Monday 18 August 2014

အီဘိုလာအရေး ရန်ကုန်လေဆိပ် ပုံမှန်စစ်ဆေးနေ

Photo: အီဘိုလာအရေး ရန်ကုန်လေဆိပ် ပုံမှန်စစ်ဆေးနေ
Monday, August 18, 2014

အရှေ့အာဖရိကနှင့် တောင်အာဖရိကမှ ခရီးသည် ၀င်ရောက်မှုများရှိနေသည့်အပြင် အီဘိုလာရောဂါပိုးနှင့် ပတ်သက်ပြီး စိတ်ချရသော အနေအထားမရှိသေးသောကြောင့် ရန်ကုန်လေဆိပ်တွင် ပုံမှန်အတိုင်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိနေသည်ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

“အီဘိုလာနဲ့ပတ်သက်ပြီး အနောက်နိုင်ငံက လူတွေကို အဓိကထား စစ်နေတယ်။ အာဖရိကက လူတွေက တခြားသူတွေနဲ့ မတူဘူး။ သိသာနေတဲ့အတွက်သူတို့ ၀င်လာပြီဆိုရင် အဖျားရှိရှိ မရှိရှိ သေချာ စစ်ဆေးမှုပြုလုပ်တယ်။ သူတို့ရဲ့ နောက်ခံအကြောင်းအရာတွေကို မေးကြည့်ပြီး စစ်ဆေးတယ်။ လက်ရှိအခြေအနေထိတော့ ရောဂါလက္ခဏာရှိတဲ့သူ တစ်ယောက်မှ မတွေ့သေးဘူး။ ကျန်းမာရေးစစ်ဆေးမှုနဲ့ ပတ်သက်ပြီးတော့ အီဘိုလာမရှိတော့ဘူးဆိုရင်လည်း လေဆိပ်တွေမှာ စစ်ဆေးမှုကတော့ ဆက်လက် လုပ်ဆောင်သွားမှာပါ”ဟု ၎င်းက ဆိုသည်။

အီဘိုလာရောဂါပိုးရှိ မရှိ စစ်ဆေးရာတွင် လေဆိပ်များရှိ ပြည်ပ၀င်ရောက် အပေါက်များတွင် ၀င်ရောက်လာသူတိုင်းကို ယင်းအပေါက်ရှိ Screen ပေါ်တွင် အဖျားရှိမရှိကို အလိုအလျောက် စစ်ဆေးမှုပြုလုပ်လျက်ရှိနေပြီး အကယ်၍ အဖျားရှိကြောင်း တွေ့ရှိလာလျှင် လေဆိပ်ကျန်းမာရေးအဖွဲ့က ထပ်မံစစ်ဆေးပြီးမှသာ လိုရာသို့ သွားခွင့်ရှိသည်။ ထူးခြားမှု တစ်စုံတစ်ရာရှိလာလျှင်လည်း ကျန်းမာရေးဝန်ကြီးဌာသို့ ဆက်သွယ်ပြီး သက်မှတ်ဆေးရုံသို့ ပို့ဆောင်ရန် ညွှန်ကြားထားသည်ဟု ၎င်းက ဆိုသည်။

အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံရသည့် ရောဂါလက္ခဏာများတွင် အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ်၊ ကြွက်သားများ ကိုက်ခဲနာကျင်ခြင်း၊ အားနည်းခြင်း၊ ၀မ်းလျှောခြင်း၊ အော့အန်ခြင်း၊ ဗိုက်နာခြင်း၊ အစာစားချင်စိတ် မရှိခြင်းနှင့် တစ်ခါတစ်ရံတွင် သွေးထွက်ခြင်းတို့ ပါဝင်သည်။ ရောဂါကူးစက်ခံထားရသူ၏ ကိုယ်ခန္ဓာမှထွက်သော အရည်များနှင့် တိုက်ရိုက်ထိတွေ့မိခြင်းကြောင့်(သို့မဟုတ်) ရောဂါကူးစက်ခံရသူအတွက် အသုံးပြုထားသည့် ဆေးထိုးအပ်များကဲ့သို့သော ပစ္စည်းများနှင့် ထိတွေ့မိခြင်းတို့ဖြင့်လည်း ကူးစက်နိုင်သည်။

အီဘိုလာရောဂါပိုးသည် အနောက်အာဖရိကဒေသများဖြစ်သော(Guinea, Liberia, Nigeria နှင့် Sierra Leone) တို့တွင် ဖေဖော်ဝါရီလမှ စတင်ပြန့်နှံ့ခဲ့သည်။ အီဘိုလာရောဂါကြောင့် သေဆုံးသူအရေအတွက် ၁,၀၀၀ ကျော် ရှိပြီဖြစ်သည်။

