Monday 4 August 2014

လူ့အခွင့်အရေးအပြည့်အ၀ရှိသော မြန်မာနိုင်ငံ

Photo: လူ့အခွင့်အရေးအပြည့်အ၀ရှိသော မြန်မာနိုင်ငံ
Monday, August 4, 2014

လူသားတိုင်းတွင် တူညီသည့် အခွင့်အရေးများ ရှိကြပါသည်။ တူညီသော ဥပဒေဖြင့် အကာအကွယ် ပေးမှုကိုလည်း လူသားတိုင်းရရှိခံစားကြရပါသည်။ လူသားတစ်ဦးရရှိသင့်သော အခွင့်အရေးကို လူ့အခွင့်အရေး ဟုဆိုပါက မှားနိုင်မည်မထင်ပေ။ သို့ရာတွင် လူ့အခွင့်အရေးဟူသည် နိုင်ငံတစ်နိုင်ငံချင်းစီအလိုက် ကွဲပြား ခြားနားသကဲ့သို့ ကိုးကွယ်ယုံကြည်ရာ ဘာသာအယူဝါဒအရလည်း ကွဲပြားခြားနားမည် ဖြစ်ပါသည်။ ထို့အတူ နိုင်ငံ တစ်နိုင်ငံတွင် နိုင်ငံသားနှင့် နိုင်ငံခြားသားတို့အကြား ရရှိခံစားနိုင်ခွင့်ရှိသည့် လူ့အခွင့်အရေးဆိုသည်မှာ လည်း မတူညီနိုင်ပေ။ ဤနေရာတွင် စာရေးသူအနေဖြင့် လူ့အခွင့်အရေးဆိုသည်ကို မည်သည့်စံပေတံဖြင့် တိုင်းတာ၍ ရနိုင်ပါမည်နည်းဟု မေးစရာရှိလာပါသည်။ အမေရိကန်နိုင်ငံ၏ လူ့အခွင့်အရေးနှင့် အခြားသော နိုင်ငံတစ်နိုင်ငံ၏ လူ့အခွင့်အရေးကား မည်သည့်အခါမျှ တူညီနိုင်မည်မဟုတ်ချေ။ ကိုးကွယ်ယုံကြည်ရာ ဘာသာ အယူဝါဒ၊ ယဉ်ကျေးမှုကွဲပြားခြားနားခြင်းနှင့် ပတ်ဝန်းကျင်အခြေအနေပေါ်တွင်မူတည်၍ လူ့အခွင့်အရေး ဟူသော ပေတံသည် ကွဲပြားခြားနားနေမည်သာ ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် မွတ်စလင်လူမျိုးများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုမှာ အလွန်ဆိုးရွားကြောင်း အမေရိကန်အထက်လွှတ်တော်အမတ် Ed Royce က ပြောကြားခဲ့သည်ဟု RFA အသံလွှင့်ဌာနက ဇူလိုင်လ ၁၀ ရက်နေ့တွင် အသံလွှင့်ခဲ့ပါသည်။ သို့ရာတွင် ထိုသို့ပြောကြားမှုသည် လုပ်ကြံဖန်တီးမှုတစ်ခုသာဖြစ်ကြောင်း ကျွန်တော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးက လက်ခံထားပါသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာ နိုင်ငံတွင် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်နှင့် ပတ်သက်လာလျှင် အမျိုးသားများကိုမဆိုထားနှင့် အမျိုးသမီးများ ပင်လျှင် အခွင့်အရေးအပြည့်အ၀ရရှိကြသည်ကို ဘာသာရေးအစွန်းရောက်နိုင်ငံများရှိ အမျိုးသမီးများကြုံတွေ့ ခံစားနေရသော ဘ၀များနှင့် နှိုင်းယှဉ်သုံးသပ်ကြည့်ပါက ရှင်းလင်းပြတ်သားစွာ သိရှိနိုင်မည် ဖြစ်ပါသည်။

