Monday 4 August 2014

လာမည့် ၂ နှစ်အတွင်း အဆင့်မြင့်ပညာဦးစီးဌာနကို ဖျက်သိမ်းရန် စီစဉ်

ပညာရေး ဝန်ကြီးဌာန လက်အောက် တက္ကသိုလ် အားလုံးကို စီမံကွပ်ကဲနေသော အဆင့်မြင့်ပညာဦးစီး ဌာန (အောက်မြန်မာပြည်) နှင့် (အထက်မြန်မာပြည်) တို့ကို ယခုနှစ်အတွင်း အမျိုးသားပညာရေး ဥပဒေ ပြ ဋ္ဌာန်းပြီးပါက ၂၀၁၆ ခုနှစ်ခန့်တွင် ဖျက်သိမ်းတော့မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ အကြံပေး ဒေါက် တာဒေါ်ရင်ရင်နွယ် က ပြောကြားသည်။
သြဂုတ်လ ၂ ရက်နေ့က ရန်ကုန်မြို့တော်ရှိ UMFCCI ခန်းမတွင် ကျင်းပသော မြန်မာ့ ပညာရေး ပြုပြ င်ပြောင်း လဲရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဟောပြောပွဲတွင် ၎င်းက ယခုကဲ့သို့ ပြော ကြား သွားခြင်း ဖြစ်သည်။

“ကျွန်မတို့ အဲလောက်ကို ပညာရေးမှာ ပြောင်းနိုင်ပါလိမ့်မယ်။ အဆင့်မြင့်ပညာ ဦးစီးဌာန ဆိုတာ မရှိတော့ဘူး။ အဲဒီတော့ မန္တလေးကနေ ရန်ကုန်ကို ပြောင်းချင်တဲ့ ပါမောက္ခတို့၊ ကထိကတို့ ဘယ် DG (ညွှန်ကြားရေးမှူး) မှ ကပ်စရာ မလိုဘူး။ ကိုယ့်ဘာသာ လျှောက်ကြ။ လက်ခံတဲ့ တက္ကသိုလ်ကလည်း သူ့စံနှုန်းနဲ့သူ လွတ်လွတ်လပ်လပ်ပဲ။ ဘယ်သူမှ ဝင်မပြောဘူး” ဟု ဒေါက်တာဒေါ်ရင်ရင်နွယ် က ဖြည့် စွက်ပြောဆိုသည်။

ပညာရေး ဝန်ကြီးဌာနက ရာထူး အပြောင်းအရွှေ့ကို လွတ်လပ်စွာ လျှောက်ထားခွင့် ပေးသော်လည်း ပါမောက္ခချုပ် တာဝန် ထမ်းဆောင်သူများသည် အုပ်ချုပ်ရေး၊ သင်ကြားရေး၊ သုတေသန နယ်ပယ် တစ်ခုခုကို ကျွမ်းကျင်ပိုင်နိုင်ရန် လိုအပ်ကြောင်း ၎င်းက အကြံပြု ပြောကြားသည်။

သို့သော် အဆင့်မြင့်ပညာ ဦးစီးဌာနများမှ ပညာရေး ဝန်ထမ်းများ ရွှေ့ပြောင်းရေး အတွက်မူ ဒေါက်တာဒေါ် ရင်ရင်နွယ် က ပြောကြားသွားခြင်း မရှိချေ။

အဆင့်မြင့်ပညာဦးစီးဌာနကို ဖျက်သိမ်းမည် ဆိုသော်လည်း အမျိုးသားပညာရေး ဥပဒေတွင် အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ ဖွဲ့စည်းရန် ထည့်သွင်းထားခြင်းကြောင့် သိသာသော အပြောင်းအလဲ ဖြစ်လာမည် မဟုတ်ကြောင်း၊ ယင်းအပြင် ဝန်ကြီးအဆင့် ပါဝင်သော အမျိုးသား ပညာရေး ကော်မရှင်ပါ ဖွဲ့စည်းမည် ဆိုသောကြောင့် ပညာရေးတွင် ဗဟိုချုပ်ကိုင်မှု ရှိနိုင်သေးကြောင်း မြန် မာနိုင်ငံ လုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (ယာယီ) အဖွဲ့ဝင် ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက သုံးသပ်သည်။

“အမျိုးသားပညာရေး ကော်မရှင်က လိုအပ်ရင် လိုအပ်သလို အမိန့်၊ ညွှန်ကြားချက် ထုတ်နိုင်တယ် ဆိုတာ ဥပဒေကိုကျော်ပြီး လုပ်တယ်လို့ ထင်တယ်။ တက္ကသိုလ် စီမံခန့်ခွဲရေးမှာတော့ ဒီထက် ပိုလွတ်လပ်လာ ဖို့ပဲ မျှော်လင့်တာပဲ” ဟု ၎င်းကဆိုသည်။

ဇူလိုင်လအတွင်း မြန်မာနိုင်ငံသို့ အင်္ဂလိပ်စာရက်တို သင်တန်း လာရောက် သင်ကြားပေးခဲ့သော အောက် စဖို့ဒ် တက္ကသိုလ်မှ ဆရာမတစ်ဦးက လက်ရှိ အဆင့်မြင့်ပညာရေး ကဏ္ဍတွင် တက္ကသိုလ်များ ကိုယ်ပိုင်လွတ်လပ်ခွင့်မှာ အရေးကြီးကြောင်း The Voice သို့ အကြံပြု ပြောကြားသည်။

လက်ရှိ လွှတ်တော်တွင် ပြင်ဆင်ရေးဆွဲနေသော အမျိုးသားပညာရေး ဥပဒေကြမ်းတွင် တက္ကသိုလ်မှာ လွတ်လပ်စွာ စီမံခန့်ခွဲခွင့်အထိ ဖြေလျှော့ခြင်း ရှိ၊ မရှိ အငြင်းပွားမှုများ ရှိနေသေးသည်။

(နေဇာကျော်)
The Voice Weekly

No comments:

Post a Comment