Monday 4 August 2014

ကြံ့ခိုင်မှု မပြည့်ဝ သေးကြောင်း အာဆင်နယ် တိုက်စစ်မှူးသစ် ဆန်းချက်ဇ် ၀န်ခံ

Photo: ကြံ့ခိုင်မှု မပြည့်ဝ သေးကြောင်း အာဆင်နယ် တိုက်စစ်မှူးသစ် ဆန်းချက်ဇ် ၀န်ခံ
Monday, August 4, 2014  

အာဆင်နယ်အသင်းနှင့် မိုနာကိုအသင်းတို့ ကစားခဲ့သည့် အမ်းမရိတ် ဖလားပြိုင်ပွဲတွင် ၀င်ရောက် ကစားခဲ့ပြီးနောက် အာဆင်နယ်အသင်း၏ တိုက်စစ်မှူးသစ် ဆန်းချက်ဇ်က ၎င်းအနေဖြင့် ကြံ့ခိုင်မှုပြည့်ဝစွာ ကစားနိုင်ခြင်းမရှိသေးကြောင်း ၀န်ခံခဲ့သည်။

ချီလီ တိုက်စစ်မှူး ဆန်းချက်ဇ်သည် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီးနောက် အားလပ်ရက် ခရီးမှ ပြန်ရောက်ကာ အာဆင်နယ် အသင်းနှင့် ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး မိုနာကိုအသင်းကို ရှုံးနိမ့်ခဲ့သည့်ပွဲတွင် မိနစ် ၇၀ ကျော် ၀င်ရောက် ကစား ခဲ့သည်။ ဘာစီလိုနာအသင်းမှ အာဆင် နယ်သို့ ပြီးခဲ့သည့် ဇူလိုင်က ပြောင်းရွှေ့လာသည့် ဆန်းချက်ဇ်က အသင်းနှင့်အတူ လေ့ကျင့်မှုပိုများလာပါက အခြေအနေတိုးတက်မှုရှိလာမည် ဟု ယုံကြည်ထားကြောင်းဆိုသည်။

“တစ်ဆင့်ချင်းသွားဖို့လိုပါတယ်။ အသင်းနဲ့အတူ ကျွန်တော် နှစ်ကြိမ်ပဲလေ့ကျင့်ခန်းလုပ်ရသေးတာပါ။ ဒီနေ့ပွဲမှာ ကျွန်တော် မိနစ် ၇၀ ကစားခဲ့ ပါတယ်။ ကျွန်တော့် အနေနဲ့ ပိုကြိုးစားပြီး ပိုလေ့ကျင့်လိုက်ရင် အဆင်ပြေမယ်လို့ ယုံပါတယ်။ အသင်းရဲ့ ကစားပုံက နှစ်သက်စရာကောင်းပါ တယ်။ ကျွန်တော့်အတွက် ဒီအချိန်မှာ အရေးကြီးဆုံးက ဘာလဲဆိုတော့ ပွဲတိုင်းကို ကစားဖို့ရယ်၊ ဂိုးတွေများများသွင်းဖို့ရယ်နဲ့ ချန်ပီယံဆုတွေ ဆွတ်ခူးနိုင်ဖို့ပါပဲ။ ပွဲကောင်းကောင်းကစားနိုင်ဖို့ ကျွန်တော် ကြံ့ခိုင်မှုရာနှုန်းပြည့်ရဖို့လိုပါတယ်”ဟု အသက် ၂၅ နှစ်အရွယ် ဆန်းချက်ဇ်က အာဆင်နယ် အသင်း ၀က်ဘ်ဆိုဒ်မှ ပြောသည်။

Ref: Goal
အာဆင်နယ်အသင်းနှင့် မိုနာကိုအသင်းတို့ ကစားခဲ့သည့် အမ်းမရိတ် ဖလားပြိုင်ပွဲတွင် ၀င်ရောက် ကစားခဲ့ပြီးနောက် အာဆင်နယ်အသင်း၏ တိုက်စစ်မှူးသစ် ဆန်းချက်ဇ်က ၎င်းအနေဖြင့် ကြံ့ခိုင်မှုပြည့်ဝစွာ ကစားနိုင်ခြင်းမရှိသေးကြောင်း ၀န်ခံခဲ့သည်။
ချီလီ တိုက်စစ်မှူး ဆန်းချက်ဇ်သည် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီးနောက် အားလပ်ရက် ခရီးမှ ပြန်ရောက်ကာ အာဆင်နယ် အသင်းနှင့် ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး မိုနာကိုအသင်းကို ရှုံးနိမ့်ခဲ့သည့်ပွဲတွင် မိနစ် ၇၀ ကျော် ၀င်ရောက် ကစား ခဲ့သည်။ ဘာစီလိုနာအသင်းမှ အာဆင် နယ်သို့ ပြီးခဲ့သည့် ဇူလိုင် က ပြောင်းရွှေ့လာသည့် ဆန်းချက်ဇ်က အသင်းနှင့်အတူ လေ့ကျင့်မှုပိုများလာပါက အခြေအနေတိုးတက်မှု ရှိလာမည် ဟု ယုံကြည်ထားကြောင်းဆိုသည်။

“တစ်ဆင့်ချင်းသွားဖို့လိုပါတယ်။ အသင်းနဲ့အတူ ကျွန်တော် နှစ်ကြိမ်ပဲလေ့ကျင့်ခန်းလုပ်ရသေးတာပါ။ ဒီနေ့ပွဲမှာ ကျွန်တော် မိနစ် ၇၀ ကစားခဲ့ ပါတယ်။ ကျွန်တော့် အနေနဲ့ ပိုကြိုးစားပြီး ပိုလေ့ကျင့်လိုက်ရင် အဆင်ပြေမယ်လို့ ယုံပါတယ်။ အသင်းရဲ့ ကစားပုံက နှစ်သက်စရာကောင်းပါ တယ်။ ကျွန်တော့်အတွက် ဒီအချိန်မှာ အရေးကြီးဆုံးက ဘာလဲဆိုတော့ ပွဲတိုင်းကို ကစားဖို့ရယ်၊ ဂိုးတွေများများသွင်းဖို့ရယ်နဲ့ ချန်ပီယံဆုတွေ ဆွတ်ခူးနိုင်ဖို့ပါပဲ။ ပွဲကောင်းကောင်းကစားနိုင်ဖို့ ကျွန်တော် ကြံ့ခိုင်မှုရာနှုန်းပြည့်ရဖို့ လိုပါတယ်”ဟု အသက် ၂၅ နှစ်အရွယ် ဆန်းချက်ဇ်က အာဆင်နယ် အသင်း ၀က်ဘ်ဆိုဒ်မှ ပြောသည်။

Ref: Goal

No comments:

Post a Comment