Monday 4 August 2014

ခွဲထွက်ရေးတပ်များ၏ မြို့ကြီးများကို ဆက်သိမ်းရန် ယူကရိန်းစစ်တပ်ပြင်ဆင်

Photo: ခွဲထွက်ရေးတပ်များ၏ မြို့ကြီးများကို ဆက်သိမ်းရန် ယူကရိန်းစစ်တပ်ပြင်ဆင်
Monday, August 4, 2014

ယူကရိန်းခွဲထွက်ရေးတွေ ထိန်းချုပ်ထားတဲ့မြို့ငယ်တွေကို ပြီးခဲ့တဲ့ရက်တွေအတွင်း သိမ်းပိုက်ခဲ့အပြီး ခွဲထွက်ရေးတွေရဲ့ အခိုင်အမာမြို့ကြီးတွေကို ဆက်လက်သိမ်းပိုက်ဖို့ ယူကရိန်းစစ်တပ် ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်နေ့က ပြင်ဆင်နေကြပါတယ်။

ယူကရိန်းသမ္မတသစ် တက် လာပြီးနောက်ပိုင်း ခွဲ ထွက်ရေးတွေကို အကြမ်းဖက်တွေအဖြစ် သတ်မှတ်ခဲ့ပြီး ထိုးစစ်တွေ စတင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့က မလေး ရှားလေကြောင်း ပိုင်လေယာဉ် ပစ်ချခံခဲ့ရ အပြီးမှာတော့ ယူကရိန်းခွဲထွက်ရေးတွေအပေါ် ယူကရိန်းစစ်တပ်ရဲ့ ထိုးစစ်အရှိန်မြှင့်ခဲ့တာ ဖြစ်ပါတယ်။

သြဂုတ် ၃ ရက်နေ့က လုဟန့်စ်မြို့နဲ့ ဒိုနက်ရှ်မြို့အနီး တိုက်ပွဲတွေမှာ အရပ်သား ၉ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေအတွင်း ယူကရိန်းစစ်တပ်ဘက်က အကျအဆုံးမရှိခဲ့ဘူးလို့ ယူကရိန်းစစ်တပ်က ဆိုပါတယ်။

လူဦးရေ ၄ သောင်းရှိတဲ့ လုဟန့်စ်မြို့နဲ့ လူဦးရေ ၁ သန်းနေထိုင်တဲ့ ဒိုနက်ရှ်မြို့ကို သိမ်းပိုက်နိုင်ရေး သြဂုတ် ၃ ရက်နေ့က ယူကရိန်းစစ်တပ်တွေ အပြင်းအထန် ပြင်ဆင်နေကြပါတယ်။

သူပုန်တပ်တွေရဲ့ တည်နေရာ အတိအကျကို သိရှိနိုင်ဖို့ အဝေးထိန်း လေယာဉ်ပျံငယ်တွေကိုလည်း ယူကရိန်းစစ်တပ်တွေ သုံးခဲ့ကြပါတယ်။

ယူကရိန်းအမြောက်တပ်ဖွဲ့ဝင် စစ်သားတဦးက “သူပုန်တပ်တွေ ထိုင်တဲ့နေရာကို မြေပုံနဲ့တကွ အတိအကျ ဖော်ပြပေးပါတယ်။ လေတိုက်နှုန်းနဲ့ ရာသီဥတုစတာတွေကို တွက်ရတာတော့ ရှိပါတယ်။ မီတာအကွာအဝေးအတွင်း အတိအကျ ပစ်ခတ်နိုင်ပါတယ်” လို့ ပြောပါတယ်။

ခွဲထွက်ရေးတွေအပေါ် စစ်ဆင်ရေးအတွင်း သေဆုံးသူ ၁၁၀၀ ကျော်သွားပြီလို့ ကုလသမဂ္ဂရဲ့ စာရင်းအရ သိရှိရပြီး အပစ်အခတ်ရပ်စဲရေး စေ့စပ်ဆွေးနွေးပွဲတွေဟာလည်း ခရီးမပေါက်ပဲ ဖြစ်နေပါတယ်။

