Monday 4 August 2014

မြိတ်- ကျွန်းစု- ဘုတ် ပြင်း မြို့ နယ် အ တွင်း ရှိ ပင်လယ် ကျွန်းရွာ ခရီးစဉ် များသို့ ဧရာ နဒီ-၅၅၅ ရှပ်ပြေး အမြန်ယာဉ်လိုင်း တိုးချဲ့ ပြေး ဆွဲမည်

Photo: မြိတ်- ကျွန်းစု- ဘုတ် ပြင်း မြို့ နယ် အ တွင်း ရှိ ပင်လယ် ကျွန်းရွာ ခရီးစဉ် များသို့ ဧရာ နဒီ-၅၅၅ ရှပ်ပြေး အမြန်ယာဉ်လိုင်း တိုးချဲ့ ပြေး ဆွဲမည်
Monday, August 4, 2014 

တနင်္သာရီတိုင်း ဒေသကြီး မြိတ်- ကျွန်းစု- ဘုတ်ပြင်း မြို့နယ် အတွင်းရှိ ပင်လယ် ကျွန်းရွာများ ခရီးစဉ် သစ်ကို ဧရာနဒီ ကမ်းရိုးတန်းသွား ရှပ်ပြေးအမြန် ရေယာဉ် လိုင်းမှ ခရီးသည် ၁၅ဝ ဦးခန့် လိုက်ပါစီးနင်း နိုင်သော ဧရာနဒီ -၅၅၅ ခေတ်မီ အဲကွန်းရှပ်ပြေး အမြန်ရေယာဉ်ကြီးဖြင့် သြဂုတ် ၄ရက်မှ စတင်ပြေးဆွဲပေးမည် ဖြစ်ကြောင်း မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက် ကမ်းနားလမ်းရှိ ဧရာနဒီအမြန် ရေယာဉ်လိုင်း လက်မှတ် အရောင်းဌာနမှ သိရသည်။