ဘာသာရေးအစွန်းရောက်နိုင်ငံများတွင် ဘာသာရေးအစွန်းရောက်အဖွဲ့များက အမျိုးသမီးများ ပညာ သင်ယူခွင့်ကို တားမြစ်ပိတ်ပင်လျက်ရှိပြီး အမျိုးသမီးစာသင်ကျောင်းများအား မကြာခဏအကြမ်းဖက် တိုက်ခိုက် ခြင်း၊ ဗုံးခွဲခြင်းများကို ပြုလုပ်လေ့ရှိပါသည်။ ဘာသာရေးအစွန်းရောက်နိုင်ငံရှိ အမျိုးသမီးများ၏ ပညာသင်ကြား ခွင့် ပိတ်ပင်ခံထားရမှုကို သေကံမရောက်သက်မပျောက်ခဲ့သည့် ပညာသင်ကြားခွင့်ရရှိရေး လှုပ်ရှားသူ မာလာလာ၏ လုပ်ကြံခံရမှုက သက်သေခံနေပါသည်။
ထို့အပြင် ဘာသာရေးအစွန်းရောက်နိုင်ငံများရှိ အမျိုးသမီးများအနေဖြင့် ချစ်သူရည်းစားထားခွင့် မရှိ သကဲ့သို့ မိမိနှစ်သက်ရာ အိမ်ထောင်ဖက်ကိုလည်း ရွေးချယ်ပိုင်ခွင့် မရရှိကြပေ။ မိဘများက သဘောတူသည့် ဆွေမျိုးနီးစပ်တော်သူတစ်ဦးဖြင့်သာ လက်ထပ်ကြရသည့် ဓလေ့ထုံးတမ်းအစဉ်အလာရှိပါသည်။ ထိုကဲ့သို့ မိဘ ဆွေမျိုးများ သဘောတူညီသူနှင့် လက်ထပ်ထိမ်းမြားခြင်းမပြုပါက အဆိုပါအမျိုးသမီး၏ ဆွေမျိုးများမှ ၎င်းအား မသေမချင်း ခဲများဖြင့် ပစ်ပေါက်၍ သတ်ခြင်း၊ အသက်ရှင်လျှက် မြေမြှုပ်သတ်ခြင်းများ ပြုလုပ်လေ့ရှိကြပါသည်။ သို့ရာတွင် ဘာသာရေးအစွန်းရောက်နိုင်ငံများရှိ အမျိုးသားများအနေဖြင့် တရားဝင်မိန်းမ ၄ ယောက်အထိ ယူပိုင်ခွင့်ရှိကြောင်း သိရှိရပါသည်။

ထိုနိုင်ငံရှိ အမျိုးသမီးများသည် ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်လျှင်လည်း မိမိနှစ်သက်ရာ ခေတ်ပေါ် အ၀တ်အစားများကို ၀တ်ဆင်နိုင်ခွင့် မရရှိကြပေ။ ဘာသာရေးအစွန်းရောက်နိုင်ငံများရှိ အမျိုးသမီးတိုင်းသည် ၎င်းတို့၏ မျက်လုံးတစ်စုံမှတစ်ပါး ခန္ဓာကိုယ်တစ်ခုလုံးကို လုံခြုံအောင် ဖုံးအုပ်ထားရသည်။ ထို့အပြင် မျက်လုံး များသည်လည်း တောင်ကြည့် မြောက်ကြည့် ကြည့်ပိုင်ခွင့်မရှိချေ။ အိမ်ထောင်သည် အမျိုးသမီးဖြစ်စေ ကာမူ လင်ယောင်္ကျား၏ အမျိုးသားသူငယ်ချင်းတစ်ဦး အိမ်သို့အလည်လာရောက်ချိန်တွင် ဧည့်ခန်းသို့မထွက်ရ သည့် ဓလေ့ထုံးစံရှိပါသည်။

