Monday 18 August 2014

မိုက်ကယ်ဂျက်ဆင်၏ Neverland အိမ်ကြီးကို ရောင်းမည်

 
 ဖျော်ဖြေရေးလောကသတင်း၊ သြဂုတ်(၂)၊ ရဲရင့်တည် ကွယ်လွန် သွားသော ပေါ့ပ်အဆိုတော် မိုက်ကယ် ဂျက်ဆင် နေထိုင်ခဲ့သည့် Neverland အိမ်ကြီး သည် အမွှေဆက်ခံသူသားသမီးများအတွက် ပြုပြင် ထိန်း သိမ်းရန် ကုန်ကျစရိတ်များနေသဖြင့် အမေရိကန်ဒေါ်လာ သန်း၆၀ ဖြင့်ရောင်းချရန် ဆုံးဖြတ်လိုက်ကြောင်း Gulf Daily News ၏အင်တာနက်သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။


 
မိုက်ကယ်ဂျက်ဆင်သည် ၄င်း၏ Neverland အိမ်ခြံကြီးတွင် ၂၀၀၄ ခုနှစ်အ ထိနေထိုင်ခဲ့ပြီး ကျန်နှစ် ကာလများ နှင့် မိုက်ကယ်ကွယ်လွန်ပြီးကာလများပြီးသော် သားသမီးများက ဧက ၂၇၀၀ ခန့်ကျယ်ဝန်းသော မိုက်ကယ်၏ Neverland အိမ်ကြီးကိုစောင့်ရှောက် ထိန်းသိမ်းရန် ကုန်ကျစရိတ်များလွန်းသဖြင့် ရောင်းချရန် ဆုံးဖြတ်လိုက် ခြင်းဖြစ်သည် ဟုသိရသည်။

မိုက်ကယ်ဂျက်ဆင်ကဲ့သို့ နာမည်ကြီးပုဂ္ဂိုလ်တစ်ဦးက ပိုင်ဆိုင်သော အဆောက် အဦးပေါင်း ၂၂ လုံး၊ ကစားကွင်း ကြီး၊ တိုက်ခန်းများ၊ ရုပ်ရှင်ရုံများ ပါရှိသည့် Neverland အိမ်ခြံမြေကြီးသည် ဒေါ်လာ သန်း ၆၀ ခန့်ဖြင့်ဈေးရ ရှိနိုင်ကြောင်း ကြွမ်းကျင်သူများက ပြောပြသည်။ သို့သော်လည်း Neverland အား လူသိ များစေ ခဲ့ရသည့် ကစားကွင်းကြီးကိုမူ မိုက်ကယ်ဂျက်ဆင် ကွယ်လွန်ပြီးနောက် အမွှေဆက်ခံသူများ ဖြစ်သည့် မိုက်ကယ်၏ သားသမီးများက ယခင်နှစ်အတွင်း အနည်း ငယ်ပြုပြင်ခဲ့ကြောင်း သိရသည်။ Neverland ကစားကွင်းမှ ခြားရဟတ်၊ ဒန်းစီးစင် များ နှင့် အခြားကလေးကစားကွင်းများကိုလည်း မိုက်ကယ်၏ အမွှေ ဆက်ခံသူ များက ဖယ်ရှား ပြုပြင်ခဲ့ကြောင်း သိရသည်။

မိုက်ကယ်ဂျက်ဆင်၏ အမွှေဆက်ခံသူများက Neverland အိမ်ခြံကြီးကို စွန့်လွတ်ရသည်ကို မလို လား သော်လည်းထိန်းသိမ်းစောင့်ရှောက်ရန် ကုန်ကျစရိတ်များနေသဖြင့် အခြေအနေအရရောင်းချ ရ တော့ မည်ဖြစ်ကြောင်း သိရသည်။

Lashio News Diary

No comments:

Post a Comment