Monday 4 August 2014

ဂန္ဓမာလမ်းနှင့် ဝေဇယန္တာလမ်းထောင့်တွင် ခရီးသည်တင် ဒိုင်နာယာဉ် တစ်စီး ယနေ့နံနက်က တိမ်းမှောက်


ယနေ့ ရက်နေ့ နံနက် (၈းဝဝ) နာရီအချိန်ခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊ ဂန္ဓမာလမ်းနှင့် ဝေဇယန္တာ လမ်းထောင့် (ဥက္ကလာဂေါက်ကွင်းအနီး)၌ ၇၉ (စိမ်း) သင်္ဃန်းကျွန်းနှင့် ဒဂုံဧရာအဝေး ပြေးသို့ ပြေးဆွဲသည့် ခရီးသည်တင် ဒိုင်နာမော် တော်ယာဉ်တစ်စီး မတော်တဆ တိမ်းမှောက်ခဲ့သည်။


ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒုတိယ-တပ်ခွဲမှူး ဦးကျော်မင်းဦး မှ နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ဆက်သွယ် အကြောင်းကြားသည့်အတွက် အခင်းဖြစ်ပွားရာသို့ နာရေးကူညီမှု အသင်း (ရန်ကုန်) အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ဝင်များသည် အရေးပေါ်လူနာတင်ယာဉ် (၂) စီးဖြင့် သွားရောက် ခဲ့ပြီး ဒဏ်ရာရလူနာ တောင် ဥက္ကလာပမြို့နယ်နေ ကိုတင်အောင်ဟိန်း (၂၆) နှစ်၊ သင်္ဃန်းကျွန်းနေ ကိုအောင် အောင်လွင် (၂၉) နှစ်၊ တ-ဒဂုံမြို့နယ်နေ ကိုအောင်အောင်ထွေး (၄ဝ) နှစ်၊ သုဝ ဏ္ဏမြို့နယ်နေ ကိုကျော်ကျော် (၂၉) နှစ်၊ တ-ဒဂုံမြို့နယ်နေ ကိုလင်းလင်ဇော် (၂၃) နှစ်၊ တ-ဒဂုံမြို့နယ်နေ ကိုမှတ်ကြီး (၁၈) နှစ်၊ ဝါးခယ်မမြို့နယ်နေ ဦးမြတင် (၅၉) နှစ် စုစုပေါင်း (၇) ဦးတို့အား မြောက်ဥက္ကလာပဆေးရုံကြီး အရေးပေါ်ဌာနသို့ အမြန်ဆုံး ပို့ဆောင်ကူညီ ခဲ့ကြောင်းနာရေးကူညီမှုအသင်း-
ရန်ကုန် မှသိရသည်။


ဓါတ်ပုံ-နာရေးကူညီမှုအသင်း-ရန်ကုန်


Popular Myanmar News Journal

No comments:

Post a Comment