Monday 18 August 2014

သက်တမ်း ၁၅နှစ်ရှိ ကန်ထရိုက်တိုက်တစ်လုံး ဆန်းရှိတ်ပြိုကျပြီး တိမ်းစောင်းသွား၍ နေထိုင်သူများကို အရေးပေါ်ရွှေ့ပြောင်း

Photo: သက်တမ်း ၁၅နှစ်ရှိ ကန်ထရိုက်တိုက်တစ်လုံး ဆန်းရှိတ်ပြိုကျပြီး တိမ်းစောင်းသွား၍ နေထိုင်သူများကို အရေးပေါ်ရွှေ့ပြောင်း
Monday, August 18, 2014

တာမွေမြို့နယ်၊ မေတ္တာ ညွန့််ရပ်ကွက်တွင် သက်တမ်း ၁၅နှစ် ၀န်းကျင်ရှိခြောက်ထပ်ကန်ထရိုက်တိုက်တစ်လုံး၏ အပေါ်ဆုံးထပ်ဆန်းရှိတ်(နေကာအမိုး)ပြိုကျကာ တိုက်မှာနောက်သို့အ နည်းငယ်ယိုင်သွားသောကြောင့် နေထိုင်သူများ အရေးပေါ်ပြောင်း ရွှေ့ခဲ့ရသည်။

သမာဓိလမ်းရှိအိမ်အမှတ် ၈၃၆၊ ခြောက်ထပ်တိုက်၏ အ ပေါ်ဆုံးထပ်ညာဘက်အခြမ်းရှိ ဆန်းရှိတ်မှာ ယနေ့နံနက် ၉နာရီ ၄၀မိနစ်ဝန်းကျင်တွင် ပြိုကျခဲ့ သည်။

ထို့အပြင်တိုင်သည် အ နောက်သို့  အနည်းငယ်တိမ်း စောင်းခဲ့သောကြောင့် တိုက်တိမ်း စောင်းသွားရခြင်း၏ အကြောင်း ရင်းကိုကျွမ်းကျင်သူများကစုံစမ်း စစ်ဆေးဆဲဖြစ်သည်ဟု သက်ဆိုင် ရာမြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့် စင်ကဆိုသည်။

‘‘တိုက်က မြေရှင်ကိုမေး ကြည့်တော့ ၁၉၉၉ခုနှစ်လောက် တုန်းကဆောက်ထားတယ်လို့ ပြောတယ်။ ၁၅နှစ်လောက်ပဲရှိဦး မှာပါ’’ဟု ၎င်းကဆိုသည်။ထိုသို့ ဖြစ်ပွားပြီးနောက် တိုက်ကိုအန္တ ရာယ်ရှိအဆောက်အအုံဟုသတ် မှတ်ကြောင်း   ဦးသန့်စင်က ဆို သည်။

သို့သော် ရန်ကုန်မြို့တွင်းရှိ လူနေအဆောက်အအုံများအန္တ ရာယ်ရှိအဆောက်အအုံအဖြစ် သတ်မှတ်ခြင်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မ တီကသာသတ်မှတ်ရခြင်းဖြစ် သည်။

ယင်းသို့ဖြစ်ပွားရခြင်းမှာ တိုက်ကိုတည်ဆောက်ရာတွင်အ ရည်အသွေးပြည့်မီမှု  မရှိခြင်း၊ အချိုးအဆမျှတမှု  မရှိခြင်းတို့ ကြောင့်ဖြစ်သည်ဟု တာမွေမြို့ နယ် စည်ပင်ဦးစီးမှူးက   သုံးသပ် သည်။

အဆိုပါတိုက်တွင် အိမ် ထောင်စု ၁၂စုမှ လူဦးရေ ၆၄ဦး နေထိုင်နေပြီးလက်ရှိတွင် နေထိုင် သူများကို  ပုညကာရီဓမ္မာရုံသို့ပို့ဆောင်ပေးထားသည်။