Mizzima - News in Burmese 

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်။ ဓာတ်ပုံ - ygnia.com
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်။ ဓာတ်ပုံ - ygnia.com
အရှေ့အာဖရိကနှင့် တောင်အာဖရိကမှ ခရီးသည် ၀င်ရောက်မှုများရှိနေသည့်အပြင် အီဘိုလာရောဂါပိုးနှင့် ပတ်သက်ပြီး စိတ်ချရသော အနေအထားမရှိသေးသောကြောင့် ရန်ကုန်လေဆိပ်တွင် ပုံမှန်အတိုင်း စစ်ဆေး မှုများ ပြုလုပ်လျက်ရှိနေသည်ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကျန်းမာရေးအဖွဲ့မှ တာဝန်ရှိ သူ တစ်ဦးက မဇ္ဈိမကို ပြောသည်။
“အီဘိုလာနဲ့ပတ်သက်ပြီး အနောက်နိုင်ငံက လူတွေကို အဓိကထား စစ်နေတယ်။ အာဖရိကက လူတွေက တခြားသူတွေနဲ့ မတူဘူး။ သိသာနေတဲ့အတွက်သူတို့ ၀င်လာပြီဆိုရင် အဖျားရှိရှိ မရှိရှိ သေချာ စစ်ဆေး မှုပြုလုပ် တယ်။ သူတို့ရဲ့ နောက်ခံအကြောင်းအရာတွေကို မေးကြည့်ပြီး စစ်ဆေးတယ်။ လက်ရှိအခြေ အနေထိတော့ ရောဂါလက္ခဏာရှိတဲ့သူ တစ်ယောက်မှ မတွေ့သေးဘူး။ ကျန်းမာရေးစစ်ဆေးမှုနဲ့ ပတ်သက်ပြီးတော့ အီဘိုလာမရှိတော့ဘူးဆိုရင်လည်း လေဆိပ်တွေမှာ စစ်ဆေးမှုကတော့ ဆက်လက် လုပ်ဆောင်သွားမှာပါ”ဟု ၎င်းက ဆိုသည်။

အီဘိုလာရောဂါပိုးရှိ မရှိ စစ်ဆေးရာတွင် လေဆိပ်များရှိ ပြည်ပ၀င်ရောက် အပေါက်များတွင် ၀င်ရောက် လာသူ တိုင်းကို ယင်းအပေါက်ရှိ Screen ပေါ်တွင် အဖျားရှိမရှိကို အလိုအလျောက် စစ်ဆေးမှုပြုလုပ် လျက်ရှိနေပြီး အကယ်၍ အဖျားရှိကြောင်း တွေ့ရှိလာလျှင် လေဆိပ်ကျန်းမာရေးအဖွဲ့က ထပ်မံ စစ်ဆေးပြီးမှသာ လိုရာသို့ သွားခွင့်ရှိသည်။ ထူးခြားမှု တစ်စုံတစ်ရာရှိလာလျှင်လည်း ကျန်းမာရေးဝန်ကြီးဌာ သို့ ဆက်သွယ်ပြီး သက်မှတ်ဆေးရုံသို့ ပို့ဆောင်ရန် ညွှန်ကြားထားသည်ဟု ၎င်းက ဆိုသည်။

အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံရသည့် ရောဂါလက္ခဏာများတွင် အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ် အမြစ်၊ ကြွက်သားများ ကိုက်ခဲနာကျင်ခြင်း၊ အားနည်းခြင်း၊ ၀မ်းလျှောခြင်း၊ အော့အန်ခြင်း၊ ဗိုက်နာခြင်း၊ အစာစားချင်စိတ် မရှိခြင်းနှင့် တစ်ခါတစ်ရံတွင် သွေးထွက်ခြင်းတို့ ပါဝင်သည်။ ရောဂါကူးစက်ခံထားရသူ၏ ကိုယ်ခန္ဓာမှထွက်သော အရည်များနှင့် တိုက်ရိုက်ထိတွေ့မိခြင်းကြောင့် (သို့မဟုတ်) ရောဂါကူးစက်ခံရသူ အတွက် အသုံးပြုထားသည့် ဆေးထိုးအပ်များကဲ့သို့သော ပစ္စည်းများနှင့် ထိတွေ့မိခြင်းတို့ဖြင့်လည်း ကူး စက်နိုင်သည်။

အီဘိုလာရောဂါပိုးသည် အနောက်အာဖရိကဒေသများဖြစ်သော(Guinea, Liberia, Nigeria နှင့် Sierra Leone) တို့တွင် ဖေဖော်ဝါရီလမှ စတင်ပြန့်နှံ့ခဲ့သည်။ အီဘိုလာရောဂါကြောင့် သေဆုံးသူအရေအတွက် ၁,၀၀၀ ကျော် ရှိပြီဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment