Monday 4 August 2014

KIA ကား ဆုချသော ခြေတစ်ပေါင်ကျိုးပြိုင်ပွဲ ကိုယ်စားဝင်ပြိုင် သူ လေးနာရီရပ်နိုင်ပြီး အနိုင်ရ

Photo: KIA ကား ဆုချသော ခြေတစ်ပေါင်ကျိုးပြိုင်ပွဲ ကိုယ်စားဝင်ပြိုင် သူ လေးနာရီရပ်နိုင်ပြီး အနိုင်ရ
Monday, August 4, 2014

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ခြေတစ်ဖက်တည်းရပ်ပြီး ကားကို အချိန်အကြာဆုံးထိထားနိုင်သူအား KIA ကား ဆုချီးမြှင့်သည့်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသူများကို တွေ့ရစဉ်။ လေးနာရီကျော် ရပ်နိုင်ပြီး ဆုရရှိသွားသော ကိုမောင်မောင်မှာ(ဘောင်းဘီတိုအကျား−ဝဲအစွန်ဆုံး) အငှားဝင်ရောက် ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး အနိုင်ရသောကြောင့် ၎င်းကို ငှားရမ်း ယှဉ်ပြိုင်ခိုင်းသူက ကျပ်တစ်ဆယ့်ငါးသိန်း ပေးအပ်ခဲ့ သည်။(ဓာတ်ပုံ- မောင်တာ)

 မော်တော်ကားကို အ ချိန်အကြာဆုံးလက်နှင့် ထိထားနိုင် သူကို ကားဆုချမည့် ပြိုင်ပွဲတစ်ခု ကို သြဂုတ် ၃ ရက်က မန္တလေး မြို့ Sky Walk ရှော့ပင်းစင်တာ တွင် ပြုလုပ်ခဲ့ရာ ကိုယ်စားဝင်ပြိုင်ပြီး လေးနာရီကြာအောင် လက်နှင့် ထိထားနိုင်သူက အနိုင်ရရှိသည်။

ပြိုင်ပွဲတွင် ကားကို လက် နှင့်ထိ၍ ခြေတစ်ပေါင်းကျိုးအနေ အထားဖြင့် ရပ်ကာ ယှဉ်ပြိုင်ရ ခြင်းဖြစ်ပြီး အချိန်အကြာဆုံးကားကို ထိထားနိုင်သူကို KIA ကားဆုချီးမြှင့်ရာ နံနက် ၉ နာရီခွဲမှ မွန်းလွဲ ၁ နာရီ မိနစ် ၄၀ အထိ  လေးနာရီကျော်ကြာရပ်နိုင်ခဲ့သော ကိုမောင်မောင်အနိုင်ရခဲ့သည်။ သို့သော် ၎င်းကို ၀င်ရောက်ယှဉ်ပြိုင်ပေးရန် ထိုရှောလ်ပင်းစင်တာတွင် ဈေးဝယ်ပြီး မဲပေါက်သူကအငှားယှဉ်ပြိုင်စေခြင်းဖြစ်သောကြောင့် ၁၁၈ သိန်း တန်ဖိုးရှိသော KIA ကားကို ၎င်းမရရှိပေ။ သို့သော် ၎င်းကိုငှားသူက အနိုင်ရသည့်အတွက် ကျပ် ၁၅ သိန်းဆုချီးမြှင့်ကြောင်း ပြောသည်။ပြိုင်ပွဲမှာ ပင်ပန်းခက်ခဲသော်လည်း သြဂုတ် ၄ ရက်တွင် ကျရောက်မည့်ကိုးလပြည့် သမီးမွေးနေ့အတွက် ရည်ရွယ်ကာကြိုးစားယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိကာဂုဏ်ပြုငွေရရှိခဲ့၍ ယှဉ်ပြိုင်စေခဲ့သူကို ကျေးဇူးတင်ကြောင်း ကိုမောင်မောင်က 7Day Daily သို့ ပြောသည်။

ပြိုင်ပွဲစည်းမျဉ်းတွင် ကိုယ်စားယှဉ်ပြိုင်ခွင့်ပြုထားကြောင်းလည်း သတင်းရရှိသည်။

Sky Walk ရှော့ပင်းစင်တာ ပြန်လည်ဖွင့်လှစ်သည့် အထိမ်းအ မှတ် ပရိုမိုးရှင်းအစီအစဉ်အဖြစ် ပြိုင်ပွဲကို သြဂုတ် ၃ ရက် နံနက် ၉ နာရီခွဲတွင် စတင်ခဲ့ပြီး ပြိုင်ပွဲဝင်သူ ၁၁ ဦးရှိခဲ့သည်။

