်ရာ ဆေးဝါးများအား စနစ်တကျ သောက်သုံးမှု အားနည်းခြင်းကြောင့် ရောဂါမှာ ပိုမိုပြင်းထန်လာကြောင်း သိရသည်။

''အရင်က တုပ်ကွေးဖြစ်ရင် သုံးရက်လောက်ပဲ ရောဂါပြင်းထန်တယ်။ အချိန်တန်ရင် အဖျား ကျ သွားပြီး ပျောက် တာပဲ။ တုပ်ကွေးရဲ့သဘောက နာတာရှည်ရောဂါ အသွင်ဘယ်တော့မှမဖြစ်ပါဘူး။ ခန္ဓာကိုယ်မှာ အမြဲကိန်း အောင်မနေတတ်ဘူး။ အရင်ကတုပ်ကွေးကို တော်ရုံဆေးသောက် ရုံပဲ ပျောက် ကင်းပေမယ့် နောက်ပိုင်းမှာ ဗိုင်းရပ်စ်ရဲ့ အရှိန်နဲ့ ပြောင်းလဲမှုသဘော တရားတွေ အရ ဆေးတွေ ထွက်လာတယ်။ လူတွေကသောက်သုံးရင်းနဲ့ ဆေးယဉ်ပါးလာပြီး ပိုမိုထိရောက်တဲ့ဆေးတွေ ပေါ်ထွက် လာရင်းနဲ့ သူ့ရဲ့ဗိုင်းရပ်စ်ကလည်း တဖြည်းဖြည်းနဲ့ ဆေးကုသမှုမဖြစ်မနေ လိုအပ်လာတာတွေ ဖြစ်ပေါ် လာတယ်''ဟု တုပ်ကွေးရောဂါကြောင့် တစ်နေ့လျှင်လူနာ ၅ဝ မှ ၈ဝ အထိ ကုသပေးနေရသော အထူးကု ဆရာဝန်ကြီး တစ်ဦးက ပြောပြသည်။ ထို့အပြင် တုပ်ကွေးသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ် သည့် ရောဂါ တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်၏ သဘာဝခုခံအားဖြင့် သက်သာပျောက်ကင်းနိုင်သည့် ရာသီပေါ်ရောဂါ တစ်ခုဖြစ်သော် လည်း တုပ်ကွေးခံစား ရသူအများစုမှာ အလျင်အမြန်ပျောက်ကင်းလို မှုကြောင့် မလိုအပ်သည့်ဆေးကုသမှုကို ခံယူလိုကြသည့်အတွက် အချို့မှာ မလိုအပ်ဘဲ ပိုးသတ်ဆေးများအား ထည့်သွင်းသောက်သုံးနေကြသည်ကိုတွေ့ရသည်။ ပိုးသတ်ဆေး များအနေဖြင့် ဗက်တီးရီးယားပိုးမွှားများ ကိုသာ ချေမှုန်းနိုင်ခြင်းကြောင့် နိုင်ငံတကာတွင် ဖြစ်ပေါ်နေရသည့် ပိုးသတ်ဆေးယဉ်ပါးမှု အခြေအနေများ ကို ရင်ဆိုင်နေ ကြရသည်။