‘‘လက်ရှိကတော့ ဓမ္မာရုံမှာ နေခိုင်းထားတယ်။ ပြီးတော့မှ လူ ကြီးတွေအစည်းအဝေးထိုင်ပြီး တော့ စီစဉ်ပေးမယ်လို့ပြောထား တယ်။ခုထိတော့ နေစရာမရှိသေး ဘူး’’ဟုပြိုကျခဲ့သောအပေါ်ဆုံး ထပ်အခန်းပိုင်ရှင်ဒေါ်ခင်ခင်မြတ် ကပြောသည်။

ယခုကဲ့သို့ အနည်းငယ်ပြို ကျမှုမဖြစ်မီကလည်းယင်းတိုက် ရှေ့ကပ်ထားသောကြွေပြားများ  ပြုတ်ကျမှုဖြစ်ပွားခဲ့ကြောင်းရပ် ကွက်အတွင်းနေထိုင်သူတစ်ဦးက ပြောသည်။

‘‘ကျွန်မတို့ ငလျင်လှုပ်မယ် ပြောတဲ့။  လပြည့်ညတုန်းကဆို ရင် အောက်မှာဆင်းနေကြတယ်’’ ဟု ဒေါ်ခင်ခင်မြတ်ကပြောသည်။

  တိုက် ဆောက်လုပ်ထား သော ကန်ထရိုက်ကို လက်ရှိတွင် စုံစမ်းစစ်ဆေးဆဲဖြစ်ပြီး   ယင်း တိုက်တွင်နေထိုင်သူများက တိုက် ကိုဖခင်ဖြစ်သူက ဆောက်ခဲ့ပြီး လက်ရှိတွင်  သားဖြစ်သူက ဆက် လက်တာဝန်ယူဆောင်ရွက်နေ သည်ဟုပြောသည်။

ရန်ကုန်မြို့တွင် ပြီးခဲ့သည့် ၂၀၁၂ခုနှစ်က အလုံမြို့နယ်အ ထက်ကြည့်မြင်တိုင်လမ်းမပေါ် တွင် ခြောက်နှစ်သက်တမ်းသာရှိသည့် ရှစ်ထပ်တိုက်ကန်ထရိုက် တိုက်၏ နောက်ဘေးခြမ်းအက်ကွဲ တိမ်းစောင်းခဲ့သည်။ ၂၀၁၂ခုနှစ် ဇန်န၀ါရီ ၄ရက်ကလည်း မင်္ဂလာ တောင်ညွန့်မြို့နယ်၊ မေတ္တာညွန့် ရပ်ကွက်အတွင်းရှိ လေးထပ် တိုက်အဆောက်အအုံအတွင်း ပိုင်းလှေခါးပြိုကျခဲ့သည်။ထို့အ ပြင် ၂၀၁၃ခုနှစ်ကလည်း စမ်း ချောင်းမြို့နယ်ကျွန်းတောလမ်းမ ပေါ်ရှိ ခြောက်ထပ်တိုက်ကန်ထ ရိုက်တိုက်တစ်လုံး၏နောက်ဘေး ခြမ်းအက်ကွဲခဲ့ဖူးသည်။

ထို့အပြင် ၂၀၁၄ဇူလိုင်၃၀ ရက်တွင် ကြည့်မြင်တိုင်မြို့နယ် ရွှေလှိုင်လမ်းရှိ နှစ်ထပ်တိုက်၏ ၀ရန်တာလက်ရန်းပြိုကျကာ အ မျိုးသားတစ်ဦးပွဲချင်းပြီးသေဆုံးခဲ့ သည်။

၂၀၁၄ သြဂုတ်လ  ၄ရက်က လှုပ်ခတ်ခဲ့သောငလျင်ကြောင့် သင်္ဃန်းကျွန်းမြို့နယ်စံပြ ၅လမ်း ရှိ တိုက်သစ်နှစ်လုံးတိမ်းစောင်း သွားခဲ့သည်။

