Monday 4 August 2014

PR စနစ် ကန့်ကွက်ရေး NLD ပါတီ ဗိုလ်စိန်မှန်ကွင်းတွင် ဟောပြော

ရွေးကောက်ပွဲများတွင် ကျင့်သုံးနိုင်ရန် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်စလုံး တွင် ကော် မတီဖွဲ့ လေ့လာနေသော အချိုးကျကိုယ်စားပြုစနစ် (PR) ကို ကန့်ကွက်ကြောင်း ဟောပြောပွဲကို အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်း၌ သြဂုတ်လ ၂ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း ယင်းပါတီထံမှ သိရှိရသည်။
အဆိုပါ PR စနစ် မကျင့်သုံးရေး ဟောပြောပွဲသို့ လူဦးရေ ၂၀၀ နီးပါးခန့် တက်ရောက်ခဲ့ကြောင်း ယင်းဟောပြောပွဲ စီစဉ်သူများက ဆိုသည်။

ပြည်သူအများစု နားမလည်သေးသည့် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် PR ကို လွှတ်တော်တွင် တင်သွင်းပြီး ရွေးကောက်ပွဲစနစ် ပြောင်းလဲရန် ကြိုးစားသည်မှာ ပြည်သူလူထု ရင်ဆိုင်ရမည့် နောက်ထပ် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်ကြောင်း NLD ဥပဒေရေးရာ ကော်မတီအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီ က ယင်းဟောပြောပွဲတွင် ပြောကြားသည်။

အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရေးအဆို ကန့်ကွက်ရေးအတွက် ရန်ကုန်မြို့တွင်မက မြန်မာနိုင်ငံ နေရာ အနှံ့အပြား တွင်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လူထုအသိပေး ဟောပြောပွဲများ ထပ်မံ လုပ်ဆောင်သွားမည်ဟု အဆိုပါ ပါတီမှ ပြန်ကြားရေး ကော်မတီဝင် ဦးထင်လင်းဦးက ပြောဆိုသည်။

အဆိုပါ ဟောပြောပွဲတွင် မျိုးချစ် ရဟန်းပျိုများသမဂ္ဂ အဖွဲ့ဝင် သံဃာအချို့ လာရောက်ပြီး NLD ဥပဒေ အကြံပေးအဖွဲ့ဝင် ဦးကိုနီကို ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ တိုက်ခိုက်မှုအချို့ ပြုလုပ်ခဲ့ကာ နောက်ေ ဟာပြောပွဲများတွင် မဟောပြောရန် တားမြစ်မှုများလည်း ပြုလုပ်ခဲ့ကြောင်း ယင်းပွဲ စီစဉ် သူ နိုင်ငံရေး အကျဉ်း သားဟောင်း ဦးနေမျိုးဇင်က ရှင်းပြသည်။

အချိုးကျကိုယ်စားပြုစနစ် (ပီအာ) ကို ဇွန်လ ပထမပတ်အတွင်းက အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က အမျိုးသားလွှတ်တော်တွင် အဆိုတင်သွင်းပြီး လွှတ်တော်က အတည်ပြုသဖြင့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် PR စနစ် ကျင့်သုံးနိုင် ရန် ကော်မတီဖွဲ့၍ လေ့လာမှုများ ပြုလုပ်နေသည်။

ယင်းအပြင် လာမည့် ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးနိုင်ရေးနှင့် မြန်မာနိုင်ငံ အတွက် သင့်တော်မည့် ရွေးကောက်ပွဲ ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရေးအတွက် ဇူလိုင်လ ၃၁ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရွေးကောက်ပွဲစနစ် သစ် ပေါ်ပေါ က်ရေး လေ့လာ သုံးသပ်ရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်သည်။

The Voice Weekly

No comments:

Post a Comment