''တုပ်ကွေးရဲ့ရောဂါလက္ခဏာတွေက နှာစေးမယ်၊ ချောင်းဆိုးမယ်၊ ဖျားနာမယ်၊ကိုယ်လက်တွေ နာကြင်ကိုက်ခဲ တာတွေဖြစ်တာပါ။ ခြေတွေလက်တွေ မသယ်ချင်လောက်အောင် ဖြစ်ရတယ်။ နောက်ပိုင်း အဖျားရောဂါသက်သာ သည့်တိုင်အောင် ခန္ဓာကိုယ် အားနည်းချည့်နဲ့မှုတွေကို ရက်သတ္တပတ်နီးပါး ခံစားကြရတယ်။ အမှန်က အဖျားရှိသည့်တိုင် တုပ်ကွေးမိပြီဆိုပါက အားရှိအောင် စားသောက်မယ်၊ အိပ်ရေးဝဝအိပ်မယ်ဆိုရင် ပုံမှန်ပျောက် ကင်းနိုင်ပါတယ်။ အလုပ်အကိုင်တွေကို ခဏရပ်နားဖို့၊ လုံလောက်တဲ့ နားရက်မရတဲ့သူတွေအတွက်ကတော့ တုပ်ကွေးက ပိုပြီးဒုက္ခပေးနိုင်တာပေါ့'' ဟု ဗဟန်းမြို့နယ် အတွင်း ပုဂ္ဂလိကဆေးခန်းတစ်ခုမှ လက်ထောက်ဆရာ ဝန်တစ်ဦးက ပြောကြားသည်။ ထို့အပြင် အသက်တစ်နှစ် အောက်ကလေးငယ်များ၊ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများနှင့် နာတာရှည်ဝေဒနာရှင်များ၊ ကိုယ်ဝန်ဆောင်မိခင်လောင်းများအတွက်မူ တုပ်ကွေး၏ ပြင်းထန်မှုကြောင့် အသက်အန္တရာယ် ထိခိုက်မှု ကြုံတွေ့ နိုင်ကြောင်း သိရသည်။

လက်ရှိတွင် ကလေးများနှင့် သက်ကြီးရွယ်အိုများ အတွက် တုပ်ကွေးကာကွယ်ဆေးအား လွယ်ကူစွာ အသုံးပြု နိုင်သဖြင့် ကြိုတင်ထိုးနှံထားသူဦးရေလည်း မြင့်တက်လျက်ရှိကြောင်း သိရသည်။ ''တုပ်ကွေး ကာကွယ်ဆေး ကို ထိုးနှံထားရင် တစ်ရာသီအတွက် ခံနိုင်ရည်ရှိပါတယ်။ ထိုးဆေးနဲ့ နှာခေါင်းပန်း တဲ့ဆေးတွေ ရှိပါတယ်။ အသက်ခြောက်လအထက်ကနေစပြီး ထိုးနှံနိုင်သလို ကိုယ်ခံအားနည်းသူတွေ ထိုးနှံသင့်တဲ့ ဆေးတစ်ခုဖြစ်ပါ တယ်။

''ကိုယ်ဝန်ဆောင်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေး တွေ အများဆုံးထိုးနှံထားကြတာကို တွေ့ရပါတယ်။ ထိုးနှံသူအများစုက ကျန်းမာရေးသတိရှိသူတွေသာဖြစ်ပြီး ပြည်တွင်းမှာတော့ ရာခိုင်နှုန်းအားဖြင့် ၁၅ ရာခိုင်နှုန်း လောက်အထိ ကာကွယ်ဆေးအသုံးပြုလာကြတာကို တွေ့ရတယ်။ မနှစ်ကတစ်ရာသီလုံးမှာမှ လူ ၃ဝ လောက်သာ အသုံးပြုကြပြီး တုပ်ကွေးကြောင့် ဆေးခန်းလာပြသူ ဦးရေက တစ်နေ့ကို ဆယ်ဂဏန်းရှိတာနဲ့ စာရင်အလွန် နည်းနေသေးတယ်''ဟု အထွေထွေရောဂါကု ဆရာဝန်ကြီး ဒေါက် တာမြင့်လွင် က ပြောကြားသည်။

တုပ်ကွေးသည် ရာသီအကူးအပြောင်းတွင် အများဆုံးဖြစ်ပွားတတ်ပြီး လက်ရှိတွင် မြန်မာနိုင်ငံအရပ်ရပ် ၌ ဖြစ်ပွားလျက်ရှိပြီး ဖြစ်ပွားပါကပြည့်ဝစွာ အနားယူခြင်း၊ အစာအာဟာရ လုံလောက်စွာစားသုံးခြင်း၊ အကိုက် အခဲ ပျောက်ဆေးနှင့် ချောင်းဆိုးပျောက်ဆေးများ သောက်သုံး ခြင်းတို့ကို ပြုလုပ်သင့်ကြောင်း သိရသည်။

သတင်း-ခင်ရတနာ၊ ဓာတ်ပုံ -မေဦးမိုး
Myanmaalinn

No comments:

Post a Comment