7Day DAILY 

ဆန်းရှိတ်ပြိုကျခဲ့သော တိုက်ကိုတွေ့ရစဉ် (ဓာတ်ပုံ−ကျော်ဇင်သန်း)
ဆန်းရှိတ်ပြိုကျခဲ့သော တိုက်ကိုတွေ့ရစဉ် (ဓာတ်ပုံ−ကျော်ဇင်သန်း)
တာမွေမြို့နယ်၊ မေတ္တာ ညွန့််ရပ်ကွက်တွင် သက်တမ်း ၁၅နှစ် ၀န်းကျင်ရှိခြောက်ထပ်ကန်ထရိုက် တိုက် တစ်လုံး၏ အပေါ်ဆုံးထပ်ဆန်းရှိတ်(နေကာအမိုး)ပြိုကျကာ တိုက်မှာနောက်သို့အ နည်းငယ်ယိုင် သြားေ သာေ ကြာင့် နေ ထိုင် သူ များ အရေးပေါ်ပြောင်း ရွှေ့ခဲ့ရသည်။
သမာဓိလမ်းရှိအိမ်အမှတ် ၈၃၆၊ ခြောက်ထပ်တိုက်၏ အ ပေါ်ဆုံးထပ်ညာဘက်အခြမ်းရှိ ဆန်းရှိတ်မှာ ယနေ့ နံနက် ၉နာရီ ၄၀မိနစ်ဝန်းကျင်တွင် ပြိုကျခဲ့ သည်။

ထို့အပြင်တိုင်သည် အ နောက်သို့  အနည်းငယ်တိမ်း စောင်းခဲ့သောကြောင့် တိုက်တိမ်း စောင်းသွား ရခြင်း၏ အကြောင်း ရင်းကိုကျွမ်းကျင်သူများကစုံစမ်း စစ်ဆေးဆဲဖြစ်သည်ဟု သက်ဆိုင် ရာမြို့နယ် အုပ်ချုပ်ရေးမှူးဦးသန့် စင်ကဆိုသည်။

‘‘တိုက်က မြေရှင်ကိုမေး ကြည့်တော့ ၁၉၉၉ခုနှစ်လောက် တုန်းကဆောက်ထားတယ်လို့ ပြောတယ်။ ၁၅နှစ်လောက်ပဲ ရှိဦး မှာပါ’’ဟု ၎င်းကဆိုသည်။ထိုသို့ ဖြစ်ပွားပြီးနောက် တိုက်ကိုအန္တ ရာယ်ရှိအဆောက် အအုံ ဟုသတ် မှတ်ကြောင်း   ဦးသန့်စင်က ဆို သည်။

သို့သော် ရန်ကုန်မြို့တွင်းရှိ လူနေအဆောက်အအုံများအန္တ ရာယ်ရှိအဆောက်အအုံအဖြစ် သတ်မှတ်ခြင်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မ တီကသာသတ်မှတ်ရခြင်းဖြစ် သည်။

ယင်းသို့ဖြစ်ပွားရခြင်းမှာ တိုက်ကိုတည်ဆောက်ရာတွင်အ ရည်အသွေးပြည့်မီမှု  မရှိခြင်း၊ အချိုးအဆမျှတမှု  မရှိခြင်းတို့ ကြောင့်ဖြစ်သည်ဟု တာမွေမြို့ နယ် စည်ပင်ဦးစီးမှူးက   သုံးသပ် သည်။

အဆိုပါတိုက်တွင် အိမ် ထောင်စု ၁၂စုမှ လူဦးရေ ၆၄ဦး နေထိုင်နေပြီးလက်ရှိတွင် နေထိုင် သူများကို  ပုညကာရီဓမ္မာရုံသို့ပို့ဆောင်ပေးထားသည်။

‘‘လက်ရှိကတော့ ဓမ္မာရုံမှာ နေခိုင်းထားတယ်။ ပြီးတော့မှ လူ ကြီးတွေအစည်းအဝေးထိုင်ပြီး တော့ စီစဉ်ပေး မယ်လို့ပြောထား တယ်။ခုထိတော့ နေစရာမရှိသေး ဘူး’’ဟုပြိုကျခဲ့သောအပေါ်ဆုံး ထပ်အခန်းပိုင် ရှင်ဒေါ်ခင်ခင်မြတ် ကပြောသည်။

ယခုကဲ့သို့ အနည်းငယ်ပြို ကျမှုမဖြစ်မီကလည်းယင်းတိုက် ရှေ့ကပ်ထားသောကြွေပြား များ  ပြုတ်ကျမှုဖြစ် ပွား ခဲ့ကြောင်းရပ် ကွက်အတွင်းနေထိုင်သူတစ်ဦးက ပြောသည်။

‘‘ကျွန်မတို့ ငလျင်လှုပ်မယ် ပြောတဲ့။  လပြည့်ညတုန်းကဆို ရင် အောက်မှာဆင်းနေကြတယ်’’ ဟု ဒေါ်ခင် ခင်မြတ် ကပြောသည်။

  တိုက် ဆောက်လုပ်ထား သော ကန်ထရိုက်ကို လက်ရှိတွင် စုံစမ်းစစ်ဆေးဆဲဖြစ်ပြီး   ယင်း တိုက်တွင်နေ ထိုင် သူများက တိုက် ကိုဖခင်ဖြစ်သူက ဆောက်ခဲ့ပြီး လက်ရှိတွင်  သားဖြစ်သူက ဆက် လက်တာဝန် ယူဆောင်ရွက်နေ သည်ဟုပြောသည်။

ရန်ကုန်မြို့တွင် ပြီးခဲ့သည့် ၂၀၁၂ခုနှစ်က အလုံမြို့နယ်အ ထက်ကြည့်မြင်တိုင်လမ်းမပေါ် တွင် ခြောက်နှစ် သက်တမ်းသာရှိသည့် ရှစ်ထပ်တိုက်ကန်ထရိုက် တိုက်၏ နောက်ဘေးခြမ်းအက်ကွဲ တိမ်းစောင်းခဲ့သည်။ ၂၀၁၂ခုနှစ် ဇန်န၀ါရီ ၄ရက်ကလည်း မင်္ဂလာ တောင်ညွန့်မြို့နယ်၊ မေတ္တာညွန့် ရပ်ကွက်အတွင်းရှိ လေးထပ် တိုက်အဆောက်အအုံအတွင်း ပိုင်းလှေခါးပြိုကျခဲ့သည်။ထို့အ ပြင် ၂၀၁၃ခုနှစ်ကလည်း စမ်း ချောင်းမြို့နယ် ကျွန်းတောလမ်းမ ပေါ်ရှိ ခြောက်ထပ်တိုက်ကန်ထ ရိုက်တိုက်တစ်လုံး ၏နောက်ဘေး ခြမ်း အက်ကွဲခဲ့ ဖူးသည်။

ထို့အပြင် ၂၀၁၄ဇူလိုင်၃၀ ရက်တွင် ကြည့်မြင်တိုင်မြို့နယ် ရွှေလှိုင်လမ်းရှိ နှစ်ထပ်တိုက်၏ ၀ရန်တာ လက်ရန်းပြိုကျကာ အ မျိုးသားတစ်ဦးပွဲချင်းပြီးသေဆုံးခဲ့ သည်။

၂၀၁၄ သြဂုတ်လ  ၄ရက်က လှုပ်ခတ်ခဲ့သောငလျင်ကြောင့် သင်္ဃန်းကျွန်းမြို့နယ်စံပြ ၅လမ်း ရှိ တိုက် သစ်နှစ်လုံး တိမ်းစောင်း သွားခဲ့သည်။

7Day DAILY

No comments:

Post a Comment