အထူခြားဆုံးအချက်မှာ ခရီးသည်တင်ယာဉ်များပေါ်တွင် ရုပ်မြင်သံကြားစက်များ တပ်ဆင်ခြင်းကို လည်း ဘာသာရေးအစွန်းရောက်အဖွဲ့များက လက်မခံကြခြင်းဖြစ်ပါသည်။ ထို့အတူ ပွင့်လင်းမြင်သာမှုရှိလာ သော အိုင်တီနည်းပညာခေတ်ကြီးတွင် ယခုအချိန်ထိ ဘာသာရေးအစွန်းရောက်နိုင်ငံများရှိ ကျေးလက် တောရွာ များ၌ ရုပ်မြင်သံကြားကြည့်ခြင်း၊ သီချင်းနားထောင်ခြင်း၊ တီးမှုတ်ကခုန်ခြင်းများ ပြုလုပ်ခွင့် မရရှိသည် ကို ယနေ့ တိုင် ၀မ်းနည်းစွာ တွေ့မြင်နိုင်ပါသည်။
မြန်မာနိုင်ငံတွင် မြန်မာအမျိုးသမီးထု တစ်ရပ်လုံးအနေဖြင့် အဆိုပါ အခွင့်အရေးများကို ရရှိခံစားကြ ရပါသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် ရောက်ရှိနေသော မွတ်စလင်အမျိုးသမီးများပင်လျှင် လူသားတစ်ဦးရရှိ သင့်သည့်အခွင့်အရေးအားလုံး ရရှိနေပါသည်ဆိုခြင်းကို မည်သူတစ်ဦးတစ်ယောက်မျှ ငြင်းချက်ထုတ်နိုင် လိမ့်မည် မဟုတ်ချေ။

ထို့အပြင် မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကိုလည်း ခွင့်ပြုထားပါသည်။ မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ မြို့ပြဒေသများတွင် ဗလီမရှိသောမြို့ကိုပြပါဆိုလျှင် အတော်ပင်ခဲခဲယဉ်းယဉ်း ရှာဖွေရမည်ဖြစ်ပါ သည်။ ထိုကဲ့သို့ ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်ရှိမှုကို ရန်ကုန်မြို့လည်ခေါင်အလည်တည့်တည့် ဆူးလေ ဘုရားအနီးတွင်ရှိသော မွတ်စလင်ဘာသာဝင်တို့၏ဗလီနှင့် ခရစ်ယာန်ဘာသာဝင်တို့၏ ဘုရားရှိခိုးကျောင်းက သက်သေခံလျက်ရှိပါသည်။ သို့ရာတွင် ဘာသာရေးအစွန်းရောက် နိုင်ငံများတွင်ရှိသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ၊ စေတီများ၏အရေအတွက်နှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံတွင်ရှိသော ဗလီအရေ အတွက်မှာ အဆမတန်များပြားလှသည်ကို တွေ့ရမည်ဖြစ်ပါသည်။ ၂၀၁၃ ခုနှစ်အတွင်းတွင် မလေးရှားနိုင်ငံရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများနှင့် စေတီများရှင်းလင်းဖယ်ရှားခြင်းခံခဲ့ရပြီး မြန်မာနိုင်ငံတွင်မူ ထိုကဲ့သို့ ပြုမူခဲ့ခြင်းမရှိသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ အဆိုပါအချက်ကို ကြည့်ခြင်ဖြင့် မြန်မာနိုင်ငံတွင် ဘာသာရေး ဆိုင်ရာ လွတ်လပ်ခွင့် အပြည့်အ၀ရှိသည်ကို တွေ့မြင်နိုင်ပါသည်။ စာရေးသူအနေဖြင့် ယခုကဲ့သို့ ဘာသာရေး ဆိုင်ရာ လွတ်လပ်ခွင့်ရှိမှုကို ဖော်ထုတ်တင်ပြရသည်မှာ ဘာသာရေးဆိုင်ရာပဋိပက္ခသို့ ဦးတည်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ရေးသားတင်ပြခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံတွင် လွတ်လပ်စွာယုံကြည်ကိုးကွယ်ပိုင်ခွင့်ရှိမှုကို ဖော်ထုတ် ပြသလိုခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ လူ့အခွင့်အရေးကို လေးစားပြီး လွတ်လပ်ခွင့် အပြည့်အ၀ရရှိ ထားသော မြန်မာနိုင်ငံတွင် မွတ်စလင်လူမျိုးများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ အလွန်ဆိုးရွားကြောင်း အမေရိကန်နိုင်ငံ၏ ပြောကြားနေမှုများသည် အကောက်ကြံခလောက်ဆံ၍ ပြောကြားနေမှုများဖြစ်သည်မှာ သိသာထင်ရှားလွန်းလှပါကြောင်း မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ ကိုယ်စားအမျိုးကိုချစ်တတ်သည့် တာဝန် သိ ပြည်သူတစ်ဦးအနေဖြင့် ရေးသားတင်ပြလိုက်ရပါသည်။