ဒီဗွီဘီ
ယူကရိန်းခွဲထွက်ရေးတွေ ထိန်းချုပ်ထားတဲ့မြို့ငယ်တွေကို ပြီးခဲ့တဲ့ရက်တွေအတွင်း သိမ်းပိုက်ခဲ့အပြီး ခွဲ ထွက်ရေးတွေရဲ့ အခိုင်အမာမြို့ကြီးတွေကို ဆက်လက်သိမ်းပိုက်ဖို့ ယူကရိန်းစစ်တပ် ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်နေ့ က ပြင်ဆင်နေကြပါတယ်။
ယူကရိန်းသမ္မတသစ် တက် လာပြီးနောက်ပိုင်း ခွဲ ထွက်ရေးတွေကို အကြမ်းဖက်တွေအဖြစ် သတ်မှတ်ခဲ့ပြီး ထိုးစစ်တွေ စတင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့က မလေး ရှားလေကြောင်း ပိုင်လေယာဉ် ပစ်ချခံခဲ့ရ အပြီးမှာတော့ ယူကရိန်းခွဲ ထွက်ရေးတွေအပေါ် ယူကရိန်းစစ်တပ်ရဲ့ ထိုးစစ်အရှိန်မြှင့်ခဲ့တာ ဖြစ်ပါတယ်။

သြဂုတ် ၃ ရက်နေ့က လုဟန့်စ်မြို့နဲ့ ဒိုနက်ရှ်မြို့အနီး တိုက်ပွဲတွေမှာ အရပ်သား ၉ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေအတွင်း ယူကရိန်းစစ်တပ်ဘက်က အကျအဆုံးမရှိခဲ့ဘူးလို့ ယူကရိန်းစစ်တပ်က ဆိုပါတယ်။

လူဦးရေ ၄ သောင်းရှိတဲ့ လုဟန့်စ်မြို့နဲ့ လူဦးရေ ၁ သန်းနေထိုင်တဲ့ ဒိုနက်ရှ်မြို့ကို သိမ်းပိုက်နိုင်ရေး သြဂုတ် ၃ ရက်နေ့က ယူကရိန်းစစ်တပ်တွေ အပြင်းအထန် ပြင်ဆင်နေကြပါတယ်။

သူပုန်တပ်တွေရဲ့ တည်နေရာ အတိအကျကို သိရှိနိုင်ဖို့ အဝေးထိန်း လေယာဉ်ပျံငယ်တွေကိုလည်း ယူ ကရိန်း စစ်တပ်တွေ သုံးခဲ့ကြပါတယ်။

ယူကရိန်းအမြောက်တပ်ဖွဲ့ဝင် စစ်သားတဦးက “သူပုန်တပ်တွေ ထိုင်တဲ့နေရာကို မြေပုံနဲ့တကွ အတိ အကျ ဖော်ပြပေးပါတယ်။ လေတိုက်နှုန်းနဲ့ ရာသီဥတုစတာတွေကို တွက်ရတာတော့ ရှိပါတယ်။ မီတာ အကွာအဝေးအတွင်း အတိအကျ ပစ်ခတ်နိုင်ပါတယ်” လို့ ပြောပါတယ်။

ခွဲထွက်ရေးတွေအပေါ် စစ်ဆင်ရေးအတွင်း သေဆုံးသူ ၁၁၀၀ ကျော်သွားပြီလို့ ကုလသမဂ္ဂရဲ့ စာရင်းအရ သိရှိရပြီး အပစ်အခတ်ရပ်စဲရေး စေ့စပ်ဆွေးနွေးပွဲတွေဟာလည်း ခရီးမပေါက်ပဲ ဖြစ်နေပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment