Monday 18 August 2014

ထိုင်းတွင် သိမ်းဆည်းလက်နက်များ အခိုးခံရ

Photo: ထိုင်းတွင် သိမ်းဆည်းလက်နက်များ အခိုးခံရ
Monday, August 18, 2014

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စစ်ခုံရုံးကနေ ရာဇ၀တ်မှုနဲ့ သိမ်းဆည်းထားတဲ့ ဒါဇင်နဲ့ချီတဲ့ လက်နက်တွေ အခိုးခံရတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ဗဟိုတရားသူကြီးချုပ်ရုံးက ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်နေ့က အတည်ပြုပါတယ်။

စစ်တပ်အရာရှိ ၂ ယောက်ရဲ့ ပါဝင်ပတ်သက်မှု ဖြစ်နိုင်ချေကိုလည်း အာဏာပိုင်တွေက သက်သေပြခဲ့ပါတယ်။

ပြီးခဲ့သည့်လက သိမ်းဆည်းလက်နက်များ ထိုင်းစစ်တပ် ဖျက်ဆီးစဉ်
ပြီးခဲ့သည့်လက သိမ်းဆည်းလက်နက်များ ထိုင်းစစ်တပ် ဖျက်ဆီးစဉ်

အခိုးခံရတဲ့ လက်နက်တွေဟာ လတ် တလော နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ရော တရားမ၀င် လက်နက်တွေကို အစိုးရက စီးနင်း သိမ်းဆည်းမှုတွေနဲ့ပါ မပတ်သက်ဘူးလို့  ဗဟိုတရားသူကြီးချုပ် ဗိုလ်ချုပ် ဂျီရာကမွတ်ပန်က ပြောပါတယ်။

စစ်ဘက်ဝန်ထမ်းတွေ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကနေ သိမ်းထားတဲ့လက်နက်တွေ ဖြစ်ပြီး စီရင်ချက်ချပြီးသားအမှုတွေက သက်သေခံလက်နက်တွေ ဖြစ်တယ်။

အမှု ပိတ်သိမ်းပြီးပေမယ့် နောင်တချိန် ပြန်စစ်ဖို့ လိုရင် စစ်နိုင်အောင် အချိန်ကာလ တခုထိ သိမ်းထားတဲ့ လက်နက်တွေထဲက အခိုးခံရတာလို့ သူက ဆက်ပြောပါတယ်။

အမှုတွေကတော့ ခြိမ်းခြောက်ငွေညှစ်တာ၊ လူသတ်ဖို့ ကြိုးစားတာနဲ့ အများပြည်သူနေရာ တွေမှာ ခွင့်ပြုချက် မရှိဘဲ လက်နက်ကိုင်ဆောင်တာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

သိမ်းဆည်းလက်နက်တွေကို သိုလှောင်ထားတဲ့ အခန်းသော့အတွက် တရားရုံးအရာရှိ ဗိုလ်ကြီး ချိုင်နာဖိုလ်မှာ တာဝန်ရှိတဲ့အတွက် ဖမ်းထားလိုက်ပြီး ဖြစ်ပါတယ်။

 ဒီဗွီဘီ

ပြီးခဲ့သည့်လက သိမ်းဆည်းလက်နက်များ ထိုင်းစစ်တပ် ဖျက်ဆီးစဉ်
ပြီးခဲ့သည့်လက သိမ်းဆည်းလက်နက်များ ထိုင်းစစ်တပ် ဖျက်ဆီးစဉ်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စစ်ခုံရုံးကနေ ရာဇ၀တ်မှုနဲ့ သိမ်းဆည်းထားတဲ့ ဒါဇင်နဲ့ချီတဲ့ လက်နက်တွေ အခိုးခံရတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ဗဟိုတရားသူကြီးချုပ်ရုံးက ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်နေ့က အတည်ပြုပါတယ်။
စစ်တပ်အရာရှိ ၂ ယောက်ရဲ့ပါဝင်ပတ်သက်မှု ဖြစ်နိုင်ချေကိုလည်းအာဏာပိုင်တွေကသက်သေပြခဲ့ပါတယ်။

အခိုးခံရတဲ့ လက်နက်တွေဟာ လတ် တလော နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ရော တရားမ၀င် လက်နက်တွေ ကို အစိုးရက စီးနင်း သိမ်းဆည်းမှုတွေနဲ့ပါ မပတ်သက်ဘူးလို့  ဗဟိုတရားသူကြီးချုပ် ဗိုလ်ချုပ် ဂျီရာကမွတ် ပန် က ပြောပါတယ်။

စစ်ဘက်ဝန်ထမ်းတွေ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကနေ သိမ်းထားတဲ့လက်နက်တွေ ဖြစ်ပြီး စီရင်ချက်ချပြီး သား အမှုတွေက သက်သေခံလက်နက်တွေ ဖြစ်တယ်။

အမှု ပိတ်သိမ်းပြီးပေမယ့် နောင်တချိန် ပြန်စစ်ဖို့ လိုရင် စစ်နိုင်အောင် အချိန်ကာလ တခုထိ သိမ်းထားတဲ့ လက်နက်တွေထဲက အခိုးခံရတာလို့ သူက ဆက်ပြောပါတယ်။

အမှုတွေကတော့ ခြိမ်းခြောက်ငွေညှစ်တာ၊ လူသတ်ဖို့ ကြိုးစားတာနဲ့ အများပြည်သူနေရာ တွေမှာ ခွင့်ပြုချက် မရှိဘဲ လက်နက်ကိုင်ဆောင်တာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

သိမ်းဆည်းလက်နက်တွေကို သိုလှောင်ထားတဲ့ အခန်းသော့အတွက် တရားရုံးအရာရှိ ဗိုလ်ကြီး ချိုင်နာဖိုလ် မှာ တာဝန်ရှိတဲ့အတွက် ဖမ်းထားလိုက်ပြီး ဖြစ်ပါတယ်။

 ဒီဗွီဘီ

No comments:

Post a Comment