ကမ်းရိုးတန်း ဒေသတစ်လျှောက် ထားဝယ်- မြိတ်- ကော့သောင်း ခရီးစဉ်များကို ဟိုင်ဖိုင်၊ ဖော်ကျူးနှင့် ဧရာနဒီ စသည့်ရှပ်ပြေး အမြန်ရေယာဉ် လိုင်းများမှ အလှည့်ကျ စနစ်ဖြင့် နေ့စဉ်ပြေးဆွဲ နေသော ခေတ်မီ ရှပ်ပြေးအမြန် ရေယာဉ်လိုင်းများသည် ယခုမိုးရာသီတွင် ပင်လယ်ပြင်၌ လှိုင်းလေကြီးမှု ဖြစ်ပေါ်ခြင်းနှင့် ရာသီဥတု ဆိုးရွားမှု အခြေအနေ များကြောင့် ခရီးစဉ်များ ရပ်နား ထားသော်လည်း မြိတ်- ကျွန်းစု ခရီးစဉ်ကို ကြံတိုင်းအောင်(၃)နှင့် ဂန္ဓမာ(၁) အမြန်ရေယာဉ် လိုင်းတို့မှ နေ့စဉ် အလှည့်ကျ ပုံမှန် ပြေးဆွဲ ပေးလျက်ရှိပြီး ဧရာနဒီ- ၅၅၅ ကမ်းရိုးတန်းသွား ရှပ်ပြေးအမြန် ရေယာဉ်လိုင်းမှ မြိတ်- ကျွန်းစု- ဘုတ်ပြင်းမြို့နယ် အတွင်း ကံမော်၊ မော်ခေါင်းတုန်း၊ အလယ်မန်၊ ကြိမ်နီတောင်၊ ကြိမ်မဲတောင်၊ ဗြောကျွန်း၊ ကော့ရဲကျွန်း၊ ကမ်းတောစသည့် ပင်လယ်ကျွန်း ရွာများ ခရီးစဉ်ကို သြဂုတ် ၄ရက် နံနက် ၇နာရီမှ စတင်၍ တစ်ရက်ခြား ပြေးဆွဲ ပေးမည်ဖြစ်ကြောင်း အဆိုပါ ရေယာဉ်လိုင်း လက်မှတ် အရောင်းဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ရေလမ်းခရီးတွင် ခရီးသည်များ စိတ်အေး ချမ်းသာစွာ လိုက်ပါနိုင်ရေး အတွက် ရေယာဉ် သွားနေစဉ် ရေလမ်းကြောင်း အခြေအနေ ပြသပေးခြင်း၊ အပန်းဖြေနိုင်ရန် ဗီဒီယို ပြသပေးခြင်းနှင့် အန္တရာယ် ကင်းရှင်းစွာ သွားလာ နိုင်ရေးအတွက် အသက်ကယ် အင်္ကျီများ လည်း အသင့်ထားရှိ ပေးမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီ
တနင်္သာရီတိုင်း ဒေသကြီး မြိတ်- ကျွန်းစု- ဘုတ်ပြင်း မြို့နယ် အတွင်းရှိ ပင်လယ် ကျွန်းရွာများ ခရီးစဉ် သစ်ကို ဧရာနဒီ ကမ်းရိုးတန်းသွား ရှပ်ပြေးအမြန် ရေယာဉ် လိုင်းမှ ခရီးသည် ၁၅ဝ ဦးခန့် လိုက်ပါ စီးနင်း နိုင်သော ဧရာနဒီ -၅၅၅ ခေတ်မီ အဲကွန်းရှပ်ပြေး အမြန်ရေယာဉ်ကြီးဖြင့် သြဂုတ် ၄ရက်မှ စတင်ပြေး ဆွဲပေးမည် ဖြစ်ကြောင်း မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက် ကမ်းနားလမ်းရှိ ဧရာနဒီအမြန် ရေယာဉ်လိုင်း လက်မှတ် အရောင်းဌာနမှ သိရသည်။
ကမ်းရိုးတန်း ဒေသတစ်လျှောက် ထားဝယ်- မြိတ်- ကော့သောင်း ခရီးစဉ်များကို ဟိုင်ဖိုင်၊ ဖော်ကျူးနှင့် ဧရာနဒီ စသည့်ရှပ်ပြေး အမြန်ရေယာဉ် လိုင်းများမှ အလှည့်ကျ စနစ်ဖြင့် နေ့စဉ်ပြေးဆွဲ နေသော ခေတ်မီ ရှပ်ပြေးအမြန် ရေယာဉ်လိုင်းများသည် ယခုမိုးရာသီတွင် ပင်လယ်ပြင်၌ လှိုင်းလေကြီးမှု ဖြစ်ပေါ်ခြင်းနှင့် ရာသီဥတု ဆိုးရွားမှု အခြေအနေ များကြောင့် ခရီးစဉ်များ ရပ်နား ထားသော်လည်း မြိတ်- ကျွန်းစု ခရီးစဉ်ကို ကြံတိုင်းအောင်(၃)နှင့် ဂန္ဓမာ(၁) အမြန်ရေယာဉ် လိုင်းတို့မှ နေ့စဉ် အလှည့်ကျ ပုံမှန် ပြေးဆွဲ ပေးလျက်ရှိပြီး ဧရာနဒီ- ၅၅၅ ကမ်းရိုးတန်းသွား ရှပ်ပြေးအမြန် ရေယာဉ်လိုင်းမှ မြိတ်- ကျွန်းစု- ဘုတ်ပြင်းမြို့နယ် အတွင်း ကံမော်၊ မော်ခေါင်းတုန်း၊ အလယ်မန်၊ ကြိမ်နီတောင်၊ ကြိမ်မဲတောင်၊ ဗြောကျွန်း၊ ကော့ရဲကျွန်း၊ ကမ်းတော စသည့် ပင်လယ်ကျွန်း ရွာများ ခရီးစဉ်ကို သြဂုတ် ၄ရက် နံနက် ၇နာရီမှ စတင်၍ တစ်ရက်ခြား ပြေး ဆွဲ ပေးမည်ဖြစ်ကြောင်း အဆိုပါ ရေယာဉ်လိုင်း လက်မှတ် အရောင်းဌာနမှ တာဝန်ရှိသူ တစ်ဦးကပြော သည်။

ရေလမ်းခရီးတွင် ခရီးသည်များ စိတ်အေး ချမ်းသာစွာ လိုက်ပါနိုင်ရေး အတွက် ရေယာဉ် သွားနေ စဉ် ရေလမ်းကြောင်း အခြေအနေ ပြသပေးခြင်း၊ အပန်းဖြေနိုင်ရန် ဗီဒီယို ပြသပေးခြင်းနှင့် အန္တရာယ် ကင်း ရှင်း စွာ သွားလာ နိုင်ရေးအတွက် အသက်ကယ် အင်္ကျီများ လည်း အသင့်ထားရှိ ပေးမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment