Monday 4 August 2014

မန်ယူအသင်းချန်ပီယံလောင်းစာရင်းတွင် ပါဝင်ဟု ဖလက်ချာပြော

Photo: မန်ယူအသင်းချန်ပီယံလောင်းစာရင်းတွင် ပါဝင်ဟု ဖလက်ချာပြော
Monday, August 4, 2014

မန်ယူကွင်းလယ်ကစားသမားဖလက်ချာက အသင်းအနေဖြင့် အောင်ပွဲဆာလောင်စိတ်ပြန်လည်ရရှိနေပြီဖြစ်ပြီး ဆုဖလားကို အိုးလ်ထရက်ဖို့ဒ်သို့ ပြန်လည်သယ်ဆောင်နိုင်မည်ဟု ယုံကြည်နေသည်။
ရာသီကြိုခြေစမ်းခရီးစဉ်အဖြစ် အမေရိကန်တွင် ကစားခဲ့သည့် ရလဒ်များကိုလည်း ဖလက်ချာကကျေနပ်နေပြီး ယင်းခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားရမည်ဟု ပြောသည်။ "ဒီခြေစွမ်းအတိုင်းဆက်သွားနိုင်တယ်လို့ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ အဓိကကျတာကတော့ နိုင်ပွဲတွေရဖို့ဖြစ်ပြီး အောင်ပွဲဆာလောင်စိတ် ပြန်ရဖို့ပဲဖြစ်ပါတယ်။ ပထမဆုံးကစားတဲ့ ဂလက်ဇီနဲ့ပွဲမတိုင်မီ ကျွန်တော် တို့ ဒီအတိုင်းပြောခဲ့ကြတယ်။ အောင်ပွဲရတာက ယုံကြည်မှုကို မြင့်တက်စေလို့ပါပဲ"ဟု စကော့တလန်ကစားသမား ဖလက်ချာက ပြောသည်။
ပြီးခဲ့သည့်ရာသီက အဆင့် ၇ သာရသောအသင်းမှာ ယခုနှစ်တွင် ချန်ပီယံဖြစ်နိုင်ချေမရှိဟူသော အချက်ကိုလည်း ၎င်းက စဉ်းစား နေမည်မဟုတ်ဟု ပြောသည်။ ဖလက်ချာက "ကျွန်တော်ကတော့ ဒီလိုမထင်ပါဘူး။ ကျွန်တော်တို့ ဖလားရသွားနိုင်ပါတယ်။ အဆင့်လေး အတွင်းလောက်ပဲ ၀င်မယ်ဆိုတဲ့ခံယူချက်က အန္တရာယ်အရမ်းများပါတယ်။ ကျွန်တော်တို့ဟာ ဒီလိုစဉ်းစားရမယ့် ကစားသမားမျိုး၊ အသင်းမျိုး မဟုတ်ဘဲ ချန်ပီယံဆုကိုသာ မှန်းသင့်တဲ့ အသင်းမျိုးဖြစ်ပါတယ်"ဟု ပြောသည်။
ဥရောပပြိုင်ပွဲဝင်ခွင့်မရခြင်းကလည်း အသင်းကို အကူအညီဖြစ်စေနိုင်သည်ဟု ၎င်းကဖြည့်စွက်ပြောဆိုသည်။ ဖလက်ချာက ပြီးခဲ့သည့်နှစ် လီဗာပူးလ်အသင်း၏ အခြေအနေနှင့် နှိုင်းယှဉ်ထောက်ပြခဲ့ပြီး မန်ယူအသင်းအနေဖြင့် ချန်ပီယံဆုဖလားပြန်ရမည်ဟု ယုံကြည်နေကြောင်း ပြောသည်။

ရည်ညွှန်း ဒေးလီးမေးလ်
Mizzima Sport News
မန်ယူကွင်းလယ်ကစားသမားဖလက်ချာကအသင်းအနေဖြင့် အောင်ပွဲဆာလောင်စိတ်ပြန်လည်ရရှိနေပြီဖြစ်ပြီး ဆုဖလားကို အိုးလ်ထရက်ဖို့ဒ်သို့ ပြန်လည်သယ်ဆောင်နိုင်မည်ဟု ယုံကြည်နေသည်။
ရာသီကြိုခြေစမ်းခရီးစဉ်အဖြစ် အမေရိကန်တွင် ကစားခဲ့သည့် ရလဒ်များကိုလည်း ဖလက်ချာကကျေ နပ်နေပြီး ယင်းခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားရမည်ဟု ပြောသည်။ "ဒီခြေစွမ်းအတိုင်းဆက်သွားနိုင် တယ်လို့ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ အဓိကကျတာကတော့ နိုင်ပွဲတွေ ရဖို့ဖြစ်ပြီး အောင်ပွဲ ဆာလောင်စိတ် ပြန်ရဖို့ပဲဖြစ်ပါတယ်။ ပထမဆုံးကစားတဲ့ ဂလက်ဇီနဲ့ပွဲမတိုင်မီ ကျွန်တော် တို့ ဒီအ တိုင်းပြော ခဲ့ကြ တယ်။ အောင်ပွဲရတာက ယုံကြည်မှုကို မြင့်တက်စေလို့ပါပဲ"ဟု စကော့တလန် ကစား သမား ဖလက်ချာက ပြောသည်။

ပြီးခဲ့သည့်ရာသီက အဆင့် ၇ သာရသောအသင်းမှာ ယခုနှစ်တွင် ချန်ပီယံဖြစ်နိုင်ချေမရှိဟူသော အချက်ကိုလည်း ၎င်းက စဉ်းစား နေမည်မဟုတ်ဟု ပြောသည်။ ဖလက်ချာက "ကျွန်တော်ကတော့ ဒီလို မထင် ပါဘူး။ ကျွန်တော်တို့ ဖလားရသွားနိုင်ပါတယ်။ အဆင့်လေး အတွင်းလောက်ပဲ ၀င်မယ်ဆိုတဲ့ ခံယူချက်က အန္တရာယ်အရမ်းများပါတယ်။ ကျွန်တော်တို့ဟာ ဒီလိုစဉ်းစားရမယ့် ကစားသမားမျိုး၊ အသင်းမျိုး မဟုတ်ဘဲ ချန်ပီယံဆုကိုသာ မှန်းသင့်တဲ့ အသင်းမျိုးဖြစ်ပါတယ်"ဟု ပြောသည်။

ဥရောပပြိုင်ပွဲဝင်ခွင့်မရခြင်းကလည်း အသင်းကို အကူအညီဖြစ်စေနိုင်သည်ဟု ၎င်းကဖြည့်စွက်ပြောဆို သည်။ 

ဖလက်ချာက ပြီးခဲ့သည့်နှစ် လီဗာပူးလ်အသင်း၏ အခြေအနေနှင့် နှိုင်းယှဉ်ထောက်ပြခဲ့ပြီး မန်ယူအသင်း အနေဖြင့် ချန်ပီယံဆုဖလားပြန်ရမည်ဟု ယုံကြည်နေကြောင်း ပြောသည်။

ရည်ညွှန်း ဒေးလီးမေးလ်
Mizzima Sport News

No comments:

Post a Comment