ထက်အာကာ
လူသားတိုင်းတွင် တူညီသည့် အခွင့်အရေးများ ရှိကြပါသည်။ တူညီသော ဥပဒေဖြင့် အကာ အကွယ် ပေးမှု ကိုလည်း လူသားတိုင်းရရှိခံစားကြရပါသည်။ လူသားတစ်ဦးရရှိသင့်သော အခွင့်အရေးကို လူ့အခွင့်အရေး ဟုဆိုပါက မှားနိုင်မည်မထင်ပေ။ သို့ရာတွင် လူ့အခွင့်အရေးဟူသည် နိုင်ငံတစ်နိုင်ငံချင်းစီအလိုက် ကွဲပြား ခြားနားသကဲ့သို့ ကိုးကွယ်ယုံကြည်ရာ ဘာသာအယူဝါဒအရလည်း ကွဲပြားခြားနားမည် ဖြစ်ပါသည်။ ထို့အတူ နိုင်ငံ တစ်နိုင်ငံတွင် နိုင်ငံသားနှင့် နိုင်ငံခြားသားတို့အကြား ရရှိခံစားနိုင်ခွင့်ရှိသည့် လူ့အခွင့်အရေး ဆိုသည်မှာလည်း မတူညီနိုင်ပေ။ ဤနေရာတွင် စာရေးသူအနေဖြင့် လူ့အခွင့်အရေးဆိုသည်ကို မည်သည့် စံပေတံဖြင့် တိုင်းတာ၍ ရနိုင်ပါမည်နည်းဟု မေးစရာရှိလာပါသည်။ အမေရိကန်နိုင်ငံ၏ လူ့အခွင့်အရေးနှင့် အခြားသော နိုင်ငံတစ်နိုင်ငံ၏ လူ့အခွင့်အရေးကား မည်သည့်အခါမျှ တူညီနိုင်မည်မဟုတ်ချေ။ ကိုးကွယ် ယုံကြည်ရာ ဘာသာ အယူဝါဒ၊ ယဉ်ကျေးမှုကွဲပြားခြားနားခြင်းနှင့် ပတ်ဝန်းကျင်အခြေအနေပေါ်တွင် မူတည်၍ လူ့အခွင့်အရေး ဟူသော ပေတံသည် ကွဲပြားခြားနားနေမည်သာ ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် မွတ်စလင်လူမျိုးများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုမှာ အလွန်ဆိုးရွားကြောင်း အမေရိကန် အထက်လွှတ်တော်အမတ် Ed Royce က ပြောကြားခဲ့သည်ဟု RFA အသံလွှင့်ဌာနက ဇူလိုင်လ ၁၀ ရက်နေ့တွင် အသံလွှင့်ခဲ့ပါသည်။ သို့ရာတွင် ထိုသို့ပြောကြားမှုသည် လုပ်ကြံဖန်တီးမှုတစ်ခု သာဖြစ်ကြောင်း ကျွန်တော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးက လက်ခံထားပါသည်။ အဘယ်ကြောင့် ဆိုသော် မြန်မာ နိုင်ငံတွင် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်နှင့် ပတ်သက်လာလျှင် အမျိုးသားများကိုမဆို ထားနှင့် အမျိုးသမီးများ ပင်လျှင် အခွင့်အရေးအပြည့်အ၀ရရှိကြသည်ကို ဘာသာရေးအစွန်းရောက်နိုင်ငံ များရှိ အမျိုးသမီးများကြုံတွေ့ ခံစားနေရသော ဘ၀များနှင့် နှိုင်းယှဉ်သုံးသပ်ကြည့်ပါက ရှင်းလင်းပြတ်သားစွာ သိရှိနိုင်မည် ဖြစ်ပါသည်။

ဘာသာရေးအစွန်းရောက်နိုင်ငံများတွင် ဘာသာရေးအစွန်းရောက်အဖွဲ့များက အမျိုးသမီးများ ပညာ သင်ယူခွင့် ကို တားမြစ်ပိတ်ပင်လျက်ရှိပြီး အမျိုးသမီးစာသင်ကျောင်းများအား မကြာခဏအကြမ်းဖက် တိုက်ခိုက် ခြင်း၊ ဗုံးခွဲခြင်းများကို ပြုလုပ်လေ့ရှိပါသည်။ ဘာသာရေးအစွန်းရောက်နိုင်ငံရှိ အမျိုးသမီးများ၏ ပညာသင်ကြား ခွင့် ပိတ်ပင်ခံထားရမှုကို သေကံမရောက်သက်မပျောက်ခဲ့သည့် ပညာသင်ကြားခွင့်ရရှိရေး လှုပ်ရှားသူ မာလာလာ၏ လုပ်ကြံခံရမှုက သက်သေခံနေပါသည်။