‘‘ဒီလိုပြိုင်ပွဲမျိုးက မြန်မာ နိုင်ငံမှာ ပထမဆုံးအကြိမ် လုပ် တာဖြစ်ပါတယ်။ ကျွန်မတို့ ပြိုင်ပွဲ အချိန်ကို ည ၇ နာရီနောက်ဆုံး သတ်မှတ်ထားပါတယ်။ ည ၇ နာရီအထိ ကားကို ထိကိုင်ထား နိုင်သူ တစ်ယောက်ထက် ပိုနေ သေးတယ်ဆိုရင်တော့ မဲစနစ်နဲ့ ရွေးချယ်ပေးမှာပါ။ နိုင်ငံတကာ မှာတော့ ညပိုင်းအထိ မရောက် ဘူး။ ညနေပိုင်းဆိုရင် ပွဲပြီးပြီ’’ ဟု ပြိုင်ပွဲကြီးကြပ်နေသည့် Sky Walk ရှော့ပင်းစင်တာမှ ဈေး ကွက်မြှင့်တင်ရေးမန်နေဂျာ မဖြိုး ဖြိုးလှိုင်က ပြောသည်။

Sky Walk ရှော့ပင်းစင်တာ ပြန်လည်ဖွင့်လှစ်သည့် မေလ ၁၀ ရက်မှ ဇွန်လ ၁၀ ရက်အတွင်း ဈေးလာဝယ်သူများ ပြိုင်ပွဲဝင် ရောက်ယှဉ်ပြိုင်ခွင့်ရရန် မဲပုံးများ ချထားပေးခဲ့ပြီး မဲထည့်သူများထဲ မှ နောက်ဆုံး ၁၁ ဦးကို ရွေးချယ် ကာ ပြိုင်ပွဲကျင်းပခြင်းဖြစ်သည် ဟု ဆိုသည်။

အဆိုပါကားထိပြိုင်ပွဲသို့မန္တလေးမြို့ခံအချို့ လာရောက် ကြည့်ရှုခဲ့ကြသည်။ စိတ်လှုပ်ရှား စရာကောင်းပြီး ယှဉ်ပြိုင်ရသည် မှာ မလွယ်ကူကြောင်း ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည့် အမျိုးသားတစ် ဦးက ပြောသည်။

7Day DAILY
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ခြေတစ်ဖက်တည်းရပ်ပြီး ကားကို အချိန်အကြာဆုံးထိထားနိုင်သူ အား KIA ကား ဆုချီးမြှင့်သည့်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသူများကို တွေ့ရစဉ်
 လေးနာရီကျော် ရပ်နိုင်ပြီး ဆုရရှိသွားသော ကိုမောင်မောင်မှာ(ဘောင်းဘီတိုအကျား−ဝဲအစွန်ဆုံး) အငှားဝင်ရောက် ယှဉ်ပြိုင် ခဲ့သူဖြစ်ပြီး အနိုင်ရသောကြောင့် ၎င်းကို ငှားရမ်း ယှဉ်ပြိုင်ခိုင်းသူက ကျပ်တစ်ဆယ့်ငါးသိန်း ပေးအပ်ခဲ့ သည်။(ဓာတ်ပုံ- မောင်တာ)
မော်တော်ကားကို အ ချိန်အကြာဆုံးလက်နှင့် ထိထားနိုင် သူကို ကားဆုချမည့် ပြိုင်ပွဲတစ်ခု ကို သြဂုတ် ၃ ရက်က မန္တလေး မြို့ Sky Walk ရှော့ပင်းစင်တာ တွင် ပြုလုပ်ခဲ့ရာ ကိုယ်စားဝင်ပြိုင်ပြီး လေးနာရီကြာအောင် လက်နှင့် ထိထားနိုင်သူက အနိုင်ရရှိသည်။
ပြိုင်ပွဲတွင် ကားကို လက် နှင့်ထိ၍ ခြေတစ်ပေါင်းကျိုးအနေ အထားဖြင့် ရပ်ကာ ယှဉ်ပြိုင်ရ ခြင်းဖြစ်ပြီး အချိန် အကြာဆုံး ကားကို ထိထားနိုင်သူကို KIA ကားဆုချီးမြှင့်ရာ နံနက် ၉ နာရီခွဲမှ မွန်းလွဲ ၁ နာရီ မိနစ် ၄၀ အထိ  လေးနာရီကျော်ကြာရပ်နိုင်ခဲ့သော ကိုမောင်မောင်အနိုင်ရခဲ့သည်။ သို့သော် ၎င်းကို ၀င်ရောက် ယှဉ်ပြိုင်ပေး ရန် ထိုရှောလ်ပင်းစင်တာတွင် ဈေးဝယ်ပြီး မဲပေါက်သူကအငှား ယှဉ်ပြိုင်စေခြင်းဖြ စ်သောကြောင့် ၁၁၈ သိန်း တန်ဖိုးရှိသော KIA ကားကို ၎င်းမရရှိပေ။ သို့သော် ၎င်းကိုငှားသူက အနိုင်ရ သည့် အတွက် ကျပ် ၁၅ သိန်းဆုချီးမြှင့်ကြောင်း ပြောသည်။ပြိုင်ပွဲမှာ ပင်ပန်းခက်ခဲသော်လည်း သြဂုတ် ၄ ရက်တွင် ကျရောက်မည့်ကိုးလပြည့် သမီးမွေးနေ့အတွက် ရည်ရွယ်ကာကြိုးစားယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိကာ ဂုဏ်ပြုငွေရရှိခဲ့၍ ယှဉ်ပြိုင်စေခဲ့သူကို ကျေးဇူးတင်ကြောင်း ကိုမောင်မောင်က 7Day Daily သို့ ပြောသည်။

