Monday 4 August 2014

လူငယ်ပွဲတော် မြန်မာလူငယ်တွေ ဘာ့ကြောင့် ကျင်းပချင်တာလဲ

၁၅ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ကျင်းပနိုင်ဖို့ မြန်မာလူငယ်အဖွဲ့ ၁၇ဖွဲ့ပူးပေါင်းပြီး  အဖွဲ့ ၆ ဖွဲ့ခွဲကာ လှုံ့ဆော်ရေးလှုပ်ရှားမှုတွေကို လုပ်ဆောင်မယ်လို့ သြဂုတ် ၃ရက်နေ့မှာ ပြောဆိုလိုက်ပါ တယ်။ နိုင်ငံတကာ လူငယ်များနေ့ မြန်မာလူငယ်တွေ ဘာ့ကြောင့်လှုံ့ဆော်ကြတာလဲ။
မြန်မာလူငယ်ထုအခွင့်အရေးနဲ့ လူငယ်ထုအသံကို ကြားစေဖို့အတွက် သြဂုတ် ၅ရက်ကနေ ၉ရက်နေ့အထိ လှုံ့ဆော်မှုတွေကိုလုပ်သွားမှာဖြစ်ပြီး ဒါဟာ ပါတီနိုင်ငံရေးမဟုတ်သလို အာဏာပိုင်တွေ စောင့်ကြည့်ခံရပေ မယ့် နောက်ဆုတ်သွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

သူတို့လူငယ်အဖွဲ့အစည်းတွေဟာ ဘယ်အဖွဲ့အစည်းလက်အောက်ခံမှ မဖြစ်ဖို့ အစိုးရကလည်း တောင်းဆို ထားပြီး ဒီနှစ်လှုပ်ရှားမှုကရတဲ့ သင်ခန်းစာနဲ့ နောက်နှစ်တွေမှာ ဆက်ပြီးလုပ်သွားမယ်လို့ ဆိုပါတယ်။  လူငယ် လှုပ်ရှားမှုမှာ ပါဝင်တဲ့ ကိုမျိုးမြင့်ထွန်းကတော့ ၅ရက်ကြာ လှုံ့ဆော်ရေးမှာ ဘာတွေပါဝင်သလဲ ဆိုတာကို ရှင်းပြပါတယ်။

လူငယ်ပွဲတော်ကို ကျင်းပဖို့အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေအပါအဝင် ဝန်ကြီးတစ်ချို့နဲ့ ကုလ သမဂ္ဂ အဖွဲ့အစည်းတွေကိုလည်း နိုင်ငံတကာလူငယ်များနေ့ ဖြစ်တဲ့ သြဂုတ် ၁ဝရက်နေ့မှာ တက်ရောက် လာဖို့ ဖိတ်ကြားထားတယ်လို့ ပြောပါတယ်။

သြဂုတ် ၁၂ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတကာလူငယ်များနေ့ကို တက္ကသိုလ် စိန်ရတုခမ်းမမှာ ၁ဝရက်နေ့ ကျရင် ၂ရက်ကြိုတင်ကျင်းပမှာဖြစ်ပြီး လူငယ်များကို စွမ်းရည်မြှင့်တင်ပေးခြင်းမှသည် ကျန်းမာ ဖွံ့ဖြိုးသော လူ့အဖွဲ့အစည်းဆီသို့ဆိုတဲ့ ဆောင်ပုဒ်နဲ့ ပြုလုပ်မယ်လို့ ဆိုပါတယ်။

Kamayut Media
http://www.youtube.com/watch?v=M41tw5FoC-o

No comments:

Post a Comment