ထို့အပြင် ဘာသာရေးအစွန်းရောက်နိုင်ငံများရှိ အမျိုးသမီးများအနေဖြင့် ချစ်သူရည်းစားထားခွင့် မရှိ သကဲ့သို့ မိမိနှစ်သက်ရာ အိမ်ထောင်ဖက်ကိုလည်း ရွေးချယ်ပိုင်ခွင့် မရရှိကြပေ။ မိဘများက သဘောတူ သည့် ဆွေမျိုးနီးစပ်တော်သူတစ်ဦးဖြင့်သာ လက်ထပ်ကြရသည့် ဓလေ့ထုံးတမ်းအစဉ်အလာရှိပါသည်။ ထိုကဲ့ သို့ မိဘ ဆွေမျိုးများ သဘောတူညီသူနှင့် လက်ထပ်ထိမ်းမြားခြင်းမပြုပါက အဆိုပါအမျိုးသမီး ၏ ဆွေမျိုး များ မှ ၎င်းအား မသေမချင်း ခဲများဖြင့် ပစ်ပေါက်၍ သတ်ခြင်း၊ အသက်ရှင် လျှက် မြေမြှုပ် သတ်ခြင်းများ ပြုလုပ်လေ့ရှိကြပါသည်။ သို့ရာတွင် ဘာသာရေးအစွန်းရောက်နိုင်ငံများရှိ အမျိုးသားများ အနေဖြင့် တရားဝင်မိန်းမ ၄ ယောက်အထိ ယူပိုင်ခွင့်ရှိကြောင်း သိရှိရပါသည်။

ထိုနိုင်ငံရှိ အမျိုးသမီးများသည် ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်လျှင်လည်း မိမိနှစ်သက်ရာ ခေတ်ပေါ် အ၀တ်အစားများကို ၀တ်ဆင်နိုင်ခွင့် မရရှိကြပေ။ ဘာသာရေးအစွန်းရောက်နိုင်ငံများရှိ အမျိုးသမီးတိုင်းသည် ၎င်းတို့၏ မျက်လုံးတစ်စုံမှတစ်ပါး ခန္ဓာကိုယ်တစ်ခုလုံးကို လုံခြုံအောင် ဖုံးအုပ်ထားရသည်။ ထို့အပြင် မျက်လုံး များသည်လည်း တောင်ကြည့် မြောက်ကြည့် ကြည့်ပိုင်ခွင့်မရှိချေ။ အိမ်ထောင်သည် အမျိုးသမီးဖြစ်စေ ကာမူ လင်ယောင်္ကျား၏ အမျိုးသားသူငယ်ချင်းတစ်ဦး အိမ်သို့အလည်လာရောက်ချိန်တွင် ဧည့်ခန်းသို့မထွက်ရ သည့် ဓလေ့ထုံးစံရှိပါသည်။

အထူခြားဆုံးအချက်မှာ ခရီးသည်တင်ယာဉ်များပေါ်တွင် ရုပ်မြင်သံကြားစက်များ တပ်ဆင်ခြင်းကို လည်း ဘာသာရေးအစွန်းရောက်အဖွဲ့များက လက်မခံကြခြင်းဖြစ်ပါသည်။ ထို့အတူ ပွင့်လင်းမြင်သာမှုရှိလာ သော အိုင်တီနည်းပညာခေတ်ကြီးတွင် ယခုအချိန်ထိ ဘာသာရေးအစွန်းရောက်နိုင်ငံများရှိ ကျေးလက် တောရွာ များ၌ ရုပ်မြင်သံကြားကြည့်ခြင်း၊ သီချင်းနားထောင်ခြင်း၊ တီးမှုတ်ကခုန်ခြင်းများ ပြုလုပ်ခွင့် မရရှိသည် ကို ယနေ့ တိုင် ၀မ်းနည်းစွာ တွေ့မြင်နိုင်ပါသည်။
မြန်မာနိုင်ငံတွင် မြန်မာအမျိုးသမီးထု တစ်ရပ်လုံးအနေဖြင့် အဆိုပါ အခွင့်အရေးများကို ရရှိခံစားကြ ရပါသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် ရောက်ရှိနေသော မွတ်စလင်အမျိုးသမီးများပင်လျှင် လူသားတစ်ဦးရရှိ သင့်သည့်အခွင့်အရေးအားလုံး ရရှိနေပါသည်ဆိုခြင်းကို မည်သူတစ်ဦးတစ်ယောက်မျှ ငြင်းချက်ထုတ်နိုင် လိမ့်မည် မဟုတ်ချေ။