ပြိုင်ပွဲစည်းမျဉ်းတွင် ကိုယ်စားယှဉ်ပြိုင်ခွင့်ပြုထားကြောင်းလည်း သတင်းရရှိသည်။

Sky Walk ရှော့ပင်းစင်တာ ပြန်လည်ဖွင့်လှစ်သည့် အထိမ်းအ မှတ် ပရိုမိုးရှင်းအစီအစဉ်အဖြစ် ပြိုင်ပွဲကို သြဂုတ် ၃ ရက် နံနက် ၉ နာရီခွဲတွင် စတင်ခဲ့ပြီး ပြိုင်ပွဲဝင်သူ ၁၁ ဦးရှိခဲ့သည်။

‘‘ဒီလိုပြိုင်ပွဲမျိုးက မြန်မာ နိုင်ငံမှာ ပထမဆုံးအကြိမ် လုပ် တာဖြစ်ပါတယ်။ ကျွန်မတို့ ပြိုင်ပွဲ အချိန်ကို ည ၇ နာရီနောက်ဆုံး သတ်မှတ်ထားပါတယ်။ ည ၇ နာရီအထိ ကားကို ထိကိုင်ထား နိုင်သူ တစ်ယောက်ထက် ပိုနေ သေးတယ်ဆိုရင်တော့ မဲစနစ်နဲ့ ရွေးချယ်ပေးမှာပါ။ နိုင်ငံတကာ မှာတော့ ညပိုင်းအထိ မရောက် ဘူး။ ညနေပိုင်းဆိုရင် ပွဲပြီးပြီ’’ ဟု ပြိုင်ပွဲကြီးကြပ်နေသည့် Sky Walk ရှော့ပင်းစင်တာမှ ဈေး ကွက်မြှင့်တင်ရေး မန်နေဂျာ မဖြိုး ဖြိုးလှိုင်က ပြောသည်။

Sky Walk ရှော့ပင်းစင်တာ ပြန်လည်ဖွင့်လှစ်သည့် မေလ ၁၀ ရက်မှ ဇွန်လ ၁၀ ရက်အတွင်း ဈေးလာဝယ် သူများ ပြိုင်ပွဲဝင် ရောက်ယှဉ်ပြိုင်ခွင့်ရရန် မဲပုံးများ ချထားပေးခဲ့ပြီး မဲထည့်သူများထဲ မှ နောက်ဆုံး ၁၁ ဦးကို ရွေးချယ် ကာ ပြိုင်ပွဲကျင်းပခြင်းဖြစ်သည် ဟု ဆိုသည်။

အဆိုပါကားထိပြိုင်ပွဲသို့မန္တလေးမြို့ခံအချို့ လာရောက် ကြည့်ရှုခဲ့ကြသည်။ စိတ်လှုပ်ရှား စရာကောင်းပြီး ယှဉ်ပြိုင်ရသည် မှာ မလွယ်ကူကြောင်း ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည့် အမျိုးသားတစ် ဦးက ပြောသည်။

7Day DAILY

No comments:

Post a Comment