Monday 4 August 2014

ရှမ်းမြောက်၌ ကျပ်သန်း ၂၇ဝဝ ကျော် သုံး၍ အခြေခံပညာကျောင်း ၆ဝ ခန့် တိုးချဲ့ဆောက်လုပ်မည်

လာရှိုး၊ သြဂုတ် ၃- ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်ပေါင်း ၂၃မြို့ နယ်၌ ၂ဝ၁၄-၂ဝ၁၅ ခုနှစ်အတွင်း အခြေခံကျောင်းပေါင်း ၅၉ ကျောင်း တိုးချဲ့ဆောက်လုပ်မည်ဟု ရှမ်းပြည် နယ်မြောက်ပိုင်းပညာရေးဦးစီးဌာန မှ သိရသည်။
ထပ်မံတိုးချဲ့မည့်အခြေခံပညာ ၆ဝခန့်အတွက် နိုင်ငံတော်မှငွေကျပ် ၂၇၄၇ ဒသမ ၉ သန်းကို သုံးစွဲမည် ဖြစ် ပြီး နေ့စားဆရာ၊ဆရာမပေါင်း ၂၅ဝဝ ကျော်ကိုလည်း ခန့်အပ်မည် ဟု သိရသည်။

''၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် မှာ နောက်ထပ်၅၉ကျောင်းကို တိုးချဲ့ ဆောက်ပါမယ်။ ကုန်ကျ စရိတ် က တော့ ငွေကျပ် ၂၇၄၇ဒသမ ၉သန်း သုံးစွဲမှာပါ၊ ကျောင်းအသစ်ဆောက် မယ့် မြို့နယ်တွေအနေနဲ့ လားရှိုး ခရိုင်ထဲမှာ လားရှိုး၊ သိန်းနီ၊ တန့် ယန်း၊ မိုင်းရယ်၊ ကွမ်းလုံမြို့နယ်တွေ ပါတယ်''ဟု ရှမ်းပြည်နယ်မြောက် ပိုင်း တွဲဖက်ပညာရေးမှူး ဦးမြင့် ကြည်က ပြောသည်။

အခြေခံကျောင်း ၆ဝခန့်ကို လားရှိုးခရိုင်အတွင်းမှ ငါးမြို့နယ်အ ပြင် မူဆယ်ခရိုင်အတွင်းမှ မူဆယ် မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ ကျောက်မဲ မြို့နယ်၊ သီပေါမြို့နယ်၊ နောင်ချိုမြို့ နယ်၊ မိုးမိတ်မြို့နယ်၊ မဘိမ်းမြို့နယ်၊ နမ္မတူမြို့နယ်၊ နမ့်ဆန်မြို့နယ်၊ (ဝ)ဒေသအတွင်းမှ ဟိုပန်မြို့နယ်၊ ကိုး ကန့်ဒေသအတွင်းမှ ကုန်းကြမ်းမြို့ နယ် စသည့်တို့၌လည်း ဆောက် လုပ်မည်ဟု သိရသည်။ 

''ရှမ်းပြည်နယ်တစ်ခုလုံးမှာ ပညာရေးအသုံးစရိတ်ငွေ ခုနစ်ဘီလျံ ကို သုံးစွဲသွားပါမယ်။ ၂ဝ၁၃-၁၄ ပညာ သင်နှစ် က ခြောက်ဘီလျံသုံးစွဲ ခဲ့တယ်။ လိုအပ်နေတဲ့ ဆရာဆရာမ ဦးရေ ကိုးထောင်ကို ခန့်သွား မယ်။ ဒေသတွင်းက ကျေးရွာတွေအထိသွား ရမှာမို့ ဒေသဘာသာစကားပြောဆို တတ်သူတွေကို ဦးစားပေးရွေးချယ် သွားမယ်' ဟု ရှမ်းပြည်နယ် အစိုးရ လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း က ပြောသည်။

၂ဝ၁၃-၁၄ ပညာသင်နှစ်အ တွင်း နေ့စားဆရာ၊ဆရာမနှင့် အခြေခံဝန်ထမ်းပေါင်း ၁၅၅၉ ဦးခန့်အပ် ထားခဲ့ပြီး ယခုပညာသင်နှစ်အတွင်း ၂၅၃ဝ ဦးထပ်မံခန့်အပ်မည်ဟု ရှမ်း ပြည်နယ်မြောက်ပိုင်းမှ ပညာရေး ဌာနမှ သိရသည်။

''ကျွန်မ သားလေးက ဒီနှစ် ကိုးတန်း။ သမီးက ခုနစ်တန်းပါ။ အ.ထ.က (၉)မှာ ပညာသင်နေပါ တယ်။ ကျွန်မက ဈေးရောင်းတော့ ကလေးတွေကို ကျောင်းပို့ကျောင်း ကြို မလုပ်နိုင်ဘူး။ သူတို့မောင်နှမ ကိုပဲ လွှတ် လိုက်ရ တာပါ။ ကိုယ့်ရပ် ကွက်ထဲမှာ အထက်တန်းကျောင်း ဖြစ်လာတော့ ကလေးတွေကို မြို့ထဲ ကျောင်း ကို မလွှတ်ရတော့ဘူး''ဟု လားရှိုးမြို့နေ ဒေါ်ခင်အေးမြင့်က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ၂၃ မြို့နယ်၌ အခြေခံပညာအထက်တန်း ကျောင်း ၇၇ ကျောင်း၊ အထက် တန်း ကျောင်းခွဲ ၄၄ ကျောင်း၊ အလယ် တန်းကျောင်း ၅၈ ကျောင်းနှင့် အ လယ်တန်းကျောင်းခွဲ ၉၄ ကျောင်း၊ မူလတန်းကျောင်း ၁၃၉၇ ကျောင်း၊ မူလတန်းလွန်ကျောင်း ၂၂၉ကျောင်း၊ မူလတန်းကျောင်းခွဲ ၂၁၈၇ ကျောင်း နှင့် မူလတန်းတွဲဖက်ကျောင်း ၁၂ ကျောင်းရှိသည်။

Yangon Media Group

No comments:

Post a Comment