ထို့အပြင် မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကိုလည်း ခွင့်ပြုထားပါသည်။ မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ မြို့ပြဒေသများတွင် ဗလီမရှိသောမြို့ကိုပြပါဆိုလျှင် အတော်ပင်ခဲခဲယဉ်းယဉ်း ရှာဖွေ ရမည်ဖြစ်ပါ သည်။ ထိုကဲ့သို့ ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်ရှိမှုကို ရန်ကုန်မြို့လည်ခေါင်အလည် တည့် တည့် ဆူးလေ ဘုရားအနီးတွင်ရှိသော မွတ်စလင်ဘာသာဝင်တို့၏ဗလီနှင့် ခရစ်ယာန်ဘာသာဝင်တို့၏ ဘုရားရှိခိုးကျောင်းက သက်သေ ခံ လျက် ရှိပါ သည်။ သို့ရာတွင် ဘာသာရေးအစွန်းရောက် နိုင်ငံ များတွင်ရှိသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ၊ စေတီများ၏ အရေ အတွက်နှင့် နှိုင်းယှဉ် လျှင် မြန်မာနိုင်ငံတွင်ရှိသော ဗလီအရေ အတွက်မှာ အဆမတန်များပြားလှသည်ကို တွေ့ရမည်ဖြစ်ပါသည်။ ၂၀၁၃ ခုနှစ်အတွင်းတွင် မလေးရှားနိုင်ငံရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း များနှင့် စေတီများ ရှင်းလင်းဖယ်ရှားခြင်းခံခဲ့ရပြီး မြန်မာနိုင်ငံတွင်မူ ထိုကဲ့သို့ ပြုမူခဲ့ခြင်းမရှိသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ အဆိုပါ အချက်ကို ကြည့်ခြင်ဖြင့် မြန်မာနိုင်ငံတွင် ဘာသာရေး ဆိုင်ရာ လွတ်လပ်ခွင့် အပြည့်အ၀ ရှိသည်ကို တွေ့မြင်နိုင်ပါသည်။ စာရေးသူအနေဖြင့် ယခုကဲ့သို့ ဘာသာရေး ဆိုင်ရာ လွတ်လပ်ခွင့်ရှိမှု ကို ဖော်ထုတ်တင်ပြရသည်မှာ ဘာသာရေးဆိုင်ရာပဋိပက္ခသို့ ဦးတည်စေလိုသည့် ရည်ရွယ် ချက်ဖြင့် ရေးသားတင်ပြခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံတွင် လွတ်လပ်စွာယုံကြည်ကိုးကွယ်ပိုင်ခွင့် ရှိမှု ကို ဖော် ထုတ် ပြသလိုခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ လူ့အခွင့်အရေးကို လေးစားပြီး လွတ်လပ်ခွင့် အပြည့်အ၀ရရှိ ထားသော မြန်မာနိုင်ငံတွင် မွတ်စလင်လူမျိုးများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ အလွန်ဆိုး ရွားကြောင်း အမေရိကန်နိုင်ငံ၏ ပြောကြားနေမှုများသည် အကောက်ကြံခလောက်ဆံ ၍ ပြောကြားနေမှု များဖြစ် သည်မှာ သိသာထင်ရှားလွန်းလှပါကြောင်း မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ ကိုယ်စားအမျိုးကို ချစ်တတ် သည့် တာဝန် သိ ပြည်သူတစ်ဦးအနေဖြင့် ရေးသားတင်ပြလိုက်ရပါသည်။

ထက်အာကာ

No comments:

Post a Comment