Monday 4 August 2014

မဲဆွယ်စည်းရုံးရေး ညွှန်ကြားချက်များပြင်ရန် ရွေးကောက် ပွဲကော် မရှင်နှင့် နိုင်ငံရေးပါတီများ ထပ်မံတွေ့ဆုံမည်

Photo: မဲဆွယ်စည်းရုံးရေး ညွှန်ကြားချက်များပြင်ရန် ရွေးကောက် ပွဲကော် မရှင်နှင့် နိုင်ငံရေးပါတီများ ထပ်မံတွေ့ဆုံမည်
Monday, August 4, 2014

နိုင်ငံရေးပါတီများ အကြံပြုချက်များ ဖြည့်စွက်ခြင်းမရှိဘဲ ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ညွှန်ကြားလွှာ ပြင်ဆင်နိုင်ရေး ဆွေးနွေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ သြဂုတ်လ ၆ ရက်နေ့တွင် တွေ့ဆုံမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်က ပြောကြားသည်။

အဆိုပါ တွေ့ဆုံမှုကို နေပြည်တော် ကောင်စီနယ်မြေ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ပြုလုပ်မည် ဖြစ်ပြီး မဲဆွယ်စည်းရုံးရေး ညွှန်ကြားလွှာ (၁/ ၂၀၁၄) ကို ပြင်ဆင်ချက်များ ထည့်သွင်းရန် ညှိနှိုင်းမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အဓိကကတော့ ပါတီတွေက တွေ့ဖို့ တောင်းဆိုထားတာပါ။ အဲဒါကို ရွေးကောက်ပွဲ ကော်မရှင်က တွေ့မယ်လို့ အကြောင်းပြန်ထားတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ မဲဆွယ်စည်းရုံးရေး ညွှန်ကြားလွှာကို အတည်ပြုထားသော်လည်း သြဂုတ်လ ၁ ရက်နေ့က ရွေးကောက်ပွဲကော်မရှင်နှင့် NLD ပါတီ တွေ့ဆုံစဉ် NLD ပါတီက ကြေညာချက် ထုတ်ပြန်ကာ တောင်းဆိုထားသော အချက်များကို ထည့်သွင်း ပြင်ဆင်ပေးမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောထားကြောင်း NLD ပါတီထံမှ သိရသည်။

အဆိုပါ ပြင်ဆင်ပေးမည့် အချက်များတွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမည့် ရက်ကို ရက်ပေါင်း ၆၀ တိုးမြှင့်ရန်၊ စုဝေးဟောပြောခွင့် ၅ ရက် ကြိုအကြောင်းကြားရန်၊ မဲရုံအတွင်း ကိုယ်စားလှယ်နှစ်ဦး ဝင်ခွင့်ရှိရန် အချက်များ ပါဝင်သည်။

ရွေးကောက်ပွဲများတွင် လွတ်လပ်ပြီး တရားမျှတမှု ပိုမိုရရှိစေရန်အတွက် နိုင်ငံရေးပါတီများက အကြံပြုသည့်အတိုင်း ရွေးကောက်ပွဲ နည်းဥပဒေများကို ပြင်ဆင်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် တိုင်းရင်းသားပါတီ ၆ ပါတီတို့က ပူးတွဲကာ ဇူလိုင်လ ၇ ရက်နေ့တွင် ထုတ်ပြန် တောင်းဆိုထားသည်။

ထို့အပြင် အတည်ပြု ထုတ်ပြန်ထားသော ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ညွန်ကြားလွှာကို ပြန်လည် ပြင်ဆင်ပေးရန်အတွက် တိုင်းရင်းသားပါတီ ၂၀ မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့ထားသော ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းကလည်း ကြေညာချက်ထုတ်ကာ တောင်းဆိုကြောင်း ယင်းအဖွဲ့ဝင် ဦးစောသန်းမြင့်က ပြောကြားသည်။

အလားတူ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားလွှာတွင် ပြင်ဆင်ပေးရန် အချက် (၇) ချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဇူလိုင် တတိယပတ်အတွင်း ကြေညာချက် ထုတ်ပြန်ကာ တောင်းဆိုထားသည်။

သို့သော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကမူ ရွေးကောက်ပွဲ နည်းဥပဒေများတွင် ပြင်ဆင်သင့်သည့် အချက်များကို ပါတီများ အကြံဉာဏ်ကို ရယူပြင်ဆင်နေသော်လည်း အခြေခံဥပဒေက ခွင့်ပြုထားသည့် ဘောင်ကိုကျော်၍ မရကြောင်း ပြောကြားထားကြောင်း သိရသည်။

The Voice Wekkly
နိုင်ငံရေးပါတီများ အကြံပြုချက်များ ဖြည့်စွက်ခြင်းမရှိဘဲ ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲ မဲဆွယ် စည်း ရုံးရေးညွှန်ကြားလွှာ ပြင်ဆင်နိုင်ရေး ဆွေးနွေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီ များ သြဂုတ်လ ၆ ရက်နေ့တွင် တွေ့ဆုံမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုကော်မတီ ဝင် ဦးဝင်းမြင့်က ပြောကြားသည်။
အဆိုပါ တွေ့ဆုံမှုကို နေပြည်တော် ကောင်စီနယ်မြေ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ပြုလုပ်မည် ဖြစ်ပြီး မဲဆွယ်စည်းရုံးရေး ညွှန်ကြားလွှာ (၁/ ၂၀၁၄) ကို ပြင်ဆင်ချက်များ ထည့်သွင်းရန် ညှိနှိုင်းမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အဓိကကတော့ ပါတီတွေက တွေ့ဖို့ တောင်းဆိုထားတာပါ။ အဲဒါကို ရွေးကောက်ပွဲ ကော် မရှင် က တွေ့ မယ် လို့ အကြောင်းပြန်ထားတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ မဲဆွယ်စည်းရုံးရေး ညွှန်ကြားလွှာကို အတည်ပြုထားသော်လည်း သြဂုတ်လ ၁ ရက်နေ က ရွေးကောက် ပွဲကော်မရှင်နှင့် NLD ပါတီ တွေ့ဆုံစဉ် NLD ပါတီက ကြေညာချက် ထုတ်ပြန် ကာ တောင်းဆိုထားသော အချက်များကို ထည့်သွင်း ပြင်ဆင်ပေးမည် ဟု ပြည်ထောင် စု ရွေးကောက် ပွဲ ကော်မရှင်က ပြောထားကြောင်း NLD ပါတီထံမှ သိရသည်။

အဆိုပါ ပြင်ဆင်ပေးမည့် အချက်များတွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမည့် ရက်ကို ရက်ပေါင်း ၆၀ တိုးမြှင့်ရန်၊ စုဝေးဟောပြောခွင့် ၅ ရက် ကြိုအကြောင်းကြားရန်၊ မဲရုံအတွင်း ကိုယ်စားလှယ်နှစ်ဦး ဝင်ခွင့်ရှိ ရန် အချက်များ ပါဝင်သည်။

ရွေးကောက်ပွဲများတွင် လွတ်လပ်ပြီး တရားမျှတမှု ပိုမိုရရှိစေရန်အတွက် နိုင်ငံရေးပါတီများက အကြံပြုသည့် အတိုင်း ရွေးကောက်ပွဲ နည်းဥပဒေများကို ပြင်ဆင်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် တိုင်းရင်းသားပါတီ ၆ ပါတီတို့က ပူးတွဲကာ ဇူလိုင်လ ၇ ရက်နေ့တွင် ထုတ်ပြန် တောင်းဆိုထားသည်။

ထို့အပြင် အတည်ပြု ထုတ်ပြန်ထားသော ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ညွန်ကြားလွှာကို ပြန် လည် ပြင်ဆင်ပေးရန်အတွက် တိုင်းရင်းသားပါတီ ၂၀ မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့ထားသော ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်းကလည်း ကြေညာချက်ထုတ်ကာ တောင်းဆိုကြောင်း ယင်းအဖွဲ့ဝင် ဦးစောသန်းမြင့် က ပြောကြားသည်။

အလားတူ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားလွှာတွင် ပြင်ဆင်ပေးရန် အချက် (၇) ချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဇူလိုင် တတိယပတ်အတွင်း ကြေညာချက် ထုတ်ပြန် ကာ တောင်း ဆို ထားသည်။

သို့သော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကမူ ရွေးကောက်ပွဲ နည်းဥပဒေ များတွင် ပြင်ဆင်သင့်သည့် အချက်များကို ပါတီများ အကြံဉာဏ်ကို ရယူပြင်ဆင်နေသော်လည်း အခြေခံ ဥပဒေက ခွင့်ပြုထားသည့် ဘောင်ကိုကျော်၍ မရကြောင်း ပြောကြားထားကြောင်း သိရသည်။

The Voice Wekkly

No comments:

Post a Comment